ဆီးရီးယားမှ ဓာတုလက်နက် ထပ်မံအသုံးပြုမည့် အရိပ်အယောင်ကြောင့် အမေရိကန်သတိပေး

ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အမေရိကန်က စီစစ်တွေ့ရှိထားပြီး ဆီးရီးယား၏လှုပ်ရှားနေမှုများဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ဓာတုနက်ဖြင့်မတိုက်ခိုက်မီပြင်ဆင်ခဲ့မှုများနှင့် တစ်ထေရာတည်းဖြစ် နေပါတယ်လို့ အိမ်ဖြူတော်ကပြောကြားခဲ့ပါတယ်။

ဆီးရီးယားလေတပ်အပေါ် ထရမ့်၏လက်တုန့်ပြန်မှုဖြစ်ပေါ်စေခဲ့တဲ့ ဧပြီလ ဓာတုလက်နက် တိုက်ခိုက်မှုတွင် လူပေါင်း ဒါဇင်နှင့်ချီပြီးသေဆုံးခဲ့ပါတယ်။ ဒါကြောင့် အာဆတ်အစိုးက ဓာတုလက်နက်သုံးပြီး နောက်တစ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်ပါက အရပ်သားများစွာထပ်မံသေဆုံးမှာ ဖြစ်သောကြောင့် အကယ်၍ထပ်မံဖြစ်ပွားပါက တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်ဟု ဝါရှင်တန်မှ ဆီးရီးယားကို ဇွန်လ၂၇ရက်နေ့က သတိပေးခဲ့ပါတယ်။

အဆိုပါဧပြီလ ၄ရက်နေ့က ဓာတုလက်နက်ဖြင့်တိုက်ခိုက်ခဲ့မှုတွင် ကလေးများစွာ အပါအဝင် အရပ်သားများစွာ ဒါဇင်နှင့်ချီပြီး သေဆုံးသွားခဲ့ရပါတယ်။ ထို့ကြောင့် လက်တုန့်ပြန်သည့်အနေဖြင့် ဆီးရီးယား ၏ ဓာတုလက်နက်များသိုလှောင်ရာ ရှေရက်လေတပ်စခန်းကို မက်ဒီတာရိမ်းနီးယမ်ပင်လယ် အတွင်းရှိ အမေရိကန် ရေတပ်သင်္ဘောများမှ တိုမာဟော့ခ်ဒုံးကျဉ်၅၉လုံးဖြင့် ပစ်ခတ်ခဲ့ပါသေးတယ်။

သမ္မတအာဆတ်ကတော့ သူပုန်တွေထိန်းချုပ်ထားတဲ့ အနောက်မြောက်ပိုင်း ခမ်းရှိတ်ဟောင်းမြို့ကို ဧပြီလက အဆိပ်ငွေ့ဖြင့် တိုက်ခိုက်မှုတွင် အစိုးရတပ်များ ပတ်သတ်မှုမရှိဟု ငြင်းဆန်ပြောဆိုခဲ့ပါတယ်။ ယခုထပ်မံဖြစ် ပွားခဲ့ရင်တော့ အရင်တစ်ခါထပ် ပိုပြီးအခြေအနေတွေတင်းမာသွားလိမ့်မယ်လို့ ထင်ပါတယ်။

အကယ်၍ ယင်းကဲ့သို့ ထပ်မံဖြစ်ပွားပါက အာဆတ်ကို နောက်ကွယ်မှ အဓိကပံ့ပိုးကူညီပေးနေကြတဲ့ ရုရှားနဲ့ အီရန်တို့တွင်လည်း တာဝန်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley ကလည်း သတိပေးပြောကြားထားပါတယ်။

Zawgyi Font : ဆီးရီးယားမွ ဓာတုလက္နက္ထပ္မံအသံုးျပဳမည့္ အရိပ္အေယာင္ေၾကာင့္ အေမရိကန္သတိေပး

ဆီးရီးယားတြင္ ဓာတုလက္နက္ျဖင့္တိုက္ခိုက္ရန္ ျပင္ဆင္ေနေၾကာင္း အေမရိကန္က စီစစ္ေတြ႕ရွိထားျပီး ဆီးရီးယား၏လႈပ္ရွားေနမႈမ်ားဟာ ျပီးခဲ့တဲ့ ဧျပီလမွာ ဓာတုနက္ျဖင့္မတိုက္ခိုက္မီျပင္ဆင္ခဲ့မႈမ်ားႏွင့္  တစ္ေထရာတည္းျဖစ္ ေနပါတယ္လို႔ အိမ္ျဖဴေတာ္ကေျပာၾကားခဲ့ပါတယ္။

ဆီးရီးယားေလတပ္အေပၚ ထရမ့္၏လက္တုန္႕ျပန္မႈျဖစ္ေပၚေစခဲ့တဲ့ ဧျပီလ ဓာတုလက္နက္ တိုက္ခိုက္မႈတြင္ လူေပါင္း ဒါဇင္ႏွင့္ခ်ီျပီးေသဆံုးခဲ့ပါတယ္။ ဒါေၾကာင့္ အာဆတ္အစိုးက ဓာတုလက္နက္သံုးျပီး ေနာက္တစ္ၾကိမ္ တိုက္ခိုက္မႈ ျပဳလုပ္ပါက အရပ္သားမ်ားစြာထပ္မံေသဆံုးမွာ ျဖစ္ေသာေၾကာင့္ အကယ္၍ထပ္မံျဖစ္ပြားပါက တန္ဖိုးၾကီးၾကီး ေပးဆပ္ရလိမ့္မယ္ဟု ၀ါရွင္တန္မွ ဆီးရီးယားကို ဇြန္လ၂၇ရက္ေန႔က သတိေပးခဲ့ပါတယ္။

အဆိုပါဧျပီလ ၄ရက္ေန႔က ဓာတုလက္နက္ျဖင့္တိုက္ခိုက္ခဲ့မႈတြင္ ကေလးမ်ားစြာ အပါအ၀င္ အရပ္သားမ်ားစြာ ဒါဇင္ႏွင့္ခ်ီျပီး ေသဆံုးသြားခဲ့ရပါတယ္။ ထို႔ေၾကာင့္ လက္တုန္႕ျပန္သည့္အေနျဖင့္ ဆီးရီးယား ၏ ဓာတုလက္နက္မ်ားသိုေလွာင္ရာ ေရွရက္ေလတပ္စခန္းကို မက္ဒီတာရိမ္းနီးယမ္ပင္လယ္ အတြင္းရွိ အေမရိကန္ ေရတပ္သေဘၤာမ်ားမွ တိုမာေဟာ့ခ္ဒံုးက်ဥ္၅၉လံုးျဖင့္ ပစ္ခတ္ခဲ့ပါေသးတယ္။

သမၼတအာဆတ္ကေတာ့ သူပုန္ေတြထိန္းခ်ဳပ္ထားတဲ့ အေနာက္ေျမာက္ပိုင္း ခမ္းရွိတ္ေဟာင္းျမိဳ႕ကို ဧျပီလက အဆိပ္ေငြ႕ျဖင့္ တိုက္ခိုက္မႈတြင္ အစိုးရတပ္မ်ား ပတ္သတ္မႈမရွိဟု ျငင္းဆန္ေျပာဆိုခဲ့ပါတယ္။ ယခုထပ္မံျဖစ္ ပြားခဲ့ရင္ေတာ့ အရင္တစ္ခါထပ္ ပိုျပီးအေျခအေနေတြတင္းမာသြားလိမ့္မယ္လို႔ ထင္ပါတယ္။

အကယ္၍ ယင္းကဲ့သို႔ ထပ္မံျဖစ္ပြားပါက အာဆတ္ကို ေနာက္ကြယ္မွ အဓိကပံ့ပိုးကူညီေပးေနၾကတဲ့ ရုရွားနဲ႕ အီရန္တို႔တြင္လည္း တာ၀န္ရွိေၾကာင္း ကမၻာ့ကုလသမဂၢဆုိင္ရာ အေမရိကန္သံအမတ္ Nikki Haley ကလည္း သတိေပးေျပာၾကားထားပါတယ္။

 

Leave a comment

Your email address will not be published.