ကမ္ဘာ့အကြီးဆုံး Porn Site ဖြစ်သော Pornhub Website တွင် HTTPS စနစ်ဖြင့် လုံခြုံရေးမြှင့်တင်

Porn ဆိုဒ်တွေ ဝင်ကြည့်ရင် ဗိုင်းရပ်စ်တွေ ပါတတ်တယ်ဆိုတဲ့ ကြားနေကြ စကားတွေကို မေ့လိုက်ပါတော့။ ကမ္ဘာ့ အကြီးဆုံး Porn ဗီဒီယိုတွေ တင်ဆက်နေတဲ့ Pornhub ကနေ သူတို့ရဲ့ Website ရဲ့ လုံခြုံရေးမြှင့်တင်ပြီး အခြား Porn ဆိုဒ်တွေနဲ့ အပြိုင် ယှဉ်ပြိုင်နေပါတယ်။

အခြား Porn ဆိုဒ်တွေကို ဝင်ကြည့်မိရင် Virus တွေ၊ Malware တွေ ပါလာနိုင်ပေမယ့် Pornhub ကတော့ ဒါမျိုး မဖြစ်မခံပါဘူး။ သူ့ရဲ့ လုံခြုံရေးစနစ်ကို မြှင့်တင်လိုက်ပြီး ကြည့်ရှုသူ အဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို ကြားကနေ ဖြတ်ယူ ဖောက်ထွင်းခြင်း မပြုနိုင်အောင် HTTP မှ HTTPS စနစ်အဖြစ် တိုးမြှင့်လိုက်ပါတယ်။

Pornhub ဟာ တစ်ရက်လျှင် အနည်းဆုံး အကြိမ်ပေါင်း သန်း ၇၀ ကျော်ခန့် ကြည့်ရှုသူ ရှိပြီး တစ်လလျှင် ၁ ဘီလီယံ ကျော်ခန့် ဗီဒီယို ကြည့်ရှုမှု နှုန်းရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးဆုံး Porn ဆိုဒ်အနေနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့လိုလာပြီး လက်ရှိမှာလဲ လုံခြုံရေးစနစ်တွေကို အဆင့်မြှင့်နေပါတာယ်။ Pornhub ရဲ့ ဆိုဒ်ကို hack နိုင်မယ်ဆိုရင် ဆုတော်ငွေ ရရှိအုံးမှာ ဖြစ်ပြီး Porn ဆိုဒ်တွေထဲမှာ လုံခြုံရေးအမြင့်ဆုံး ဝက်ဘ်ဆိုဒ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

Zawgyi Font : ကမၻာ႕အၾကီးဆံုး Porn Site ျဖစ္ေသာ Pornhub Website တြင္ HTTPS စနစ္ျဖင့္ လံုျခံဳေရးျမွင့္တင္

Porn ဆိုဒ္ေတြ ၀င္ၾကည့္ရင္ ဗိုင္းရပ္စ္ေတြ ပါတတ္တယ္ဆိုတဲ့ ၾကားေနၾက စကားေတြကို ေမ့လိုက္ပါေတာ့။ ကမၻာ႕ အၾကီးဆံုး Porn ဗီဒီယိုေတြ တင္ဆက္ေနတဲ့ Pornhub ကေန သူတို႕ရဲ႕ Website ရဲ႕ လံုျခံဳေရးျမွင့္တင္ျပီး အျခား Porn ဆိုဒ္ေတြနဲ႕ အျပိဳင္ ယွဥ္ျပိဳင္ေနပါတယ္။

အျခား Porn ဆိုဒ္ေတြကို ၀င္ၾကည့္မိရင္ Virus ေတြ၊ Malware ေတြ ပါလာႏုိင္ေပမယ့္ Pornhub ကေတာ့ ဒါမ်ိဳး မျဖစ္မခံပါဘူး။ သူ႕ရဲ႕ လံုျခံဳေရးစနစ္ကို ျမွင့္တင္လိုက္ျပီး ၾကည့္ရႈသူ အဖြဲ႕၀င္ေတြရဲ႕ အခ်က္အလက္ေတြကို ၾကားကေန ျဖတ္ယူ ေဖာက္ထြင္းျခင္း မျပဳႏုိင္ေအာင္ HTTP မွ HTTPS စနစ္အျဖစ္ တိုးျမွင့္လုိက္ပါတယ္။

Pornhub ဟာ တစ္ရက္လွ်င္ အနည္းဆံုး အၾကိမ္ေပါင္း သန္း ၇၀ ေက်ာ္ခန္႕ ၾကည့္ရႈသူ ရွိျပီး တစ္လလွ်င္ ၁ ဘီလီယံ ေက်ာ္ခန္႕ ဗီဒီယို ၾကည့္ရႈမႈ ႏႈန္းရွိပါတယ္။ ဒါေၾကာင့္ ကမၻာ႕အၾကီးဆံုး Porn ဆိုဒ္အေနနဲ႕ လံုျခံဳေရးကို ျမွင့္တင္ဖို႕လိုလာျပီး လက္ရွိမွာလဲ လံုျခံဳေရးစနစ္ေတြကို အဆင့္ျမွင့္ေနပါတာယ္။ Pornhub ရဲ႕ ဆိုဒ္ကို hack ႏုိင္မယ္ဆိုရင္ ဆုေတာ္ေငြ ရရွိအံုးမွာ ျဖစ္ျပီး Porn ဆိုဒ္ေတြထဲမွာ လံုျခံဳေရးအျမင့္ဆံုး ၀က္ဘ္ဆိုဒ္တစ္ခုလို႕ ဆိုႏုိင္ပါတယ္။

Leave a comment

Your email address will not be published. Required fields are marked *