Stone Brewing ရဲ့အိမ်သာမှ ဘီယာ သို့ ပရောဂျက် အောင်မြင်

Stone Brewing ကုမ္ပဏီမှ စမ်းသပ်ထုတ်လိုက်လိုက်တဲ့ ဘီယာဟာ အလွန်မှ အရသာရှိပြီး လူကြိုက်များခဲ့ကြောင်း ဘီယာပြိုင်ပွဲတွင် မှတ်ချက်ပြုခံရသည်။ Stone Brewing ဟာ ရေဆိုးစနစ်တွေကနေ ပြန်လည်သန့်စင်ပြီး ဘီယာချက်လုပ်မယ့် ပရောဂျက်ကို စမ်းသပ်ခဲ့တာ အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။

ရေဆိုးကနေ ပြန်လည်ထုတ်လုပ်ထားတဲ့အတွက် ချောင်းရေ၊ မြောင်းရေ၊ အိမ်သာအညစ်အညေးရေ စတဲ့ အညစ်အကြေး ပေါင်းစုံပါဝင်မှာ ဖြစ်ပြီး Stone Brewing ရဲ့ အင်ဂျင်နီယာများက ပြန်လည်သန့်စင်တာ ဖြစ်ပါတယ်။ အဆိုပါ သန့်စင်လိုက်တဲ့ ရေကို သောက်ရေသန့်အဖြစ်သော်လည်းကောင်း၊ ဘီယာအဖြစ်သော် လည်းကောင်း ပြန်လည် ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

stone-brew

အံ့အားသင့်စရာကောင်းတာကတော့ ရေဆိုးတွေကနေ သန့်စင်ပြီး ပြန်လည်ချက်လုပ်ထားတဲ့ Stone Brewing ရဲ့ ဘီယာဟာ အရသာကောင်းမွန်နေတာ ဖြစ်ပါတယ်။ မုယောစပါး ၃ မျိုး၊ ဗျစ်ပန်းခြောက်၊ သကြားနဲ့ အပူပိုင်းဒေသထွက် သီးနှံတွေနဲ့ ပေါင်းစပ်ဖော်ထုတ်ထားတဲ့ Stone Brewing ရဲ့ brew ဘီယာဟာ ကုမ္ပဏီရဲ့ ထုတ်ဖူးသမျှ ဘီယာထဲမှာ အကောင်းဆုံး ဖြစ်နေကြောင်း ပြောခဲ့ပါတယ်။ အဆိုပါ ရေဆိုးကနေ ဘီယာထုတ်လုပ်မယ့် ပရောဂျက်ရဲ့ အမည်ကိုတော့  အိမ်သာမှ ဘီယာ သို့ဟူ၍ Stone Brewing ကုမ္ပဏီက ပေးထားပါတယ်။

သောက်ရေသန့်များနှင့် Stone Brewing ဘီယာကို တစ်ကမ္ဘာလုံးသို့ ၂၀၂၁ ခုနှစ်တွင် ဈေးကွက်စတင်ဖြန့်ချီမည်ဟု သိရှိရသည်။

Zawgyi font : Stone Brewing ရဲ့အိမ်သာမှ ဘီယာ သို့ ပရောဂျက် အောင်မြင်



stone-brew



Leave a comment

Your email address will not be published. Required fields are marked *