ဘုရားသုံးဆူတွင် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်တို့၏ အခြေအနေ တင်းမာမှုများကြောင့် မွန်အမျိုးသားကျောင်းများနှင့် ဈေးဆိုင်များပိတ်

ဘုရားသုံးဆူဒေသတွင် ဖြစ်ပေါ်နေသော မွန်ပြည်သစ်ပါတီနှင့် တပ်မတော်တို့၏ တင်းမာမှုများကြောင့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ စတင်ကာ မွန်အမျိုးသားကျောင်းများနှင့် ဈေးဆိုင်များ ပိတ်ထားရကြောင်း သိရှိရသည်။ မွန်ပြည်သစ် ထိန်းချုပ်ထားသော ဂျပန်ရေတွင်း၊ ခလော့ခနီ၊ ဗလာဒုန်ဖိုက် ရွာများရှိ မွန်အမျိုးသားကျောင်း ၅ ခုနှင့်အထက် ပိတ်ထားရ ကြောင်း သိရသည်။ စာမေးပွဲကာလဖြစ်သော်လည်း အခြေအနေအရပ်ရပ်ကြောင့် ကျောင်းများ ယာယီပိတ်ထားရ ကြောင်းနှင့် ဒေသတွင်း အခြေအနေအပေါ်မူတည်၍ ပြန်လည်ဖွင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူဒေသဝန်းကျင်တွင် လူသွားလူလာများ ထက်ဝက်ခန့်လျော့နည်းသွားပြီး ဈေးဆိုင်ကြီးများ အပါအဝင် ရွှေဆိုင်များပါ ပိတ်သိမ်းထားကြောင်း သိရသည်။ စားနပ်ရိက္ခာကြိုတင်စုဆောင်းသူများလည်း ရှိနေပြီး ထိုင်းဘက် မှ လာသော ဧည့်သည်ခရီးသွားများပင် တစ်ယောက်မှ မရှိတော့ ကြောင်း သိရသည်။ မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီအား စစ်ရေးအခမ်းအနားမလုပ်ရန် တပ်မတော်မှ တားမြစ်ခဲ့သော်လည်း အဆိုပါ မွန်ပြည်သစ်ပါတီမှ စစ်ရေးအခမ်းအနားပြုလုပ်ခဲ့သောကြောင့် နှစ်ဖက်စလုံး အခြေအနေတင်းမာမှုများ ဖြစ်ခဲ့ကြောင်း သိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *