ရွှေဘိုတက္ကသိုလ် သင်္ချာဂုဏ်ထူးတန်းသင်ကြားသည့်အခန်း မျက်နှာကျက်ပြိုကျ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် စာသင်ချိန်အတွင်း မျက်နှာကျက်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဇွန်လ ၂၆ ရက်၊ နေ့လည် ၁၁ နာရီဝန်းကျင်ခန့်တွင် သင်္ချာဂုဏ်ထူးတန်း အခန်းတွင် မျက်နှာကျက်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး စာသင်နေသော ကျောင်းသားကျောင်းသူများ ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

အဆောင်တည်ဆောက်မှုသက်တမ်းမှာ ၁၂ နှစ်ခန့်ဝန်းကျင်ရှိပြီး ၂၀၀၅ ခုနှစ်တွင် အဆိုပါ မျက်နှာကျက်ပြိုကျမှုဖြစ်ပွားခဲ့သော စာသင်ဆောင်ကို စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Zawgyi Font : ေရႊဘိုတကၠသိုလ္ သခ်ၤာဂုဏ္ထူးတန္းသင္ၾကားသည့္အခန္း မ်က္ႏွာက်က္ျပိဳက်

စစ္ကိုင္းတိုင္းေဒသၾကီး ေရႊဘိုတကၠသိုလ္တြင္ စာသင္ခ်ိန္အတြင္း မ်က္ႏွာက်က္ျပိဳက်မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။ ဇြန္လ ၂၆ ရက္၊ ေန႕လည္ ၁၁ နာရီ၀န္းက်င္ခန္႕တြင္ သခ်ၤာဂုဏ္ထူးတန္း အခန္းတြင္ မ်က္ႏွာက်က္ျပိဳက်မႈ ျဖစ္ပြားခဲ့ျပီး စာသင္ေနေသာ ေက်ာင္းသားေက်ာင္းသူမ်ား ထိခိုက္ဒဏ္ရာ ရရွိမႈျဖစ္ပြားခဲ့သည္ဟု သိရွိရသည္။

အေဆာင္တည္ေဆာက္မႈသက္တမ္းမွာ ၁၂ ႏွစ္ခန္႕၀န္းက်င္ရွိျပီး ၂၀၀၅ ခုႏွစ္တြင္ အဆိုပါ မ်က္ႏွာက်က္ျပိဳက်မႈျဖစ္ပြားခဲ့ေသာ စာသင္ေဆာင္ကို စတင္တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။

Leave a comment

Your email address will not be published. Required fields are marked *