အမေရိကန်ရဲ့ MOAB ဗုံးထက် ၄ဆပိုမိုပြင်းထန်သော ရုရှား၏ FOAB ဗုံးကို ပြသ
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အာဖကန်နစ္စတန်ရှိ ISIS များကို အမေရိကန်မှ MOAB ဗုံးနဲ့ ပစ်ချပြီးလိုက်နောက်မှာ ရုရှားကလဲ FOAB ဗုံးဆိုတာကို ယခုအချိန်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ အမေရိကန်အနေနဲ့ MOAB ဗုံးဟာ နူကလိယား မဟုတ်သော အပြင်းထန်ဆုံး ဗုံးလို့ ဖော်ပြထား့ပြီး အရှည်ကောက်အားဖြင့် Mother of All Bombs လို့ အဓိပ္ပာယ်ရပါတယ်။ ရုရှားရဲ့ FOAB ကတော့ Father of All Bombs ဟု အဓိပ္ပာယ်ရပြီး အမေရိကန်ရဲ့ MOAB ဗုံးထက် ၄ ဆပိုမိုပြင်းထန်လို့ ကြေငြာလိုက်ပါတယ်။
FOAB ဗုံးကို နူကလိယားလက်နက်တွေကို ဖျက်စီးဖို့ တီထွင်ထားတာ ဖြစ်ပြီး ရေဒီယိုသတ္တိကြွမှုကိုလည်း မဖြစ်စေဘူးလို့ ဆိုပါတယ်။ MOAB ဗုံးရဲ့ အလေးချိန်ဟာ ၁၁ တန်နီးပါးရှိပြီး ရုရှားတို့ရဲ့ FOAB ဗုံးကတော့ တန်ချိန်ပေါင်း ၄၄ တန်ရှိပါတယ်။ ၂၀၀၇ ခုနှစ်ထဲက စတင်တီထွင်နေတာ ဖြစ်ပြီး အချင်းပေ ၁ထောင်အထိ ပေါက်ကွဲဖျက်စီးနိုင်ပါတယ်။
ပေါက်ကွတဲ့ပုံစံကတော့ နူကလိယားလက်နက်နဲ့အသွင်တူပြီး နူကလိယားတော့မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင် ပတ်ချာလည်ကို Short Waves များအနေနဲ့ ပေါက်ကွဲစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် FOAB နဲ့ MOAB ဗုံးတို့ရဲ့ အသုံးပြုပုံ ရည်ရွယ်ချက်ကလဲ မတူညီဘဲ ပေါက်ကွဲမှု ပုံစံဟာလည်း မတူညီပါဘူး။
Zawgyi Font: အမေရိကန်ရဲ့ MOAB ဗုံးထက် ၄ဆပိုမိုပြင်းထန်သော ရုရှား၏ FOAB ဗုံးကို ပြသ
foab
Leave a comment
Your email address will not be published. Required fields are marked *