ရခိုင်ပြည်နယ်တွင် ဒေသခံများ အလုပ်အကိုင်ရရှိရေးအတွက် ရွှေကျားရခိုင်ရက်ကန်းအထည် အလုပ်ရုံဖွင့်လှစ်

ရခိုင်ပြည်နယ်အတွင်း ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးအတွက် ဒေသခံအိမ်တွင်းလက်မှုလုပ်ငန်း ဖြစ်သည့် ရွှေကျားရခိုင်ရက်ကန်းထည်လုပ်ငန်းကို နိုင်ငံတော်အစိုးရ မတည်ငွေ၊ ဒေသတွင်းပြန်လည်နေရာချထား ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီ၏ဦးဆောင်မှု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့၏ ပံ့ပိုးမှုတို့ဖြင့် အလုပ်ရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။

အလုပ်ရုံ ဖွင့်ပွဲကို စစ်တွေမြို့ ကျားမသောက်ကျေးရွာ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ဖွင့်လှစ်ပေး သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်တာဝန်ယူခဲ့သည်မှာ တစ်နှစ်ကာလရှိခဲ့ပြီဖြစ် ပြီး တိုင်းဒေသကြီး/ပြည်နယ်အားလုံး အချိုးညီစွာဖွံ့ဖြိုး တိုးတက်ရေးကိုဆောင်ရွက်လျက်ရှိရာ ဖွံ့ဖြိုးမှု နည်းသော ပြည်နယ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထား ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ရခိုင်ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ရက်ကန်းထည် လုပ်ငန်းသည် ရခိုင်ပြည်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကို ပြသခြင်းပင်ဖြစ်ပါကြောင်း၊ ယခု ရိုးရာရက်ကန်းစင် ၁ဝဝ ထူထောင် နိုင်ခြင်းကြောင့် ရခိုင် ဒေသခံလူငယ် ၁ဝဝ ခန့် အလုပ်အကိုင် ရရှိမည်ဖြစ်၍ ဒေသအတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပိုမို လုပ်ကိုင် လာနိုင်ရန် ကြိုးစားကြစေလိုကြောင်း၊ အစိုးရအနေဖြင့်လည်း ကူညီပံ့ပိုးဆောင်ရွက်ပေးလိုကြောင်း ပြောကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရက်ကန်းထည် လုပ်ငန်း အလုပ်ရုံပိုင်ရှင်တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် လုပ်ငန်းရှင် တို့သည် အလုပ်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး အလုပ်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

Zawgyi Font : ရခိုင္ျပည္နယ္တြင္ ေဒသခံမ်ား အလုပ္အကိုင္ရရွိေရးအတြက္ ေရႊက်ားရခိုင္ရက္ကန္းအထည္ အလုပ္ရံုဖြင့္လွစ္

ရခိုင္ျပည္နယ္အတြင္း ေဒသခံမ်ား အလုပ္အကိုင္အခြင့္အလမ္း ပိ္ုမိုရရွိေရးအတြက္ ေဒသခံအိမ္တြင္းလက္မႈလုပ္ငန္း ျဖစ္သည့္ ေရႊက်ားရခိုင္ရက္ကန္းထည္လုပ္ငန္းကို ႏုိင္ငံေတာ္အစိုးရ မတည္ေငြ၊ ေဒသတြင္းျပန္လည္ေနရာခ်ထား ေရးႏွင့္ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳး တိုးတက္ေရးလုပ္ငန္း ေကာ္မတီ၏ဦးေဆာင္မႈ၊ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕တို႕၏ ပံ့ပိုးမႈတို႕ျဖင့္ အလုပ္ရံုအဆင့္သို႕ တုိးျမွင့္ဖြင့္လွစ္ခဲ့သည္။

အလုပ္႐ုံ ဖြင့္ပြဲကို စစ္ေတြၿမိဳ႕ က်ားမေသာက္ေက်း႐ြာ၌ က်င္းပရာ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးႏွင့္ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုတို႔ တက္ေရာက္ဖြင့္လွစ္ေပး သည္။ ဖြင့္ပြဲအခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီးက အစိုးရသစ္တာဝန္ယူခဲ့သည္မွာ တစ္ႏွစ္ကာလရွိခဲ့ၿပီျဖစ္ ၿပီး တိုင္းေဒသႀကီး/ျပည္နယ္အားလုံး အခ်ိဳးညီစြာဖြံ႕ၿဖိဳး တိုးတက္ေရးကိုေဆာင္႐ြက္လ်က္ရွိရာ ဖြံ႕ၿဖိဳးမႈ နည္းေသာ ျပည္နယ္တစ္ခုျဖစ္သည့္ ရခိုင္ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အေလးထား ေဆာင္႐ြက္ လ်က္ရွိပါေၾကာင္း ေျပာၾကားခဲ့သည္။

ရခိုင္ျပည္နယ္၏ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္ရာတြင္ ရခိုင္ျပည္သူမ်ား ပူးေပါင္းပါဝင္ ေဆာင္႐ြက္ရန္လိုအပ္ပါေၾကာင္း၊ ယခုဖြင့္လွစ္သည့္ ရက္ကန္းထည္ လုပ္ငန္းသည္ ရခိုင္ျပည္သူမ်ား၏ ပူးေပါင္း ပါဝင္ေဆာင္႐ြက္မႈကို ျပသျခင္းပင္ျဖစ္ပါေၾကာင္း၊ ယခု ႐ိုးရာရက္ကန္းစင္ ၁ဝဝ ထူေထာင္ ႏိုင္ျခင္းေၾကာင့္ ရခိုင္ ေဒသခံလူငယ္ ၁ဝဝ ခန္႔ အလုပ္အကိုင္ ရရွိမည္ျဖစ္၍ ေဒသအတြက္ မ်ားစြာ အက်ိဳးျဖစ္ထြန္းမည္ျဖစ္ပါေၾကာင္း၊ ယခုကဲ့သို႔ အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ား ပိုမို လုပ္ကိုင္ လာႏိုင္ရန္ ႀကိဳးစားၾကေစလိုေၾကာင္း၊ အစိုးရအေနျဖင့္လည္း ကူညီပံ့ပိုးေဆာင္႐ြက္ေပးလိုေၾကာင္း ေျပာၾကားၿပီး ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ရက္ကန္းထည္ လုပ္ငန္း အလုပ္႐ုံပိုင္ရွင္တို႔က ေက်းဇူးတင္စကား ေျပာၾကားၾကသည္။ ယင္းေနာက္ ျပည္ေထာင္စုဝန္ႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ လုပ္ငန္းရွင္ တို႔သည္ အလုပ္႐ုံကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ ေပးၿပီး အလုပ္႐ုံအတြင္း လွည့္လည္ၾကည့္ရႈၾကသည္။

Leave a comment

Your email address will not be published.