၂၀၂၆ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲ အီတလီကျင်းပခွင့်ရ

ဇွန်လ ၂၄ရက် တနင်္လာနေ့တွင် ၂၀၂၆ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲအတွက် အိမ်ရှင်နိုင်ငံရွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲတွင် အိုလံပစ်နှင့် သက်ဆိုင်သော အကြီးအကဲများအပြင် နိုင်ငံအသီးသီးရှိ တာဝန်ရှိသူများ၊ အိုလံပစ်ပွဲတွင် ဆု တံဆိပ်များဆွပ်ခူးခဲ့သူများ တက်ရောက်မဲပေးခဲ့ကြပါတယ်။ ထိုပွဲ၏နောက်ဆုံး ဆုံးဖြတ်ချက်အရ အီတလီနိုင်ငံ Milan-Cortina (Milan–Cortina d’Ampezzo) မြို့တွင် ကျင်းပခွင့်ရရှိသွားကြောင်းသိရပါတယ်။ အီတလီဟာ အိုလံပစ်ပွဲကို ကျင်းပခွင့်ရရှိတာ ဒီတစ်ကြိမ်နဲ့ဆို (၃)ကြိမ်မြောက်ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်က Cortina တွင်တစ်ကြိမ်၊ ၂၀၀၆ ခုနှစ်က Turin တွင်တစ်ကြိမ်နှင့် ယခုနောက်ဆုံး မဲနိုင်ခဲ့တဲ့ ၂၀၂၆ ခုနှစ်တွင် ကျင်းပမယ့် Milan-Cortina တို့ပဲဖြစ်ပါတယ်။ မဲပေးမှုရဲ့ နောက်ဆုံးအဆင့်တွင် အီတလီရဲ့ Milan-Cortina နှင့် Sweden ရဲ့ Stockholm-Are မြို့တို့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး… Continue reading ၂၀၂၆ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲ အီတလီကျင်းပခွင့်ရ