Space-X ရဲ့ Falcon 9 နောက်တစ်ကြိမ် စမ်းသပ်မှု အောင်မြင်။

Space-X ဆိုတာက Rocket Company တစ်ခုဖြစ်ပြီး တည်ထောင်ခဲ့သူက Elon Musk ဖြစ်ပါတယ်။ ယနေ့ လျှပ်စစ်ကား​ Tesla Company  ကို တည်ထောင်ခဲဲ့သူလည်း ဖြစ်ပါတယ်။ ယခု လွှတ်တင်တဲ့ rocket နာမည်ကို Falcon 9 လို့အမည်ပေးထားပါတယ်။ အခု Falcon 9 စမ်းသပ်မှုက ပထမဆုံးအကြိမ် မဟုတ်ပဲ အရင်တစ်ခေါက်ကလည်း စမ်းသပ်မှုပြုလုပ်ခဲ့ဖူးပါတယ်။​ အရင်တစ်ခေါက် စမ်းသပ်မှုပြုလုပ်စဉ်က ကမ္ဘာက အောင်မြင်စွာ ထွက်ခွာမှု ပြုလုပ်နိုင်ပြီး အာကာသမှတစ်ဆင့် ကမ္ဘာမြေကိုလည်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ သာမန်အားဖြင့် Rocket တွေ ကမ္ဘာမြေကို ဆင်းသက်တဲ့အခါ မြေအမာပေါ် ဆင်းသက်ဖို့ ခက်ခဲပြီး ရေထဲမှာသာ ဆင်းသက်မှုပြုလုပ်ရပါတယ်။ ပထမဆုံး မြေပြင်ပေါ် စမ်းသပ်မှု ပြုလုပ်နိုင်တဲ့ Rocket Company ကတော့ Space-X Company ဖြစ်ပြီး October 2018 မှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဆင်းသက်ခဲ့တဲ့နေရာကတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းမှာ ဖြစ်ပါတယ်။ ဒီတစ်ချိန်လည်း Falcon-9 ကို နောက်တစ်ကြိမ် စမ်းသပ်မှု ပြုလုပ်ရာမှာလည်း​ အောင်မြင်ခဲ့ပါတယ်။

Falcon 9 ရဲ့ လုပ်ဆောင်ချက်ကတော့ အာကာသမှတစ်ဆင့် သမုဒ္ဒရာနဲ့ ရေခဲပြင်မှ ရာသီဥတုပြောင်းလဲမှု အခြေအနေ အချက်အလက်များကို ရယူဖို့ဖြစ်ပါတယ်။ ထူးခြားချက်က အခုလွှတ်တင်လိုက်တဲ့ Falcon-9 က ကိုယ်ထည်အသစ်မဟုတ်ပဲ အရင်တစ်ခေါက်က လွှတ်တင်ဖူးတဲ့ body အဟောင်းတစ်ခုကို ပြန်အသုံးပြုထားပါတယ်။ ဒီလိုပြန်အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ ကုန်ကျစရိတ် လျှော့ချဖို့ဖြစ်ပါတယ်။ Rocket တစ်ခါ ထွက်ခွာမှုပြုလုပ်ရင် ကန်ဒေါ်လာ သန်းဆယ်နဲ့ချီ ကုန်ကျပါတယ်။ အရင်ခေတ်က rocket လွှတ်တဲ့အခါ လူကိုယ်တိုင် စီးနင်းလိုက်ပါရပြီး ဒီနေ့ခေတ်မှာတော့ လူက မြေပြင်မှ ထိန်းချုပ်မှုပြုလုပ်ရုံနဲဲ့ ရပါတယ်။

 

လက်ရှိအမေရိကန်မှာတင် Rocket Companyပေါင်း ဆယ်ဂဏန်းလောက်ရှိနေပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အနာဂတ်မှာ လူသားတွေ အခြားဂြိုလ်နဲ့ လကမ္ဘာပေါ်နေထိုင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ လက်တွေ့မှာ ဒီပရောဂျက်တွေက မဖြစ်သေးပေမယ့် အနီးစပ်ဆုံးအနေအထားကိုတော့ ရောက်နေပါပြီ။ လူသားတွေရဲ့ သမိုင်းမှာ အာကာသမှာ သွားနေထိုင်ဖို့ ပထမဆုံး ဝန်ဆောင်မှုပေးဖို့ ဖြစ်နိုင်တဲ့ rocket company တွေက Elon Musk ရဲ့ Space-X Company နဲ့ Jeff-Bezoz ရဲ့ Blue Origin နှစ်ခုရှိပါတယ်။ နောက်တစ်ခုကတော့ အားလုံးသိတဲ့ Nasa ဖြစ်ပါတယ်။ ဘယ် Company က သမိုင်းမှာ ပထမဆုံး အာကာသခရီးကို ဝန်ဆောင်မှုပေးမလဲဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published.