Samsung ရဲ့ ကွေးလို့ရတဲ့ ဖုန်းဖြစ်တဲ့ Galaxy Fold၏ Screen တွင် ပြဿနာရှိနေကြောင်း သတင်းများထွက်ရှိ

ပြီးခဲ့တဲ့အပတ်ကမှ မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့နောက်ဆုံးပေါ်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ကွေးလို့ရတဲ့ ဒေါ်လာ ၂၀၀၀တန် Galaxy Fold ၏ Display မှာပြဿနာဖြစ်နေကြောင်း အသုံးပြုသူတွေက Twitter လူမှုကွန်ရက်မှာ ပြောဆိုလာကြတာဖြစ်ပါတယ်။ အသုံးပြုသူတွေပြောပြချက်အရ အစပိုင်းမှာ ဘာမှမဖြစ်ပေမယ့် တစ်ရက် လောက် သုံးပြီးတဲ့အခါ မှန်မှာအက်ကွဲကြောင်းလို အစင်းရာအပြင် Display တစ်ခြမ်းဟာ ဘာမှမလာတော့တဲ့ ပြဿနာတွေဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ အဲဒီပြဿနာနဲ့ ပတ်သက်ပြီး Samsung ကို တာဝန်ယူပေးဖို့အတွက် တောင်းဆိုနေကြတာဖြစ်ပါတယ်။ Twitter မှာ တင်ထားတဲ့သူတွေကတော့-

Bloomberg ကုမ္ပဏီမှ Mark Gurman:

The Verge မှ Dieter Bohn:

CNBC မှ Steve Kovach:

တို့ပဲဖြစ်ပါတယ်။ Samsung ကတော့ ဒါနဲ့ပတ်သက်ပြီး အသုံးပြုသူတွေဘက်မှ Error လား ၎င်းတို့ရဲ့ Error လား ဆိုတာ သိရဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Samsung ဟာ ဒီနည်းပညာကို တီထွင် နေတဲ့အချိန်အတွင်းမှာပဲ တရုတ်တွေရဲ့နည်းပညာကိုခိုးယူခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ် ကုမ္ပဏီ တွေက မဦးခင်မှာ အရင်ဦးအောင်ထုတ်လိုက်တဲ့တွက် အခုလို အမှားအယွင်းတွေဖြစ်လာတာဖြစ်တယ်လို့ ဝေဖန်သူ တွေက ပြောဆိုနေကြပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *