A.I (Artificial Intelligence) များသည်ကမ္ဘာကို အုပ်စိုးတော့မည်လော

ဒရုန်းမောင်းသူမဲ့ယာဉ်များဟာ လက်နက်အဖြစ်ပြောင်းလဲလာသလို အင်တာနက်ပေါ်မှာရှိတဲ့ ဗီဒီယိုအတုများဟာလည်း အလိုအလျောက်လူထုကို သတင်းမှားတွေ ပေးလာနိုင်သကဲ့သို့ အလိုအလျောက် hacking လုပ်တဲ့စနစ်တွေအားလုံးဟာ A.I လို့ခေါ်တဲ့စနစ်ကို အခြေခံပြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုးရနဲ့ ဥပဒေ ကျွမ်းကျင်သူများဟာ ကမ္ဘာကြီးကို အုပ်စိုးလာနိုင်မယ့် A.I ကို ကျွမ်းကျင်စွာသိဖို့ လိုအပ်ပါတယ်။ A.I ဆိုသည်မှာ လူသားကဲ့သို့ အသိညာဏ်ရှိသော ဦးနှောက်ပုံစံ စနစ်တစ်ခုကို ဆိုလိုခြင်းဖြစ်ပါတယ်။ ယနေ့အသုံးပြုနေကြသော smart phones များထဲရှိ applications များမှအစ စစ်ဘက်ဆိုင်ရာ လက်နက်များအထိ A.I ကို တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ ဥပမာ စစ်ဘက်ဆိုင်ရာတွင် လူတစ်ယောက်၏မျက်နှာကို သိရုံဖြင့် အလိုအလျောက်တိုက်ခိုက်မှု ပြုလုပ်နိုင်မယ့် စနစ်များအဆင့်ထိ အသုံးပြုလာကြပြီဖြစ်ပါတယ်။ လူငယ်များအကြားမှာတော့ A.I က ဂိမ်းတွေမှာ ပါဝင်လာကြပြီး… Continue reading A.I (Artificial Intelligence) များသည်ကမ္ဘာကို အုပ်စိုးတော့မည်လော