Snake on the plane ဇာတ်ကားနဲ့ခပ်ဆင်ဆင် ဖြစ်ရပ်တစ်ခု ဆက်ခရာမန်တို ကနေ ချီကာဂိုကို ပျံသန်းမယ့် လေ့ယာဉ်မှာ ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒါကတော့ ထိုလမ်းကြောင်းမှာပျံသန်းမယ့် လေယာဉ်ပေါ်မှာ ကင်းမြီးကောက်တစ်ကောင် က လမ်းတစ်ဝက်လောက်ထိပါလာပြီးမှ လူတွေသတိထားမိလာခြင်းပါ။ Snake on the plane ဇာတ်ကားမှာဆိုရင် ဆင်မျူရယ် အယ် ဂျက်ဆန်က ခရီးသည် ၁၂၅ ယောက်နဲ့အတူ မြွေတွေကို ရှင်းထုတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ဟာ ဒီဇာတ်လမ်းနဲ့တော့ခပ်ဆင်ဆင်ပါ။

SF Gate အရ ဆက်ခရာမန်တိုကနေ ချီကာဂိုကို ပျံသန်းလာတဲ့လေယာဉ်ပေါ်မှာ ကင်းမြီးကောက် ပါလာတာကို သတိထားမိပြီးတဲ့နောက် လေယာဉ်က အဲ့ဒီနေ့ တနင်္ဂနွေမှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ ဒီကင်းမြီးကောက်ကတော့ လေကောင်းလေသန့် ခံရရုံလောက်သာ လေယာဉ်မှာ ပါလာတဲ့သဘော ရှိပေမယ့် ခရီးသည်တွေအနေနဲ့တော့ ဒီလိုအဆိပ်ရှိတဲ့ သတ္တဝါနဲ့အတူ သွားလာရမှာကို နှစ်သက်မှာတော့မဟုတ်ပါဘူး။

အဆိပ်ရှိတဲ့သတ္တဝါကိုတွေ့တယ်ဆိုပေမယ့်လည်း အခြေအနေကို ငြိမ်သက်အောင်ထိန်းထားနိုင်ပြီးတော့ လေယာဉ်မောင်းက လေယာဉ်ကို ဆင်းသက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဒီခြေရှစ်ချောင်းရှိတဲ့သတ္တဝါက အရီဇိုးနား မှာမဆင်းသက်ခင်တုန်းက လေယာဉ်ပေါ်မှာမထင်မှတ်ပဲ ပါလာတာဖြစ်တယ်လို့ ယူဆရပါတယ်။

ခရီးသည်တွေက လေယာဉ်လက်မှတ် ပြန်လည်ဝယ်ယူခဲ့ရပြီး `ဘိုရင်း ၇၃၇ လေယာဉ်ကို တက်ကဆက်က Dallas-Fort Worth လေဆိပ်မှာ ပြင်ဆင်ဖို့နဲ့ ပိုးသတ်ဆေးဖျန်းဖို့ ထားခဲ့ရပါတယ်။ တစ်ကယ်လို့သာ ဆင်မျူရယ်ဂျက်ဆန်က ရုပ်ရှင်ရိုက်ဖို့ နောက်ထပ်အခန်းဆက်စဉ်းစာမယ်ဆိုရင်တော့ ဒီအကြံဉာဏ်ကိုယူဖို့ စဉ်းစားနေလောက်ပါပြီ။

Source: Mashable

Leave a comment

Your email address will not be published. Required fields are marked *