မြန်မာနိုင်ငံသို့ တစ်ပတ်အတွင်း မုန်တိုင်းငယ် တစ်ခု ဝင်ရောက်မည်

မေလ ဒုတိယအပတ်မှာ မုန်တိုင်းငယ်တစ်ခု ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ထုတ်ပြန်ကြေငြာချက်များအရ အလယ်အလတ်မုတ်သုံလေများ မြန်မာပြည် တောင်ပိုင်း ဒေသသို့ ဝင်ရောက်လာမည် ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် မှာ လေဖိအားနည်း ရပ်ဝန်းများကြောင့် မုန်တိုင်းငယ် အဖြစ် ပြောင်းလဲဝင်ရောက်လာမယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ တနင်္သာရီဒေသကြီး၊ ချင်း၊ ရခိုင် နှင့် ကရင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှု များနိုင်ချေရှိပြီး မွန်ပြည်နယ်၊ တနင်္သာရီ နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးကြိုးမုန်တိုင်းများ ၆ရက်မှ ၈ ရက်အထိ ဖြစ်နိုင်ကြောင်း သတိပေးထားသည်။ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်မူ ၃ရက်မှ ၅ ရက်အထိ သာ မိုးရွာသွန်းမှု ဖြစ်နိုင်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။

မန္တလေးတိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် သာမန်အပူချိန်ထက် ၂ ဒီဂရီ စင်တီဂရိတ် ပိုမိုမြင့်မားနိုင်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။

Zawgyi Font : မြန်မာနိုင်ငံသို့ တစ်ပတ်အတွင်း မုန်တိုင်းငယ် တစ်ခု ၀င်ရောက်မည်




Leave a comment

Your email address will not be published. Required fields are marked *