Pioneer ရဲ့ ကမ္ဘာ့ပထမဆုံး Lightning Conference စပီကာ

Apple အသုံးပြုသူတွေ တောင်းတနေတဲ့ Apple အတွက်သီးသန့် speaker လေးထွက်လာပါပြီး။ Rayz Rally လို့ခေါ်တဲ့ ဒီ speaker လေးဟာ Iphone,Mac,PC နဲ့ Ipad တွေရဲ့ အသံကို ကြည်လင်ပြတ်သားစွာ ချဲ့ထွင်ပေးမှာဖြစ်ပါတယ်။

iphone-speaker

ဒီ speaker လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ အစည်းအဝေး ငယ်လေး ပြုလုပ်ခြင်း၊ အလုပ်ကိစ္စတစ်ခုခုကို လူအနည်းငယ်နဲ့ ဆွေးနွေးတိုင်ပင် တဲ့အခါမှာ အသုံးပြုဖို့ဖြစ်ပါတယ်။ Rally ဟာ Bluetooth speaker မဟုတ်ပါဘူး။ Apple device နဲ့ တိုက်ရိုက် plug ထိုးပြီးအသုံးပြုရမှာဖြစ်ပါတယ်။ Rally ကိုအသုံးပြုရင်း မိမိရဲ့ဖုန်းကိုလဲအားသွင်းချင်တယ်ဆိုရင်လည်းရပါတယ်။

Rally ရဲ့အခြားတစ်ဖက်မှာ အားသွင်းဖို့ အပေါက်အပိုပါပါတယ်။ Rally ဟာဖုန်း၏သာမန်အသံကို ပိုပြီးချဲ့ချင်သူများအတွက်အရမ်း အဆင်ပါတယ်။ အရွယ်ပမာဏကလည်း အလွန်သေးပြီး smart ကျတဲ့အတွက် သယ်ဆောင်ရလွယ်ကူပါတယ်။ Rally ကို အစည်းအဝေးမှာတင်မက video call ပြောခြင်း၊ သီချင်းနားထောင်ခြင်း၊ video ကြည့်ခြင်း စသည့် နေရာများတွင်လည်း အသုံးပြုလို့ရပါတယ်။

Zawgyi Font : Pioneer ရဲ့ ကမ္ဘာ့ပထမဆုံး Lightning Conference စပီကာ




Leave a comment

Your email address will not be published. Required fields are marked *