တီမောနိုင်ငံတွင် ကျင်းပမည့် စက်ဘီးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို နေပြည်တော်တွင် ရွေးချယ်မည်

တီမောနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ 2017 Tour de Timor စက်ဘီးစီးပြိုင်ပွဲကို မြန်မာတို့ အနေဖြင့် ပထမဦးဆုံး သွားရောက်ယှဉ်ပြိုင်ဖို့အတွက် နေပြည်တော်ရှိ စက်ဘီးအဖွဲ့ချုပ်မှ မြန်မာ့စက်ဘီးဝါသနာရှင်များကို ခေါ်နေပါပြီ။ 2017 Tour de Timor ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ လက်ရွေးစင် စက်ဘီးစီးသမား ၄ယောက်ကိုရွေးချယ်ဖို့ ဇွန်လ ၂၉ရက်နေ့ နံနက်၇နာရီမှာ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါပွဲကို အသက်(၂၁) နှစ်အောက် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ မည်သည့်စက်ဘီးစီးသမားမဆို သွားရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်သူ ဦးကျော်မင်းသန့်က “ကျွန်တော်တို့ ဒီတီမောစက်ဘီးပြိုင်ပွဲ အတွက် လူရွေးပွဲလုပ်ဖို့ ရှိပါတယ်။ လာရွေးတဲ့သူတွေထဲက ပဏာမ(၈)ဦးအရင်ရွေးပါမယ်။ ပြီးမှ(၄)ဦး ထပ်ရွေးပြီး သွားပြိုင်မှာပါ။ ဒီပြိုင်ပွဲက မြန်မာနိုင်ငံအနေနဲ့ ပထမဦးဆုံးသွားပြိုင်တာပါ။ ဆီးဂိမ်းအကြိုလည်း ဖြစ်လို့… Continue reading တီမောနိုင်ငံတွင် ကျင်းပမည့် စက်ဘီးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို နေပြည်တော်တွင် ရွေးချယ်မည်