Quantum Computer ဆိုတာဘာလဲ။

ဒီနေ့ လူတွေအသုံးပြုနေကြတဲ့ ကွန်ပျူတာတွေက သာမန်ကွန်ပျူတာတွေ ဖြစ်ပါတယ်။ Quantum Computer ဆိုတာက super computer တွေဖြစ်ပါတယ်။ သာမန်ကွန်ပျူတာတစ်လုံးက bit system ကို သုံး​ပြီး 0 နဲ့ 1 ကို တွက်ချက်ပါတယ်။ ဥပမာ 4 bit ရှိတယ်ဆိုပါစို့။ သာမန်ကွန်ပျူတာတစ်လုံးက 0 နဲ့ 1 နဲ့ပေါင်းစပ်ပြီး ထွက်လာတဲ့အဖြေတွေဖြစ်တဲ့ 0000, 0001, 0010, 0011, 00100 နဲ့ ဖြစ်နိုင်ချေရှိတဲ့ ဂဏန်းမြောက်များစွာကို တွက်ချက်ပေးပါတယ်။

Quantum Bit ဆိုတာကလည်း ဒီအတိုင်း 0 နဲ့ 1 ကို တွက်ချက်ပေးပါတယ်။ ဒါပေမယ့် Quantum bit ကတော့ 0 နဲ့ 1 ကို ပေါင်းစပ်ပြီး ဂဏန်းတစ်ခုနဲ့ နေပါတယ်။ ဆိုလိုတာက 0 ဆိုလည်း ဟုတ်ပြီး 1 ဆိုလည်းဟုတ်ပါတယ်။ ဒီလိုပြောလို့စာဖတ်သူတို့ ခေါင်းရှုပ်သွားနိုင်ပါတယ်။ ဥပမာတစ်ခုပြောပြရမယ်ဆိုရင် အကြွေစေ့ကို ခေါင်းပန်းလှန်တာနဲ့တူပါတယ်။ လေပေါ်အကြွေစေ့ရောက်နေတဲ့အခါမှာ ခေါင်းလား ပန်းလားဆိုတာ တပ်အပ်ပြောလို့မရပါဘူး။ ခေါင်းလည်းဖြစ်နိုင်သလို ပန်းလည်းဖြစ်နိုင်ပါတယ်။ လက်ထဲရောက်တဲ့အခါမှ ခေါင်းဆိုခေါင်းဖြစ်ပြီး ပန်းဆိုပန်း အနေနဲ့ အဖြေက တစ်ခုတည်း ဖြစ်သွားပါတယ်။ အခုပြောတဲ့အကြောင်းအရာနဲ့ ကွန်ပျူတာနဲ့ ဘယ်လိုသက်ဆိုင်နေလဲဆိုတာ ပြောပြပေးသွားပါမယ်။

အပေါ်မှာ ပြောခဲ့တဲ့ 4bit ဂဏန်းတွေ ဖြစ်တဲ့ 0000, 0001, 0010 တွေနဲ့ အဆများစွာ ရှိတဲ့ 0 နဲ့ 1 ပါတဲ့ ဂဏန်းတွေကို သာမန်ကွန်ပျူတာတစ်ခုနဲ့ တွက်ချက်မယ်ဆိုပါစို့။ သာမန်ကွန်ပျူတာတစ်လုံးက မှန်တဲ့အချိန်ထိ ဂဏန်းတွေကို တွက်ချက်ပေးပါမယ်။ မှားရင်မှားတဲ့အကြောင်း အကြောင်းကြားပါတယ်။ Quantum Computer မှာဆိုရင်တော့ 4bit ဂဏန်းအားလုံးကို တစ်ပြိုင်နက်တည်းတွက်ချက်နိုင်ပါတယ်။ ကွန်ပျူတာက 0 နဲ့ 1 ကို တစ်ပြိုင်တည်း မြင်ရတာကြောင့် အဖြေက မှန်တာရော မှားတာရော ပြပါလိမ့်မယ်။ အဖြေမှန်ကို သိချင်ရင်တော့ grover operator နဲ့အတူတွဲသုံးရပါမယ်။ Grover Operator က အဖြေမှန်ကို ချန်ပြီး ကျန်တဲ့အဖြေမှားတွေဖြစ်တဲ့ ဂဏန်းကို ဖယ်ရှားလိုက်ပါတယ်။ ဒီလိုလုပ်ဖို့ သာမန်ကွန်ပျူတာနဲ့ လုပ်မယ်ဆိုရင် နှစ်ပေါင်းများစွာ ကြာနိုင်ပြီး Quantum Computer နဲ့ တွက်ချက်မယ်ဆိုရင် စက္ကန့်ပိုင်းအတွင်း အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။

Quantum Computer တွေကို ဘယ်နေရာမှာသုံးလဲ ?

Quantum Computer တွေကို Google Map တွေမှာအသုံးပြုပါတယ်။ ဥပမာ တစ်နေရာမှ တစ်နေရာကို Google Map မှာကြည့်မယ်ဆိုရင် အနီးဆုံးလမ်းကို အချိန်ဘယ်လောက်ကြာကြာနဲ့ သွားနိုင်လဲ၊ ဘယ်လမ်းက ဘယ်လောက်ကြာလဲဆိုတာ လမ်းကြောင်းလေးထောက်လိုက်တာနဲ့ မြင်နိုင်ပါတယ်။ သာမန်ကွန်ပျူတာ တစ်လုံးဆိုရင် တစ်လမ်းချင်းစီ တွက်ချက်နေပြီး အဖြေကို တစ်ခုချင်းစီပဲ ပေးနိုင်ပါတယ်။ Quantum Computer ကတော့ တစ်ပြိုင်တည်း အားလုံးတွက်ချက်ပေးနိုင်တာကြောင့် အဖြေအားလုံးကို တစ်ပြိုင်နက်တည်း မြင်နိုင်တာဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်း အခုအလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတွေမှာပါတဲ့ ကွန်ပျူတာတွေကလည်း Quatum Computer တွေပဲ ဖြစ်ပါတယ်။

 

Artificial Intelligence နဲ့ Quantum Computer ကလည်း ဆက်စပ်နေပါတယ်။ Quantum Computer တစ်လုံးက ဖြစ်နိုင်ချေအဖြေအားလုံးကို တစ်ပြိုင်နက်တည်းတွက်ချက်နိုင်ပါတယ်။ Artifical Intelligence က program တွေထည့်ပြီး အကောင်းဆုံးအဖြေကို ရွေးချယ်နိုင်စွမ်းရှိပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကိုယ်ပိုင် အသိဉာဏ်ဦးနှောက်နဲ့ စဉ်းစားနိုင်စွမ်းရှိတဲ့ စက်ရုပ်တွေဖြစ်လာပါတယ်။ ဒီစက်ရုပ်တွေက လူတွေရဲ့အလုပ်တွေမှာ အစားထိုးလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေပါ တစ်ချိန်မှာ ပျောက်ကွယ်သွားနိုင်ပါတယ်။

အချုပ်ပြောရမယ်ဆိုရင်တော့ Quantum Computer ဆိုတာ အဖြေတွေအားလုံးနဲ့ ဖြစ်နိုင်ချေသန်းပေါင်းများစွာကို တစ်ပြိုင်နက်တည်းမှာ အချိန်တိုအတွင်းတွက်ချက်နိုင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *