အများပြည်သူတွေ အပူမီးတောက်နေချိန်အိန္ဒိယ ဝန်ကြီးဟောင်း တစ်ဦးက ဒေါ်လာ ၇၅ သန်းအကုန်ခံကာ သမီး မင်္ဂလာဆောင် ကျင်းပ

အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ သတ္တုတွင်း လုပ်ငန်းရှင် အကျော်အမော် တစ်ဦး ဖြစ်တဲ့ Gali Janardhan Reddy  က လွန်ခဲ့တဲ့ ဗုဒဟူးနေ့မှာ သူရဲ့ တစ်ဦးတည်း သော သမီး မင်္ဂလာပွဲကို ဒေါ်လာ ၇၅ သန်းအကုန်အကျခံ ကျင်းပခဲ့တယ်လို့ နိုဝင်ဘာ ၁ရရက်နေ့ထုတ် The Express Tribute အရ သိရပါတယ်။  ငွေစက္ကူ ရူပီ ၅၀၀ နဲ့ ၁ဝဝဝတန်တွေကို အစိုးရက တရားမဝင်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့တဲ့အတွက် အိန္ဒိယပြည်သူတွေ အပူမီးတောက်နေချိန်မှာ ယခုလို ကျင်းပလိုက်တဲ့အတွက် ပြည်သူများအကြားဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ပရိတ်သတ် ၅၀၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ယူဆရတဲ့ အဲဒီမင်္ဂလာပွဲကို အိန္ဒိယတောင်ပိုင်းက Tuder စတိုင် ပိသုကာလက်ရာနဲ့တည်ဆောက်ထားတဲ့ Bangalore  နန်းတော်မှာ ကျင်းပခဲ့တာ ဖြစ်ပါ တယ်။ ဒေသမီဒီယာများကတော့ ပြည်သူများအပူမီးတောက်ချိန်မှာ ကျင်းပလိုက်သည့်အတွက် ဝေဖန်ခဲ့ကြ ပါတယ်။ Reddy ကတော့ သူ့ရဲ့တစ်ဦးတည်းသောသမီး မင်္ဂလာဆောင်ကို ပြည်သူအများ အမှတ်ရစေချင်လို့ ယခုလို ကျင်းပရတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ Reddy ဟာ Kamataka ပြည်နယ် တောင်ပိုင်းမှာ BJP ပါတီ အာဏာရစဉ်က ဝန်ကြီးဟောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။ သတ္တုတွင်းလုပ်ငန်းမှာ ငွေကြေး မရိုးသားမှုနဲ့ ထောင်(၃)နှစ်ကျခံခဲ့ရပြီး မနှစ်ကမှ ခံဝန်နဲ့ လွတ်လာခဲ့သူလည်းဖြစ်ပါတယ်။
Reddy  က ကုန်ကျစရိတ်ကို သတင်းထောက်များအားပြောပြဖို့ ငြင်းဆိုခဲ့ပြီး အခွန်အာဏာ ပိုင်များကို အားလုံးထုတ်ဖေါ်ကြေငြာသွားမယ်လို့ ဆိုပါတယ်။ တက်ကြွလှုပ်ရှားသူ T. Narasimha Murthy ကတော့ ကုန်ကျစရိတ် ရူပီ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၅ သန်း) ခန့် ကုန်ကျလိမ့်မယ်လို့ဆိုပါတယ်။ Murthy  ကသူတို့လို တက်ကြွလှုပ်ရှားသူ တွေနဲ့ မီဒီယာတွေကို ကာကွယ်ဖို့အတွက် ပွဲထိန်း ၃ဝဝဝနဲ့ လုံခြုံရေးအစောင့်အရှောက်တွေ ချထားကြောင်းနဲ့ အခွန်ဆိုင်ရာ အာဏာပိုင်တွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုသွားမယ်လို့ဆိုပါတယ်။

wedding

wedding

ဘင်္ဂလော နန်းတော် အဆောက်အဦးပုံ

Leave a comment

Your email address will not be published. Required fields are marked *