မြန်မာ့ရုပ်ရှင် လောက မှာ စိတ်ဓာတ်ခွန်အားလှုံ့ဆော်ပေးတဲ့ ဇာတ်ကားတွေ မရှိသလောက် နည်းနေသေးတာ ဘာကြောင့်လဲ

၂၀၁၆ ခုနှစ်ရဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲကြီးကို ယခု အစိုးရသစ်လက်ထက်မှာ တစ်မူထူးခြားစွာနဲ့ ပဲ ရွှေတိဂုံစေတီတော် နောက်ခံပြုပြီး ပြည်သူ့ရင်ပြင်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ တစ်နိုင်ငံလုံးက ရုပ်ရှင်ချစ် ပရိတ်သတ်ကြီးကလည်း မိမိတို့ချစ်ခင်ရာ၊ အားပေးရာ အနုပညာရှင်တွေ အကယ်ဒမီ ရွှေစင်ဆုတွေ ဆွတ်ခူးနိုင်ဖို့အတွက် အားပေးခဲ့ကြပါတယ်။ တစ်ချို့လည်း မျှော်လင့်သလိုဖြစ်လာကြလို့ ဝမ်းသာအားရရှိကြသလို တစ်ချို့တွေကလည်း ရွှေပြည်တော် မျှော်တိုင်းဝေးခဲ့ကြလို့ ဆုတောင်းမပြည့်ခဲ့ကြပါဘူး။ ဆန်းသစ်မြန်မာ အနေနဲ့ကတော့ ရုပ်ရှင်အနုပညာရှင်များရဲ့ ကြိုးစားအားထုတ်ခဲ့မှုတွေကို အသိအမှတ်ပြုပါတယ်။ သို့သော် ယနေ့ကာလအထိ မြန်မာ့ရုပ်ရှင်ဟာ ပုံမှန်ချပြလေ့ရှိတဲ့ အလွမ်းအဆွေး၊ဒရာမာနဲ့ အပျော်အပျက်ကားတွေမှ ခွဲထွက်ပြီး ပြည်သူတွေကို ဘဝတိုးတက်အောင်မြင်ရေးအတွက် စိတ်ဓာတ်ခွန်အားကို ပေးတဲ့ Motivational Movies တွေ ပီပီပြင်ပြင်မရိုက်ပြနိုင်သေးဘူးလို့ ဆိုချင်ပါတယ်။ ခုအချိန်ထိတော့ နှစ်ပေါင်းများစွာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခဲ့ကြရတဲ့ ပရိတ်သတ်တွေက… Continue reading မြန်မာ့ရုပ်ရှင် လောက မှာ စိတ်ဓာတ်ခွန်အားလှုံ့ဆော်ပေးတဲ့ ဇာတ်ကားတွေ မရှိသလောက် နည်းနေသေးတာ ဘာကြောင့်လဲ