Facebook မှ Messenger App အတွင်းတွင် ကြေငြာများထည့်သွင်းရန် စမ်းသပ်

အရင်က Facebook သုံးလိုက်ရင် ကျနော်တို့ မျက်စိရှေ့မှာ Facebook Page တွေကို sponsored အနေနဲ့ မြင်တွေ့ နေရပေမယ့် ယခုအခါ messenger အတွင်းမှာပါ မကြာမှီအချိန်အတွင်း Ads တွေကို မြင်တွေ့ရဖွယ်ရှိ ပါတယ်။ လက်ရှိမှာ Facebook မှစမ်းသပ်ဆဲဖြစ်ပြီး သြစတေးလျနဲ့ ထိုင်းနိုင်ငံတို့မှာ စတင်စမ်းသပ်နေပါတယ်။ ဒါကြောင့် Facebook အနေနဲ့ အကျိုးအမြတ်တွေပိုမိုတိုးလာဖို့ ads တွေကို format မျိုးစုံနဲ့စမ်းသပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Facebook ဟာ Page Sponsored Ads, Instant Articles Ads နဲ့ Video Ads တို့နဲ့ ကြေငြာတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ သိပ်မကြာမှီကာလအတွင်းမှာတော့ Messenger Ads အနေနဲ့ မြင်တွေ့ရတော့မှာပါ။

Facebook တွင် Video တင်ဆက်နေသူများအနေဖြင့် ဝင်ငွေရှာနိုင်တော့မည်

Facebook မှာ video တွေတင်ရင် အရင်က ငွေကြေးဆိုင်ရာ အကျိုးအမြတ်မရရှိခဲ့ပေမယ့် မကြာမှီမှာ ဝင်ငွေရရှိနိုင်တော့ မှာ ဖြစ်ပါတယ်။ YouTube မှာ video တင်ပြီး ကြေငြာလက်ခံဖော်ပြနိုင်တဲ့ လုပ်ဆောင်ချက်မျိုးနဲ့ ဆင်တူတဲ့ စနစ်ကို Facebook ကလဲ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချ လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Facebook မှာ video တင်ဆက်နေတဲ့ ဆယ်လီတွေ၊ publisher တွေအနေနဲ့ တစ်ဖက်တစ်လမ်း ဝင်ငွေရရှိနိုင်မှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ကျနော်တို့ Facebook မှာ ကြေငြာနေတဲ့ ဝင်ငွေတွေကို Facebook ကနေသာ ရရှိခြင်းဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်ကမှ အကျိုးအမြတ်ကို ပြန်လည်ရရှိခြင်း မရှိပါဘူး။ ယခုမှာတော့ Video ads ရဲ့အကျိုးအမြတ်ကို Facebook… Continue reading Facebook တွင် Video တင်ဆက်နေသူများအနေဖြင့် ဝင်ငွေရှာနိုင်တော့မည်