မွန်ပြည်နယ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်အားအလိုမရှိဟု မော်လမြိုင်မြို့၌ ဆန္ဒပြမှုဖြစ်

မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သော မွန်ပြည်နယ်နေ့တွင် မော်လမြိုင်မြို့၌ သံလွင်တံတား( ချောင်းဆုံ) အား ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေး ခြင်းအား မွန်လူမျိုးတို့မှ ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရှိရပါတယ်။ မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်ကမ်းနားလမ်းရှိ စာပေဟောပြောပွဲလုပ်သော နေရာမှာ စတင်၍ စုရပ်လုပ်ကာ ကမ်းနားလမ်းတစ်လျှောက် မွန်ရဟန်းသံဃာတော်များနှင့် မွန်လူမျိုး ၂သောင်း ကျော် (ခန့်မှန်း) စီတန်းဆန္ဒပြခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတံတား အမည် အလိုမရှိ၊ ၊ဒေသခံတိုင်းရင်းသားတို့၏ ဆန္ဒအသိအမှတ်ပြုရေး ဒို့အရေး၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဒို့အရေး၊စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းရေး ဒို့အရေး၊အမျိုးသား ရင်ကြားစေ့ရေး ဒို့အရေး ဟု ကြွေးကြော်သံများကို အော်ဟစ်ကာ ဆန္ဒပြခြင်း ဖြစ်သည်။ မွန်ပြည်နယ် ၁၀ မြို့နယ်မှ မွန်လူမျိုးများ ပူးပေါင်းကာ ဆန္ဒပြတယ်လို့ သိရှိရပါတယ်။

ဆန္ဒပြ မွန်ရဟန်းသံဃာများအား တွေ့ရစဉ်
ဆန္ဒပြ မွန်ရဟန်းသံဃာများအား တွေ့ရစဉ်

Zawgyi font : မြန္ျပည္နယ္ေန႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားအမည္အားအလိုမရွိဟု ေမာ္လျမိဳင္ျမိဳ႕၌ ဆႏၵျပမႈျဖစ္

မတ္လ ၁၉ ရက္ေန႕တြင္ က်ေရာက္ေသာ မြန္ျပည္နယ္ေန႕တြင္ ေမာ္လျမိဳင္ျမိဳ႕၌ သံလြင္တံတား( ေခ်ာင္းဆံု) အား ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားအမည္ေပး ျခင္းအား မြန္လူမ်ိဳးတို႕မွ ကန္႕ကြက္ဆႏၵျပခဲ့ေၾကာင္း သိရွိရပါတယ္။ မတ္လ ၁၉ ရက္ေန႕ နံနက္ပုိင္းတြင္ ေမာ္လျမိဳင္ကမ္းနားလမ္းရွိ စာေပေဟာေျပာပြဲလုပ္ေသာ ေနရာမွာ စတင္၍ စုရပ္လုပ္ကာ ကမ္းနားလမ္းတစ္ေလွ်ာက္ မြန္ရဟန္းသံဃာေတာ္မ်ားႏွင့္ မြန္လူမ်ိဳး ၂ေသာင္း ေက်ာ္ (ခန္႕မွန္း) စီတန္းဆႏၵျပခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတား အမည္ အလိုမရွိ၊ ၊ေဒသခံတိုင္းရင္းသားတို႔၏ ဆႏၵအသိအမွတ္ျပဳေရး ဒို႔အေရး၊တိုင္းရင္းသား စည္းလုံးညီၫြတ္ေရး ဒို႔အေရး၊စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စုစနစ္ေပၚထြန္းေရး ဒို႔အေရး၊အမ်ိဳးသား ရင္ၾကားေစ့ေရး ဒို႔အေရး ဟု ေၾကြးေၾကာ္သံမ်ားကို ေအာ္ဟစ္ကာ ဆႏၵျပျခင္း ျဖစ္သည္။ မြန္ျပည္နယ္ ၁၀ ျမိဳ႕နယ္မွ မြန္လူမ်ိဳးမ်ား ပူးေပါင္းကာ ဆႏၵျပတယ္လို႕ သိရွိရပါတယ္။

Leave a comment

Your email address will not be published.