အီရတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြမှုတွင် အနည်းဆုံး လူ ၄၀ သေဆုံး

အစိုးရကိုမကျေနပ်တဲ့ အီရတ်ပြည်သူများက ပြီးခဲ့တဲ့ အပတ်ကစတင်ခဲ့သော ဆန္ဒပြမှုဟာ တစ်နေ့တစ်ခြား အခြေ အ နေတင်းမာလာကာ လက်ရှိနောက်ဆုံး ရရှိထားတဲ့သတင်းအရ ဆန္ဒပြသူများဘက်မှ သေဆုံးသူ အနည်းဆုံး လူ (၄၀) လောက်ရှိနေပြီးဖြစ်ကြောင်း သိရှိရပါတယ်။ အီရတ်ပြည်သူများဟာ နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြနေကြတာဖြစ်ပြီး အဓိကကတော့ Baghdad မြို့မှာပဲဖြစ်ပါတယ်။ ဆန္ဒပြသူများဟာ အီရတ်နိုင်ငံအလံများကို ကိုင်ဆောင်ထားကြကာ နှစ်နဲ့ ချီပြီးအကြမ်းဖက်မှုတွေ ကြားမှာ နေထိုင် လာရခြင်းနှင့် စီးပွားရေး၊ အလုပ်အကိုင်အလွန်ကြပ်တည်းလာခြင်းတို့အပေါ်မှာ ဆန္ဒပြကြတာဖြစ်ပါတယ်။ လက်ရှိ မှာ ဆန္ဒပြသူများဟာ မြို့အလည်ရှိ Tahrir ရင်ပြင်ထဲတွင် တဲများထိုးပြီး စခန်းချထားကာ နေ့ရောညပါ ဆန္ဒပြမှု တွေပြုလုပ်နေကြပါတယ်။ အစိုးရကလည်း အောက်တိုဘာလ ၂၆ ရက် သောကြာနေ့တွင် အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ပြီး ဆန္ဒပြသူများ၏ လို ချက်ကို… Continue reading အီရတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြမှုတွင် အနည်းဆုံး လူ ၄၀ သေဆုံး

အီရတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြပွဲ တစ်ပတ်အတွင်းသေဆုံးသူ ၉၃ ဦးအထိရှိလာ

အောက်တိုဘာလဆန်းက အီရတ်မြို့တော် Baghdad မှာ စတင်ဖြစ်ပွားခဲ့သော အလုပ်လက်မဲ့ဦးရေတိုးပွားလာမှု၊ အ ခြေခံလစာများ မလုံလောက်မှု နှင့် အစိုးရအဖွဲ့အစည်းများ အကျင့်ပျက်ခြစားမှုတို့ကို ပြည်သူဘက်မှ ဆန္ဒပြမှု ဟာ တစ်နေ့ထပ်တစ်နေ့ ဆန္ဒပြသူဦးရေတိုးပွားလာပြီး ယခုဆိုလျှင် အီရတ် တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ဆန္ဒပြမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကြမ်းလာတဲ့အတွက် အကြမ်းဖက်မှုအသွင်သို့ပြောင်းလဲလာတဲ့ အပြင် ပြည်သူ နှင့် လုံခြုံရေးအဖွဲ့တို့ရဲ့ အကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေပါဖြစ်ပွားလာရပါတယ်။ ဒါဟာ ဆယ်စုနှစ် တစ်ခု အတွင်း အီရတ်တွင်ဖြစ်ပွားခဲ့သော ဆန္ဒပြမှုတွေထဲမှာ အကြီးမားဆုံး ဆန္ဒပြမှုပဲဖြစ်ပါတယ်။ လက်ရှိမှာ အစိုးရ၏ ထုတ်ပြန်ချက်အရ အစိုးရ၏လုံခြုံရေးအဖွဲ့များနှင့် ဆန္ဒပြပြည်သူတို့အကြား သေဆုံးမှုဟာ တစ် ပတ်အတွင်း၉၃ဦးအထိ တိုးပွားလာခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူကတော့၃၉၇၈)ဦးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။ အစိုးရဟာ ဆန္ဒပြမှုစတင်ဖြစ်ပွားပြီး မကြာမီမှာ ဆန္ဒပြသူပေါင်း၄၅၄ဦးကို… Continue reading အီရတ်တွင်ဖြစ်ပွားနေသော ဆန္ဒပြပွဲ တစ်ပတ်အတွင်းသေဆုံးသူ ၉၃ ဦးအထိရှိလာ