အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံ

လေယာဉ်ပျံဆိုတာ လူတွေ ခရီးသွားလာရင် ပို့ဆောင်ပေးဖို့နဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးချခဲ့ပေမယ့် ယခုတော့ ဒီထက်ပိုအဆင့်မြင့်လာပါပြီ။ အမေရိကန်ကနေ ကမ္ဘာ့အကြီးဆုံး လေယာဉ်တစ်စီးကို ဖော်ထုတ်ပြသလိုက်ပြီး အာကာသထဲကိုပစ်လွှတ်မယ့် ဒုံးပျံတွေကို လေယာဉ်နဲ့သယ်ဆောင်ပို့လွှတ်ဖို့ဘဲ ဖြစ်ပါတယ်။ ယခင်က မြေပြင်အခြေစိုက်စခန်းကနေ အာကာသထဲကို အာကာသဒုံးပျံတွေ ပစ်လွှတ်ခဲ့ပေမယ့် ဒီထက်ပိုပြီး အန္တရာယ်ကင်းဖို့နဲ့ ပိုမိုလျှင်မြန်စေဖို့ လေယာဉ်နဲ့သယ်ဆောင်ပစ်လွှတ်ဖို့ စီစဉ်နေတာဘဲ ဖြစ်ပါတယ်။ အင်ဂျင် ၆ လုံးပါရှိပြီး အမြင့်ပေ ၅၀ ရှိပါတယ်။ လေယာဉ်တောင်ပံအရှည်ကတော့ ၃၈၅ ပေ ရှိပြီး တန်ချိန်ပေါင်း ၅သိန်း ကျော်အလေးချိန်ကို သယ်ဆောင်နိုင်ပါတယ်။ လေယာဉ်ဘီးပေါင်း ၂၈ ဘီးပါရှိပြီး ဒီဇိုင်းကတော့ လေယာဉ်၂စီးကို ဆက်ထားတဲ့ပုံစံဘဲ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ မည်သည့်မြေကြီးအမျိုးအစားမှာမဆို ပျံသန်းနိုင်ဖို့ စမ်းသပ်နေပြီး အခြားလေယာဉ်ပျံတွေလိုမျိုး လေယာဉ်ပြေးလမ်းအမျိုးအစား… Continue reading အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံ