Saxon Capital Limited (SCL) ကုမ္ပဏီအား ဆက်လက်လုပ်ကိုင်ပါက အရေးယူမည်

Saxon Capital Limited (SCL) ကုမ္ပဏီသည် ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးဥပဒေအရ ဆောင်ရွက်ခွင့်မရှိသော တရားမဝင်သည့်ကုမ္ပဏီဖြစ်သည့်အတွက် ဆက်လက်ဝင်ရောက်လုပ်ကိုင်ပါက အရေးယူမည်ဖြစ်ကြောင်း ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန မှ ထုတ်ပြန်ကြေငြာလိုက်သည်။

SCL ကုမ္ပဏီသည် ဘဏ်လုပ်ငန်းစနစ်နှင့် မိုဘိုင်းလ် စနစ်ကို အသုံးပြု၍ ရှယ်ယာရောင်းပြီး မြင့်မားသော အတိုးနှုန်းပေးကာ ပြည်သူများအား လိမ်လည်ရောင်းချသည့်အတွက် SCL လုပ်ငန်းအား ဆောင်ရွက်ခြင်းမပြုရန် တားမြစ်လိုက်ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် SCL လုပ်ငန်းအား ဆက်လက်လုပ်ကိုင်ဆောက်ရွက်နေသောသူများအား တွေ့ရှိသော်လည်းကောင်း၊ မိမိထိခိုက်နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာကို တိုင်ကြားလိုသော်လည်းကောင်း ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးသို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။

အောက်ပါ ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသော အီးမေးလ်လိပ်စာနှင့် ဖုန်းနံပတ်ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

scl-img

Zawgyi Font: Saxon Capital Limited (SCL) ကုမၸဏီအား ဆက္လက္လုပ္ကိုင္ပါက အေရးယူမည္

Saxon Capital Limited (SCL) ကုမၸဏီသည္ ေငြေခ်းသက္ေသခံလက္မွတ္ ေရာင္း၀ယ္ေရးဥပေဒအရ ေဆာင္ရြက္ခြင့္မရွိေသာ တရားမ၀င္သည့္ကုမၸဏီျဖစ္သည့္အတြက္ ဆက္လက္၀င္ေရာက္လုပ္ကိုင္ပါက အေရးယူမည္ျဖစ္ေၾကာင္း ျပည္ေတာ္စုသမၼတျမန္မာႏုိင္ငံေတာ္ အစိုးရ စီမံကိန္းႏွင့္ဘ႑ေရး၀န္ၾကီးဌာန မွ ထုတ္ျပန္ေၾကျငာလိုက္သည္။

SCL ကုမၸဏီသည္ ဘဏ္လုပ္ငန္းစနစ္ႏွင့္ မိုဘိုင္းလ္ စနစ္ကို အသံုးျပဳ၍ ရွယ္ယာေရာင္းျပီး ျမင့္မားေသာ အတိုးႏႈန္းေပးကာ ျပည္သူမ်ားအား လိမ္လည္ေရာင္းခ်သည့္အတြက္ SCL လုပ္ငန္းအား ေဆာင္ရြက္ျခင္းမျပဳရန္ တားျမစ္လုိက္ေၾကာင္း သိရွိရသည္။

ျပည္သူမ်ားအေနျဖင့္ SCL လုပ္ငန္းအား ဆက္လက္လုပ္ကိုင္ေဆာက္ရြက္ေနေသာသူမ်ားအား ေတြ႕ရွိေသာ္လည္းေကာင္း၊ မိမိထိခိုက္နစ္နာဆံုးရံႈးမႈတစ္စံုတစ္ရာကို တိုင္ၾကားလိုေသာ္လည္းေကာင္း ေငြေခ်းသက္ေသခံလက္မွတ္လုပ္ငန္းၾကီးၾကပ္ေရးေကာ္မရွင္ရံုးသို႕ တုိင္ၾကားႏုိင္ေၾကာင္း ထုတ္ျပန္ေၾကျငာထားသည္။

ေအာက္ပါ ထုတ္ျပန္ေၾကျငာခ်က္တြင္ ေဖာ္ျပထားေသာ အီးေမးလ္လိပ္စာႏွင့္ ဖုန္းနံပတ္ကို ဆက္သြယ္တုိင္ၾကားႏိုင္ေၾကာင္း သိရွိရသည္။

scl-img

Leave a comment

Your email address will not be published. Required fields are marked *