၂၈ရက်နေ့မှာလွှတ်တင်ခဲ့တဲ့ ရရှား မိုးလေဝသ စောင့်ကြည့်ရေးဒုံကျည် အောင်မြင်ခဲ့ပုံမရပါဘူး

အင်္ဂါနေ့မနက်ပိုင်းမှာ စတင်လွှတ်တင်ခဲ့တဲ့ ရရှား မိုးလေဝသစောင့်ကြည့်ရေးဒုံးကျည် အသစ်ဟာ ကောင်းမယ့်ပုံတော့မပေါ်ပါဘူး။ ရိုကိုစမို ရှိ ရရှားအာကာသ အေဂျင်စီ က ထုတ်ပြန်ခဲ့တဲ့အချက်အရ ဝန်စည်အား ၁၈ခု တင်ဆောင်ထားတဲ့  ၂.၁ ဒုံးကျည်ဟာ ရာသီဥတု ဂြိုလ်တုတွေနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး အာကာသအပြင်ဘက်မှာ ရှိတဲ့ အဓိက စခန်းနဲ့ ချိတ်ဆက်လို့မရခဲ့ပါဘူး။ ဂြိုလ်ပတ်လမ်းကြောင်း ကြားမှာ ရှိနေစဉ်အတွင်းမှာ  ဒုံးကျည်မှာ စတင်ပြသနာဖြစ်ပေါ်ခဲ့တယ်လို့ ရိုကိုစမို ကပြောပါတယ်။ “ ဂြိုလ်တုနဲ့ ပထမဆုံးစတင်ဆက်သွယ်ဖို့ အစီအစဉ်လုပ်ဆောင်နေစဉ်အတွင်း ပစ်မှတ်ထားတဲ့လမ်းကြောင်းနဲ့ ချိတ်ဆက်ဖို့ ပျက်ကွက်ခဲ့ပါတယ်လို့” ရိုကိုစမို၏ ဖော်ပြချက်မှာပြောပါတယ်။ လောလောဆယ်မှာတော့ အချက်အလက်တွေကို စစ်ဆေးနေပါတယ်။ ဒီစစ်ဆင်ရေး ကျရှုံးရတဲ့အကြောင်း အတိအကျကတော့ အခုအချိန်ထိ မရှင်းလင်းသေးပါဘူး။ ဒါပေမယ့် ရရှားသတင်းထောက် အန်တိုလီဇက်ကတော့ ဒုံးကျည်ထဲမှာ ထည့်ထားတဲ့ ပရိုဂရမ်မှားယွင်းမှုကို… Continue reading ၂၈ရက်နေ့မှာလွှတ်တင်ခဲ့တဲ့ ရရှား မိုးလေဝသ စောင့်ကြည့်ရေးဒုံကျည် အောင်မြင်ခဲ့ပုံမရပါဘူး