ဘဝကို အရှုံးမပေးဘဲ ခန္ဓာကိုယ်အလှပြခဲ့တဲ့ ပိုလီယိုရောဂါခံစားရသူ

သာမန်အားဖြင့် ခန္ဓာကိုယ်မှာ ကြွက်သားတွေ အဖုအထစ်တွေနဲ့ တောင့်တင်းအောင် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ပိုလီယိုရောဂါခံစားနေရသူ တစ်ဦးကတော့ လူတွေ အံ့သြသွားလောက်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ Steve Alexy လို့ အမည်ရတဲ့ ပိုလီယိုဝေဒနာကို ခံစားနေရသူကတော့ သူများနဲ့မတူအောင် အခက်အခဲတွေ ဖြတ်ကျော်ခဲ့ရပါ တယ်။ အစပိုင်းမှာ Steve ဟာ လမ်းမလျှောက်နိုင်၊ မတ်တပ်မရပ်နိုင်တဲ့အထိ ခံစားရတာဖြစ်ပြီး ဒါကို တွန်း်လှန်ပစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ်မှာ Gym ရုံသို့သွားပြီး လေ့ကျင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မတ်တပ်ရပ်နိုင်၊ လမ်းလျှောက်နိုင်တဲ့အထိ ဖြစ်လာပြီး ကြွက်သားတွေနဲ့ အာရုံကြောတွေ သန်မာအောင် စိတ်ဓာတ်ခိုင်မာစွာနဲ့ လေ့ကျင့်ခဲ့ ပါတယ်။ ဆရာဝန်ကတော့ ” Steve ဟာ တစ်ဘဝလုံး မတ်တပ်ရပ် လမ်းလျှောက်နိုင်ဖို့… Continue reading ဘဝကို အရှုံးမပေးဘဲ ခန္ဓာကိုယ်အလှပြခဲ့တဲ့ ပိုလီယိုရောဂါခံစားရသူ

ရေအောက်မှာ သွားလာမှတ်တမ်းတင်နိုင်မယ့် Drone

ဒရုန်းဆိုရင် အတော်များများထင်ကြတာကတော့ လေပေါ်မှာဘဲ ပျံဝဲနိုင်တယ်ပေါ့။ အခုတော့ အဲ့လိုမဟုတ်တော့ပါဘူး။ CES 2017 နည်းပညာပြပွဲမှာ ဒရုန်း ( drone) တွေကို အဓိက ထုတ်လုပ်နေတဲ့ Powervision ကုမ္ပဏီကနေ ရေအောက်မှာ သွားလာမှတ်တမ်းရိုက်နို်င်တဲ့ ဒရုန်းတစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။ လက်ရှိမှာတော့ ရေအောက်ဒရုန်းကို ငါးမျှားသလို ကြိုးနဲ့ ဆက်သွယ်ထားတာ ဖြစ်ပြီး ကြိုးအရှည်ရှိသလောက်သာ ထိန်းချုပ်နိုင်အုံးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကြိုးမဲ့ စနစ်တွေနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး အကွာအဝေးပိုမိုသွားနိုင်မှာပါ ဖြစ်ပါတယ်။ ဒါ့အပြင် ရေချို၊ရေငံနဲ့ အေးခဲလှတဲ့ ရေတွေထဲမှာလဲ အသုံးပြုနိုင်ပါတယ်။ ကင်မရာကိုတော့ 4K UHD အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်တာကြောင့် အံ့သြဖွယ်ရာပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ရေအောက်မှာ ရှိတဲ့အရာတွေကို လူကိုယ်တိုင် ရေငုပ်စရာမလိုဘဲ… Continue reading ရေအောက်မှာ သွားလာမှတ်တမ်းတင်နိုင်မယ့် Drone

လေထဲမှာ ဝဲပျံနိုင်တဲ့ ဘွန်ဇိုင်းပင်

ကြည့်လိုက်ရင်တော့ တစ်ကယ့်ကို အံ့သြစရာပါဘဲ။ တစ်ကယ်ပါ။ ဒါဟာ မျက်လှည့်မဟုတ်သလို လေထဲမှာ ဘွန်ဇိုင်းအပင်ငယ်လေး တွေကို စိုက်နိုင်မှာပါ။ ဂျပန်ပညာရှင်တစ်ယောက်က တီထွင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဝယ်ယူနိုင်ပါပြီ ဖြစ်ပါတယ်။ သံလိုက်ရဲ့သဘောတရားကို အခြေခံပြီး တည်ဆောက်ထားတာဖြစ်ပြီး မျက်နှာပြင်နှစ်ဖက်လုံးမှာ သံလိုက်တွေ ပါဝင်တာဖြစ်ပါတယ်။ အောက်ခြေမျက်နှာပြင် သံလိုက်ဓာတ်အတွက်ကိုတော့ AC ပါ၀ါနဲ့ပေးပြီး သံလိုက်ဓာတ်ကို ထုတ်လွှင့်စေတာဖြစ်ပြီး အပေါ်ဘက်ခြမ်း အပင်ဘက်မျက်နှာပြင်ကနေ သံလိုက်အားလမ်း ကြောင်းတစ်ခုအနေနဲ့ တွန်းကန်စေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ လေထဲပျံဝဲနေတဲ့ ဘွန်ဇိုင်းပင် ငယ်လေးတွေကို စက်ဝိုင်းပုံစံ လေထဲမှာ လှည့်နိုင်ပါသေးတယ်။ အပင်ရဲ့အလေးချိန် ၃၀၀ ဂရမ်အထိ ခံနိုင်ရည်ရှိပါတယ်။ ဒီထက်ကြီးလာရင်တော့ အပင်ကိုပန်းအိုးထဲမှာဘဲ အောက်ချစိုက်ရမှာ ဖြစ်ပါတယ်။ ၃၀၀ ဂရမ်အလေးချိန်မရှိသေးတဲ့ အပင် ငယ်လေးတွေကိုတော့ လေထဲမှာ စိုက်ပျိုးနိုင်မှာ… Continue reading လေထဲမှာ ဝဲပျံနိုင်တဲ့ ဘွန်ဇိုင်းပင်