Roland ကုမ္ပဏီ တည်ထောင်သူ Ikutaro Kakehashi ကွယ်လွန်

Roland အမှတ်တံဆိပ်ကို လူတိုင်းနီးပါး သိကြမှာပါ။ ဂီတတူရိယာနဲ့ ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်ပြီး အီလက်ထရောနစ် နည်းပညာနဲ့ပေါင်းစပ်ပြီး ဂီတလောကကို ဆန်းသစ်စေခဲ့တဲ့ ဂျပန်အခြေစိုက် ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ ၂ ရက်နေ့ မှာတော့ Roland ကုမ္ပဏီကို တည်ထောင်သူ Ikutaro Kakehashi တစ်ယောက် အသက် ၈၇ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

Hiphop ဂီတအမျိုးအစားနဲ့ Electro အမျိုးအစားတွေကို ဖန်တီးဖို့အတွက် အီလက်ထရောနစ် တူရိယာပစ္စည်းအသစ်ကိုလည်း Ikutaro Kakehashi  ကဘဲ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Roland မှ ထုတ်တဲ့ ပစ္စည်းတွေကြောင့် ဂီတတွေကို ဖန်တီးရာမှာ ပိုမိုလွယ်ကူမှု ရှိခဲ့ပြီး နောက်ပိုင်းမှာမှ အခြား ပြိုင်ဘက် ကုမ္ပဏီများစွာက Roland က ထုတ်တဲ့အတိုင်း ပုံစံဆင်တဲ့ တူရိယာပစ္စည်းတွေကို ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အစောပိုင်းကာလမှာ Roland ဟာ ဂီတတူရိယာထုတ်လုပ်တဲ့ လောကမှာ ဘုရင်ကြီးတစ်ဆူဖြစ်ခဲ့ပါတယ်။ ယခုအချိန်ထိလည်း ပြိုင်ဘက် ကုမ္ပဏီများစွာတို့က Roland တည်ထောင်သူ Ikutaro Kakehashi  ကို အထင်ကြီးလေးစားနေရတုန်းဘဲ ဖြစ်ပါတယ်။

Zawgyi Font : Roland ကုမ္ပဏီ တည်ထောင်သူ Ikutaro Kakehashi ကွယ်လွန်



 

Leave a comment

Your email address will not be published. Required fields are marked *