Sprint ကုမ္ပဏီက 5G ကွန်ရက်ကို အမေရိကန်တွင်စတင်အသုံးပြုပြီ

မေလ ၃၀ရက်နေ့မှစတင်ပြီး အမေရိကန် မြို့ကြီး(၄)မြို့မှာ အမေရိကန်ရဲ့ တတိယအကြီးဆုံး Telecom ကုမ္ပဏီဖြစ်တဲ့ Sprint ကုမ္ပဏီရဲ့ 5G ကွန်ရက်ကို စတင်အသုံးပြုခွင့်ရပြီးဖြစ်ပါတယ်။ ၎င်း 5G ကွန်ရက်နှင့်အတူ မေလ ၃၁ရက်နေ့ တွင် US ရဲ့ ပထမဦးဆုံး 5G စနစ်သုံးနိုင်တဲ့ LG V50 နှင့် HTC 5G Hub ဖုန်းတို့ကိုရောင်းချပေးခဲ့ပါတယ်။ V50 ဟာ Screen ၆.၄လက်မ OLED Display နဲ့လာမှာဖြစ်ပြီး သူ့ရဲ့ထူးခြားချက်ကတော့ ဖုန်းရဲ့အနောက်ဘက်တွင် 5G အဝါ ရောင်မီးလေး လင်းနေမှာဖြစ်ပါတယ်။ 5G Hub ကတော့ Screen ၅လက်မ နှင့် 720p Display ဖြင့် သုံးရမှာ ဖြစ် ပါတယ်။

Sprint ရဲ့ နည်းပညာဆိုင်ရာအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ John Saw ရဲ့ ပြောပြချက်အရ ဒါဟာ အစပဲရှိ သေးတာ ဖြစ် ကြောင်း၊ အခုလောလောဆယ်မှာတော့ မြို့ကြီး(၄)မြို့ကို အရင်ဦးဆုံး အသုံးပြုလို့ ရအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။  နောက်မှာတော့ မြို့တိုင်းအသုံးပြုခွင့်ရအောင်ကြိုးစားသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ ထို့ပြင် သူတို့ရဲ့ 5G ကွန်ရက် ဟာ LTE ထက် ၅ဆပိုပြီး မြန်မှာဖြစ်ပြီး လက်ရှိမှာ မြို့တစ်မြို့ရဲ့ ၅၇၅ စတုရန်းမိုင် အတွင်းရှိလူပေါင်း ၁.၆သန်းအထိ 5G ကွန်ရက်ကိုအဆင်ပြေစွာအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

John Saw ရဲ့ပြောပြချက်အရ သူတို့ရဲ့ 5G လိုင်းကို ကားဖြင့်ခရီးသွားနေသူတစ်ဦးကအသုံးပြုမယ်ဆိုပါက 100Mbps ကျော်အထိ အသုံးပြုလို့ရမှာဖြစ်ပြီး၊ မရွေ့လျားပဲ အသုံးပြုမယ်ဆိုရင်တော့ 500Mbps မှ 600Mbps အထိအသုံးပြုလို့ ရမှာဖြစ်တယ်လို့ သိရပါတယ်။ အဓိကကတော့ 5G ကွန်ရက်ကို မောင်းသူမယ့် ယာဉ်များတွင်အသုံးပြုလို့ သင့်တော်မှာဖြစ်ပြီး Live Streaming လုပ်ချင်သူများအတွက်ကတော့ 4K resolution ဖြင့် Live လွှင့်လို့ ရမှာ ဖြစ်ကြောင်း John Saw ကပြောပြသွားခဲ့ပါတယ်။ Online Game ကစားသူတွေအတွက်ကတော့ ပြောစရာမလိုအောင် ကောင်းမွန်နေမှာဖြစ်ပါတယ်။

Source : The Verge News

Leave a comment

Your email address will not be published. Required fields are marked *