နောင်လာမယ့် နှစ်ပေါင်း ၃၀ မှာ ကုမ္ပဏီတွေရဲ့ CEO ရာထူးတွေကို စက်ရုပ်တွေ နေရာယူလာနိုင်တယ်လို့ ပြောလိုက်တဲ့ ဂျက်မ

အလီဘာဘာကို တည်ထောင်ခဲ့သူ ဂျက်မ ( Jack Ma) ကတော့ နောင်လာမယ့် နှစ်ပေါင်း ၃၀ မှာ ကုမ္ပဏီတွေရဲ့ CEO ရာထူးတွေကို စက်ရုပ်တွေက နေရာယူလာနိုင်တယ်လို့ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ စွန့်ဦးတီထွင်ဆွေးနွေးတွေ့ဆုံပွဲမှာ ပြောလိုက်ပါတယ်။ ဒါ့အပြင် ဂျက်မ ဟာ နည်းပညာသမားတွေကို ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးလိုက်ပြီး နည်းပညာတိုးတက်မှုနှုန်းဟာ မြင့်မားလာတာနဲ့အမျှ လူတွေဟာ ပညာရေးစနစ်ကို ဒီထက်တိုးမြှင့်နိုင်ဖို့ ပြောလိုက်ပါတယ်။ အကယ်၍များ နည်းပညာကို မလိုက်နိုင်ရင် ကျန်ခဲ့မယ်လို့ ဆိုပါတယ်။ ဂျက်မ က နောက်ထပ် ၁၀ စုနှစ် ၃ ခုဆိုရင် လူတွေဟာ ပျော်ရွှင်မှုပိုမိုနည်းပါးလာပြီး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရဖို့ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပညာရေးစနစ်ကို ဒီထက်ပိုပြီးအဆင့်မြှင့်နိုင်မှ ကျနော်တို့ရဲ့ မျိုးဆက်တွေဟာ… Continue reading နောင်လာမယ့် နှစ်ပေါင်း ၃၀ မှာ ကုမ္ပဏီတွေရဲ့ CEO ရာထူးတွေကို စက်ရုပ်တွေ နေရာယူလာနိုင်တယ်လို့ ပြောလိုက်တဲ့ ဂျက်မ

မိုဘိုင်းလ်ဖုန်းများကို အသံဖြင့် Hack နိုင်

မိုဘိုင်းလ်ဖုန်းတွေမှာ နည်းပညာတွေ တစ်ဖြည်းဖြည်းမြင့်မားလာတဲ့အမျှ ယခုဆိုရင် အသံနဲ့တောင် ခိုင်းစေအသုံးပြုလို့ရနေ ပြီ ဖြစ်ပါတယ်။ AI assistant နည်းပညာပါဝင်လာတဲ့ ဖုန်းတွေမှာ အသံနဲ့ ဖုန်းတစ်လုံးကို လိုသလို ခိုင်းစေအသုံးပြုလို့ရပြီ ဖြစ်တာကြောင့် တစ်ချိန်ထဲမှာ စိုးရိမ်စရာရှိတာက ကြားလူက အသံနဲ့ တစ်ပါးသူနဲ့ ဖုန်း တစ်လုံးကို ချိုးဖောက်ဝင်ရောက်နိုင်လားဆိုတာပါဘဲ။ အဖြေကတော့ ရနိုင်ပါတယ်တဲ့။ UC Berkley နဲ့ Georgetown  တက္ကသိုလ်က နည်းပညာလုံခြုံရေးသုတေသီတို့က အသံစနစ်နဲ့ကြားဖြတ် hack နိုင်မယ့် အသံလှိုင်းတစ်ခုနဲ့ သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ အသံလှိုင်းဟာ Noise များစွာပါဝင်ပြီး ဖုန်းတွေဘဲ နားလည်နိုင်ပါတယ်။ လူရဲ့ အကြားအာရုံနဲ့ အဆိုပါအသံကို စကားလုံးအနေနဲ့ မကြားနိုင်ပါဘူး။ အောက်ပါ ဗီဒီယိုကတော့ အသံနဲ့ ကြားဖြတ် ဘယ်လို… Continue reading မိုဘိုင်းလ်ဖုန်းများကို အသံဖြင့် Hack နိုင်

Audi မှ အလိုအလျောက်မောင်းနှင်သော ကားများ ထုတ်လုပ်ရန် Nvidia နှင့်ပူးပေါင်း

AI နည်းပညာထွန်းကားလာမှုကြောင့် စမတ်ဖုန်းတွေ၊ နာရီတွေ၊ တီဗွီတွေ သာမက အခုဆိုရင် ကားတွေမှာပါ အလိုအလျောက်တုံ့ပြန်နိုင်မယ့် စနစ်တွေ၊ မောင်းနှင်နိုင်မယ့်စနစ်တွေ စမ်းသပ်တီထွင်နေကြပါပြီ။ Google, Tesla, နဲ့ BMW ကဲ့သို့သော ကုမ္ပဏီကြီးများကလည်း အလိုအလျောက် မောင်းနှင်နိုင်မယ့် ကားတွေ စမ်းသပ်တီထွင်နေပြီ ဖြစ်သလို ယခု Audi ကလည်း Nvidia ကုမ္ပဏီနဲ့ပူးပေါင်းပြီး ၂၀၂၀ မှာ AI နည်းပညာပါတဲ့ ကားတွေ ကို ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ CES 2017 မှာ ပြသခဲ့တဲ့ Audi Q7 ဟာဆိုရင် ကားမှာပါတဲ့ နည်းပညာနဲ့ ၄ရက်အတွင်းမှာ သူ့အလိုအလျောက် မောင်းနှင်ခြင်းကို သင်ယူနိုင်ပြီး အဆိုပါ နည်းပညာကို Nvidia ရဲ့ Xavier… Continue reading Audi မှ အလိုအလျောက်မောင်းနှင်သော ကားများ ထုတ်လုပ်ရန် Nvidia နှင့်ပူးပေါင်း

Google AI Assistant လုပ်ဆောင်ချက်ကို Android TV, ကားနှင့် Smart Watch များတွင် ရရှိတော့မည်

လူပြောသမျှအတိုင်း နားလည်ပြီး လုပ်ဆောင်နိုင်တဲ့ Google AI assistant feature ကို Android TV, Smart နာရီတွေနဲ့ ကားတွေမှာ မကြာမှီထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ Google ရဲ့ Pixel စမတ်ဖုန်းမှာ AI လုပ်ဆောင်ချက် ထည့်သွင်းပေးထားပြီး မကြာမှီအချိန်အတွင်းမှာတော့ ဖုန်းမဟုတ်သော အခြားအရာတွေပေါ်မှာပါ အသုံးပြုနိုင်တော့ မှာ ဖြစ်ပါတယ်။ လာမည့် လ အနည်းငယ်အတွင်းစတင် အသုံးပြုနိုင်မှာ ဖြစ်ပြီး Nvidia Shield, Xiaomi Mi Box နဲ့ Android TVs တွေမှာ AI assistant ကို စတင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Nvidia Shield မှာ AI လုပ်ဆောင်ချက်ကို မည်သည့်ပစ္စည်းကြားခံ အကူအညီမပါဘဲ… Continue reading Google AI Assistant လုပ်ဆောင်ချက်ကို Android TV, ကားနှင့် Smart Watch များတွင် ရရှိတော့မည်