ဘယ်လေယာဉ်တွေစီးပြီး ခရီးနှင်ကြမလဲ?

ပြင်သစ်မှာ ပြုလုပ်တဲ့ Skytrax ရဲ့လေကြောင်းပြပွဲကြီးမှာ ၂၀၁၇ခုနှစ်ရဲ့ ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် ကာတာ လေကြောင်းလိုင်းကို ရွေးချယ်ချီးမြှင့်ခဲ့ကြတယ်လို့ CNN သတင်းအရသိရပါတယ်။ ပြင်သစ်မှာပြုလုပ်တဲ့ ဒီလေကြောင်းပြပွဲဟာ ၅၂ ကြိမ်မြောက် လေကြောင်းပြပွဲလည်းဖြစ်ပါတယ်။ ကာတာလေကြောင်းလိုင်းဟာ ၂၀၁၁ ခုနှစ်ကတည်းက စပြီး လေးကြိမ်မြောက်ရရှိခဲ့တဲ့ဆုလည်းဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာမှ စတင်ထူထောင်ခဲ့တဲ့ ကာတာလေကြောင်းလိုင်းဟာ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်ကို ပတ်ကာ ဝန်ဆောင်မှုပေးနေတဲ့ လေကြောင်းလိုင်းလည်းဖြစ်ပါတယ်။ ကာတာနိုင်ငံ ဒိုဟာကနေ လေယာဉ်ပေါင်း ၁၇၄ စင်းနဲ့ ခရီးစဉ်ပေါင်း ၁၅၀ ကို ပြေးဆွဲပေးနေပါတယ်။ ဒီလိုအောင်မြင်နေတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်ပေမယ့် ပြောဆိုစရာကိစ္စရပ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် အစ္စလာမ်မစ် အကြမ်းဖက်တွေကို အထောက်အပံ့ပေးနေတယ်လို့ စွပ်စွဲခံနေရတဲ့ နိုင်ငံတွင်းက ပြဿနာတွေကြောင့် ခရီးစဉ်… Continue reading ဘယ်လေယာဉ်တွေစီးပြီး ခရီးနှင်ကြမလဲ?