Sydney မြို့လည်၌ ဓားဖြင့်ထိုးပြီး လမ်းမပေါ်သို့ထွက်လာသော တရားခံအား ပြည်သူများကဝိုင်းဝန်းဖမ်းဆီး

ဩဂုတ်လ (၁၃)ရက် အင်္ဂါနေ့ ဒေသစံတော်ချိန် 14:00 (04:00 GMT) တွင် ဩစတေးလျနိုင်ငံ Sydney မြို့လည်၌ လူတစ်ဦးက အမျိုးသမီး(၂)ဦးကို ဓားဖြင့်ထိုးပြီး လူများထူထပ်နေတဲ့ လမ်းမပေါ်သို့ထွက်လာရာ အနီးအနားရှိ ပြည်သူ များမှ ဝိုင်းဝန်းဖမ်းဆီးခဲ့သဖြင့် အခင်းဖြစ်ပွားပြီးချက်ချင်း ဖမ်းဆီးရမိခဲ့ပါတယ်။

ရဲများ၏ပြောပြချက်အရ တရားခံဟာ ဖမ်းဆီးရမိတဲ့ နေရာရဲ့ အနီးအနားရှိ တိုက်ခန်းထဲတွင် အသက် ၄၁နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးနဲ့ ၂၁နှစ်အရွယ်ရှိ အမျိုးသမီးကို ဓားဖြင့်ထိုးပြီး လမ်းမပေါ်သို့ထွက်လာတာဖြစ်တယ်လို့ သိရှိရ ပါ တယ်။ အသက် ၂၁ နှစ်အရွယ်ရှိအမျိုးသမီးကတော့ သေဆုံးခဲ့ခြင်းမရှိပဲ အရေးပေါ်ကားဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရ တယ်လို့ သိရှိရပါတယ်။

မျက်မြင်သက်သေများ၏ပြောပြချက်အရ အင်္ကျီတွင်သွေးပေးနေကာ ဓားတစ်လက်ကိုကိုင်ဆောင်ထားတဲ့ အမျိုးသားဟာ “Allahu Akbar” ၊”shoot me” ဟု အော်ကာလမ်းမပေါ်သို့ ထွက်လာသဖြစ် ပြည်သူအမျိုးသား(၂)ဦးနှင့် မီးသတ် သမားတစ်ဦးတို့က ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်။ အမျိုးသား (၂)ဦးနှင့် မီးသတ်သမားတို့ကတော့ Lee Cuthbert ၊ Paul O’Shaughnessy နှင့် Luke O’Shaughnessy တို့ဖြစ်ကြပြီး Luke O’Shaughnessy ကတော့ ထိုင်းလက်ဝှေ့သမားဟောင်းတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

လူသတ်သမားဟာ သူ့ကိုဖမ်းဆီးဖို့လာတဲ့လူတွေကို ရင်ဆိုင်ရန်အတွက် အနီးရှိကားပေါ်ကို ခုန်တက်သွားခဲ့ သေးတယ် လို့သိရှိရပါတယ်။ Paul O’Shaughnessy နှင့် Luke O’Shaughnessy တို့ကတော့ ထိုင်ခုန်များကို ကိုင် ဆောင်ကာ လူသတ်သမားအနားကို ကပ်သွားခဲ့ပြီး ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ သူတို့ဖမ်းဆီးရမိပြီး မကြာမီမှာပဲ ရဲများ ရောက်ရှိလာကာ ထိန်းသိမ်းလိုက်တယ်လို့သိရှိရပါတယ်။ ထိုအမျိုးသားကို လက်ရှိမှာတော့ စိတ်ရောဂါဝေဒနာ ရှင် ဖြစ်တယ်လို့ မှတ်ယူထားပြီး လုပ်ရတဲ့အကြောင်းရင်းကိုတော့ ဆက်လက်စုံစမ်းနေတုန်းပဲလို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *