ရုရှား၏ နူကလိယားမဟုတ်သော FOAB ဗုံး၏ အဖျက်စွမ်းအား

အမေရိကန်မှာ နူကလိယားမဟုတ်သော အပြင်းထန်ဆုံးဗုံးဖြစ်တဲ့ MOAB ဗုံးရှိသလို ရုရှားတို့ကလည်း အမေရိကန်ရဲ့ MOAB ဗုံးထက် ၄ ဆ အဖျက်စွမ်းအားရှိတဲ့ FOAB ဗုံးကို တီထွင်ထားပါတယ်။ FOAB ဗုံးဟာ thermobaric ဗုံးအမျိုးအစား ဖြစ်ပြီး နူကလိယားပြီးရင် အပြင်းထန်ဆုံး ဗုံးအမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။

၂၀၀၇ ခုနှစ်ထဲက ရုရှားမှ တီထွင်ဖန်တီးခဲ့ပြီး တန်ချိန် ၄၄ တန် အလေးချိန်ရှိပါတယ်။ Thermobaric ဗုံးအမျိုးအစား ဖြစ်တဲ့အတွက် အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်စေဖို့ လေထုထဲက အောက်စီဂျင်ကို အသုံးချကာ ဘေးပတ်ဝန်းကျင်ကို လှိုင်းများအဖြစ် ပြန့်ကျဲ ပေါက်ကွဲစေတာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကတော့ နူကလိယားဗုံးပုံစံအတိုင်းဖြစ်ပေမယ့် နူကလိယားလိုမျိုး ရေဒီယိုသတ္တိကြွမှု မဖြစ်ဘူးလို့ဆိုပါတယ်။

foab

အမေရိကန် စစ်တပ်ရဲ့ ပြောရေးဆိုရေးရှိသူ အရာရှိတစ်ယောက်ကတော့ ရုရှားအနေနဲ့ ဒီလို ပြင်းထန်တဲ့ လက်နက်မျိုးရှိတယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါမျိုး လက်နက်ထုတ်နိုင်တယ်ဆိုတာ သံသယဖြစ်ဖွယ် အကြောင်းမရှိပါဘူး။ ဒါဟာ ရုရှားတွေရဲ့ တည်ဆောက်ထားတဲ့ ကိုယ်ပိုင် စွမ်းရည်နဲ့ နည်းပညာ ဖြစ်ပါတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

FOAB ဗုံးရဲ့ ပေါက်ကွဲမှုဟာ အချိန်အနည်းငယ်ကြာမြင့်ပြီး ပတ်ဝန်းကျင်ကို အလွန်မြင့်မားတဲ့ အပူချိန်အဖြစ် ပေါက်ကွဲစေပါတယ်။ ဒါ့အပြင် အရာအားလုံးဟာ အငွေ့ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုတာက FOAB ဗုံးတစ်လုံးချလိုက်တာနဲ့ ဘယ်အရာမှ ကျန်ရှိမှာ မဟုတ်ပါဘူး။ ရှိသမျှ ပတ်ဝန်းကျင်က အရာဝတ္ထုမှန်သမျှ အငွေ့ဖြစ်သွားပါလိမ့်မယ်။ နူကလိယားဗုံးရဲ့ စွမ်းဆောင်ရည်နဲ့ အတူတူလောက်ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ အမေရိကန်တွေက MOAB ဗုံးကို တီထွင်စမ်းသပ်နေချိန်မှာ ရုရှားတွေက ၂၀၀၇ ခုနှစ်မှာ FOAB ဗုံးဆိုပြီး ဆန့်ကျင်ဘက် ဗုံးအမည်ပေးခဲ့တာ ဖြစ်ပါတယ်။ MOAB ရဲ့ အရှည်ကောက်က Mother of All Bombs ဖြစ်ပြီး FOAB ကတော့ Father of All Bombs ဖြစ်ပါတယ်။

Zawgyi Font : ရုရွား၏ ႏူကလိယားမဟုတ္ေသာ FOAB ဗံုး၏ အဖ်က္စြမ္းအား

အေမရိကန္မွာ နူကလိယားမဟုတ္ေသာ အျပင္းထန္ဆံုးဗံုးျဖစ္တဲ့ MOAB ဗံုးရွိသလို ရုရွားတို႕ကလည္း အေမရိကန္ရဲ႕ MOAB ဗံုးထက္ ၄ ဆ အဖ်က္စြမ္းအားရွိတဲ့ FOAB ဗံုးကို တီထြင္ထားပါတယ္။ FOAB ဗံုးဟာ thermobaric ဗံုးအမ်ိဳးအစား ျဖစ္ျပီး ႏူကလိယားျပီးရင္ အျပင္းထန္ဆံုး ဗံုးအမ်ိဳးအစားလို႕ သတ္မွတ္ႏုိင္ပါတယ္။

၂၀၀၇ ခုႏွစ္ထဲက ရုရွားမွ တီထြင္ဖန္တီးခဲ့ျပီး တန္ခ်ိန္ ၄၄ တန္ အေလးခ်ိန္ရွိပါတယ္။ Thermobaric ဗံုးအမ်ိဳးအစား ျဖစ္တဲ့အတြက္ အလြန္ျပင္းထန္တဲ့ ေပါက္ကြဲမႈျဖစ္ေစဖို႕ ေလထုထဲက ေအာက္စီဂ်င္ကို အသံုးခ်ကာ ေဘးပတ္၀န္းက်င္ကို လိႈင္းမ်ားအျဖစ္ ျပန္႕က်ဲ ေပါက္ကြဲေစတာ ျဖစ္ပါတယ္။ ေပါက္ကြဲမႈကေတာ့ နူကလိယားဗံုးပံုစံအတိုင္းျဖစ္ေပမယ့္ ႏူကလိယားလိုမ်ိဳး ေရဒီယိုသတၱိၾကြမႈ မျဖစ္ဘူးလို႕ဆိုပါတယ္။

foab

အေမရိကန္ စစ္တပ္ရဲ႕ ေျပာေရးဆိုေရးရွိသူ အရာရွိတစ္ေယာက္ကေတာ့ ရုရွားအေနနဲ႕ ဒီလို ျပင္းထန္တဲ့ လက္နက္မ်ိဳးရွိတယ္ဆိုတာ ယံုၾကည္ပါတယ္။ ဒါမ်ိဳး လက္နက္ထုတ္ႏုိင္တယ္ဆိုတာ သံသယျဖစ္ဖြယ္ အေၾကာင္းမရွိပါဘူး။ ဒါဟာ ရုရွားေတြရဲ႕ တည္ေဆာက္ထားတဲ့ ကိုယ္ပုိင္ စြမ္းရည္နဲ႕ နည္းပညာ ျဖစ္ပါတယ္လို႕ မွတ္ခ်က္ျပဳခဲ့ပါတယ္။

FOAB ဗံုးရဲ႕ ေပါက္ကြဲမႈဟာ အခ်ိန္အနည္းငယ္ၾကာျမင့္ျပီး ပတ္၀န္းက်င္ကို အလြန္ျမင့္မားတဲ့ အပူခ်ိန္အျဖစ္ ေပါက္ကြဲေစပါတယ္။ ဒါ့အျပင္ အရာအားလံုးဟာ အေငြ႕ျဖစ္သြားပါလိမ့္မယ္။ ဆိုလိုတာက FOAB ဗံုးတစ္လံုးခ်လိုက္တာနဲ႕ ဘယ္အရာမွ က်န္ရွိမွာ မဟုတ္ပါဘူး။ ရွိသမွ် ပတ္၀န္းက်င္က အရာ၀တၳဳမွန္သမွ် အေငြ႕ျဖစ္သြားပါလိမ့္မယ္။ ႏူကလိယားဗံုးရဲ႕ စြမ္းေဆာင္ရည္နဲ႕ အတူတူေလာက္ျဖစ္ပါတယ္။

၂၀၀၃ ခုႏွစ္မွာ အေမရိကန္ေတြက MOAB ဗံုးကို တီထြင္စမ္းသပ္ေနခ်ိန္မွာ ရုရွားေတြက ၂၀၀၇ ခုႏွစ္မွာ FOAB ဗံုးဆိုျပီး ဆန္႕က်င္ဘက္ ဗံုးအမည္ေပးခဲ့တာ ျဖစ္ပါတယ္။ MOAB ရဲ႕ အရွည္ေကာက္က Mother of All Bombs ျဖစ္ျပီး FOAB ကေတာ့ Father of All Bombs ျဖစ္ပါတယ္။

Leave a comment

Your email address will not be published. Required fields are marked *