Russia ရဲ့ လက်နက်အသစ် ထုတ်လုပ်ရေးမှာ ကုန်ကြမ်းဖြစ်တဲ့ ကာဗွန်ဖိုင်ဘာ ပြတ်လပ်။

ရရှားနိုင်ငံက အသံထက်မြန်တဲ့ ဒုံးကျည်အမျိုးအစား (Hypersonic Weapon) လက်နက်တစ်ခုကို ထုတ်လုပ်နေပါတယ်။ ဒီဒုံးကျည်ကို Avangard လို့လည်းခေါ်ပြီး လက်ရှိကမ္ဘာမှာရှိတဲ့ ဒုံးကျည်တွေထဲမှာ အမြန်ဆုံးဖြစ်ပါတယ်။ ဒီဒုံးကျည်လက်နက်အမျိုးအစားကို မကြာသေးမီကပဲ ရရှားစစ်တပ်က စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ ရရှားနိုင်ငံ သမ္မတ ပူတင်ကိုယ်တိုင်က ဒီစမ်းသပ်ချက်ကို အမိန့်ပေးပြီး စမ်းသပ်စေခဲ့ပါတယ်။

Hypersonic Weapon ကို carbon fiber နဲ့ ပြုလုပ်ထားပြီး အသံနှုန်းထက် အဆနှစ်ဆယ်မြန်တယ်လို့လည်း သိရပါတယ်။ ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှာတော့ ဒီလက်နက်တွေကို မြင်တွေ့ရမယ်လို့ ရရှားသမ္မတကိုယ်တိုင် မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒီလက်နက်ထုတ်လုပ်တဲ့အပိုင်းမှာ ကုန်ကြမ်းဖြစ်တဲ့ ကာဗွန်ဖိုင်ဘာတွေ အဓိက လိုအပ်နေပြီး ထုတ်လုပ်မှုက ကြန့်ကြာနေပါတယ်။ အမေရိကန်ထောက်လှမ်းရေးတွေရဲ့ ပြောကြားချက်အရတော့ ရရှားက ဒီလိုလက်နက်မျိုးကို အခုရေ (၆၀)ထက် ပိုမထုတ်ဘူးလို့လည်း သိရပါတယ်။ အကြောင်းရင်းကတော့ ဒီလိုလက်နက်မျိုး ထုတ်တဲဲ့ ကုန်ကျစရိတ်က ကြီးမားလွန်းတာကြောင့်ဖြစ်ပါတယ်။

 

Leave a comment

Your email address will not be published.