Selfie လှလှ ရိုက်ဖို့ ဘယ် App သုံးရင် ကောင်းမလဲ

Selfie ရိုက်ကြရင် လှပတဲ့ ပုံလေးတွေဖြစ်ချင်တာ လူတိုင်းရဲ့ ပြင်းပြတ့ စိတ်ဆန္ဒတခုပါ။ အဲ့လိုလှပတဲ့ ဓာတ်ပုံလေးတွေရဖို့ အတွက်လဲ ကောင်းမွန်တဲ့ selfie appလေးတွေက ဖုန်းတိုင်းရဲ့မပါမဖြစ် မရှိမဖြစ်တ့ ဲappလေးတွေ ဖြစ်လာပါတော့တယ်။ သူတို့လေးတွေက တနည်းအားဖြင့် ကိုယ့်ဖုန်းထဲက မိတ်ကပ်ပညာရှင်လေးဆိုလဲ မမှားပါဘူး။ အချိန်လဲ အများပြား မသုံးရဘဲ လိုရင်လိုသလို စိတ်တိုင်းကျ ဖြစ်စေမယ့် အရာလေးတခုဆိုလဲ မမှားပါဘူး။ ရှိပီသားရုပ်ခံကို သူတို့လေးတွေနဲ့ လုပ်ကြံလိုက်ရင် တဖက်သား ပိုမိုစွဲဆောင်နိုင်တဲ့ မော်ဒယ်တျောက်အလား ဖြစ်သွားပါလိမ့်မယ်။ Selfie appတိုင်း သုံးကောင်းလား မေးစရာ ရှိလာပါပြီ။ app တိုင်းသုံးလို့ စိတ်တိုင်းမကျနိုင် ပါဘူး။ လူအများသိနိုင်တဲ့selfie appတွေ ဥပမာ B612, Camera 360, Retrica လိုမျိုး appတွေကိုတော့… Continue reading Selfie လှလှ ရိုက်ဖို့ ဘယ် App သုံးရင် ကောင်းမလဲ

Facebook ကြောင့် ဖုန်းဘေလ် ပိုကုန်နေတာကို လျော့ချပေးမယ့် Opera Max App

လူတိုင်းနီးပါးရဲ့ စမတ်ဖုန်းမှာ ဒေတာအသုံးပြုမှုအများဆုံး App ကို ပြရမယ်ဆိုရင် Facebook လို့ပြောရင် မလွဲပါဘူး။ ဟုတ်ပါတယ်။ Facebook ဟာ စမတ်ဖုန်းတစ်လုံးရဲ့ ဒေတာအသုံးများဆုံး App တစ်ခုဖြစ်ပြီး အတော်များများကတော့ ဘာမှတောင် သိပ်မလုပ်ရသေးဘူး ဖုန်းဘေလ်က ကုန်သွားပြန်ပြီ၊ ဘေလ်ကုန်တာ အရမ်းမြန်တယ် စသဖြင့် ငြီးတွားနေကြတာ ကျနော်တို့ ပတ်ဝန်းကျင်မှာ ကြားနေရအသံတွေပါဘဲ။ အဲ့ဒီလို Facebook ရဲ့ ဒေတာသုံးစွဲမှု ပမာဏကိုလျော့ချပေးပြီး သင့်ကို ဖုန်းဘေလ်ကုန် သက်သာစေတဲ့ App ထွက်ရှိလာပါပြီ။ အဲ့ဒါကတော့ Opera Max App ဖြစ်ပါတယ်။ Opera Max App ဟာ Facebook သာမက အခြား လူမှုကွန်ရက် App တွေရဲ့ ဒေတာသုံးစွဲမှု ပမာဏကို… Continue reading Facebook ကြောင့် ဖုန်းဘေလ် ပိုကုန်နေတာကို လျော့ချပေးမယ့် Opera Max App

ပုံအရမ်းဆွဲချင်တဲ့ ပုံဆွဲမတော်သူတွေကို ကူညီပေးနိုင်မယ့် Google ရဲ့ AutoDraw

မိမိချစ်ရသူခင်ရသူအတွက် အမှတ်တရဖြစ်စေဖို့ ပန်းချီကားလေးတစ်ခု ပုံလေးတစ်ခုကို ကိုယ်တိုင်ရေးဆွဲချင်ပေမယ့် ပုံဆွဲကလည်းမတော် အချိန်လည်းမရလို့ ခက်ခဲနေပါသလား။ သင်ရဲ့အခက်အခဲကို ကူညီပေးဖို့အတွက် Google က သူတို့ရဲ့နည်းပညာသစ် AutoDraw ကို မိတ်ဆက်ပေးလိုက်ပါပြီ။ AutoDraw ဟာ ပုံဆွဲချင်သူတွေကို အချိန်တိုလေးအတွင်းမှာ ကူညီရေးဆွဲပေးနိုင်မယ့် A.I နည်းပညာသုံး Application တစ်ခုဖြစ်ပါတယ်။ အသုံးပြုလိုသူအနေနဲ့ မိမိရဲ့စမတ်ဖုန်း ကွန်ပျူတာပေါ်ကနေ AutoDraw ရဲ့ ဝက်ဆိုဒ်ကိုသွားပြီး ပုံသွားဆွဲရမှာဖြစ်ပါတယ်။ ပုံစဆွဲတော့မယ်ဆိုရင်တော့ အဖြူကွက်လပ်ပေါ်မှာ ကိုယ်ဆွဲချင်တဲ့အရာကို စဆွဲပေးလိုက်ပါ။ ဥပမာ ကိုယ်က ခွေးပုံကိုဆွဲတယ်။ ဒါပေမယ့် ခွေးနဲ့တော့ အနည်းငယ်လေး တူတယ်ဆိုရုံလောက်ပဲ ဆိုပါစို့။ ဒါကို AutoDraw ကနေ သူရဲ့မြင့်မားတဲ့ နည်းပညာနဲ့ သင်ရဲ့မညီမညာခွေးပုံကို သေသပ်လှပတဲ့ ခွေးပုံလေးဖြစ်အောင် ပြောင်းလဲပေးသွားပါလိမ့်မယ်။ သင်ရဲ့ပုံက ဆွဲရင်းတန်းလှန်းဖြစ်နေပေမယ့်… Continue reading ပုံအရမ်းဆွဲချင်တဲ့ ပုံဆွဲမတော်သူတွေကို ကူညီပေးနိုင်မယ့် Google ရဲ့ AutoDraw

ဓာတ်ပုံပြရုံနဲ့ facebook အကောင့်ကို ရှာပေးနိုင်မယ့် App

လမ်းသွားရင်းနဲ့ ရုတ်တရက်တွေ့လိုက်လို့ ရင်ထဲမှာ စွဲလန်းသွားပါသလား။ သူ့ရဲ့ facebook အကောင့်ကို သိလိုပါသလား? ကိုယ်သိလိုသူရဲ့ ပုံရိပ်ကို ပြရုံနဲ့ facebook အကောင့်ကို ရှာဖွေနိုင်မယ့် App တစ်ခုကို အင်္ဂလန်နိုင်ငံမှ စွန့်ဦးတီထွင်သူ လူငယ်တစ်ဦးဖြစ်တဲ့ Jack Kenyon တီထွင်ခဲ့ပါတယ်။ ဒါကတော့ လူငယ်တွေအတွက် သတင်းကောင်းပါဘဲ။ ကော်ဖီဆိုင်မှာဖြစ်ဖြစ်၊ bus ကားစီးရင်းနဲ့ဖြစ်ဖြစ် ကိုယ်သိလိုတဲ့ စကီလေးတွေ၊ ဘဲလေးတွေရဲ့ facebook အကောင့်ကို ခိုးချောင်းရတာ အမောပါဘဲ။ ကိုယ်ချောင်းနေတာ သူများ သိသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်ကလဲ ဝင်ရပါသေးတယ်။ ခုတော့ အဲ့ဒီလိုမျိုး ရုပ်ပျက်ဆင်းပျက် ဖြစ်စရာလိုဘဲ စမတ်ကျကျ ရှာနိုင်မှာပါ။ စမတ်ကျကျဆိုပေမယ့်လည်း အနည်းငယ်တော့ စွန့်စားရပါအုံးမယ်။ ကိုယ် သိချင်တဲ့ လူကို ဓာတ်ပုံရိုက်ရမှာပါ။ မျက်နှာကို အဓိက… Continue reading ဓာတ်ပုံပြရုံနဲ့ facebook အကောင့်ကို ရှာပေးနိုင်မယ့် App

Facebook မှ ချစ်သူများနေ့အတွက် Valentine Card Feature ကို ယာယီထည့်သွင်း

Facebook မှ ချစ်သူများနေ့အတွက် Valentine Card feature ကို ယာယီလုပ်ဆောင်ချက်အနေနဲ့ထည့်သွင်း လိုက်ပါတယ်။ ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု နဲ့ ချစ်သူအပါအဝင်အားလုံးကို Valentine Card လေးတွေလုပ်ပြီး ပို့နိုင်မှာပါ။ အဆိုပါ Feature ကို ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ စတင်ရရှိမှာ ဖြစ်ပြီး အဆိုပါကဒ် ဒီဇိုင်းများကို New York နဲ့ London မှ ပညာရှင်များက ရေးဆွဲဖန်တီးပေးထားတာ ဖြစ်ပါတယ်။

လူတိုင်းကို ဆွဲဆောင်မှုရှိစေတဲ့ အပြုံးတွေကို ဖန်တီးပေးမယ့် Face App

ဓာတ်ပုံရိုက်လိုက်တဲ့အခါ မျက်နှာက ခပ်တည်တည်ကြီး ဖြစ်နေတယ် ဒါမှမဟုတ် သူများတွေလို လှအောင် မပြုံးတတ်လို့ အခက်အခဲ ဖြစ်နေရင်တော့ Face App က သင့်ကို ကူညီပေးနိုင်ပါတယ်။ အဆိုပါ App ထဲကို  ကြိုက်တဲ့ဓာတ်ပုံထည့်ပြီး ပြင်လို့ရပါတယ်။ Performance ကောင်းလွန်းလို့ သင့် ဓာတ်ပုံကို မြင်တွေ့လိုက်သူတိုင်း ကြိတ်ကြွေသွားမှာ အမှန်ပါဘဲ။ Face App နဲ့ ပြင်ပြီးရင် Facebook မှာတင်လိုက်တဲ့အခါ ချောလွန်းလို့ စမတ်ကျလွန်း လို့ Friend Request တွေတောင် တစ်ရက်ထဲအများကြီးရနိုင်သေးပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့မှ စထုတ်တဲ့ App ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ Android အတွက် မရသေးပါဘူး။ iOS သမားများအတွက်ဘဲ ရရှိမှာ ဖြစ်တဲ့… Continue reading လူတိုင်းကို ဆွဲဆောင်မှုရှိစေတဲ့ အပြုံးတွေကို ဖန်တီးပေးမယ့် Face App

iOS အတွက် Super Mario Run ဂိမ်းထွက်ရှိ

Super Mario Run ဂိမ်းကတော့ လူတိုင်းနီးပါး ကစားဖူးမယ်ထင်ပါတယ်။ ကလေးဘဝမှာတုန်းက Mario ဂိမ်းကို သဲကြီးမဲကြီး ကစားကြ သလို ယခုအချိန်ထိ လူတိုင်းကို ဆွဲဆောင်နိုင်တဲ့ ဂိမ်းဖြစ်နေတုန်းပါဘဲ။ အရင်တုန်းကတော့ Family Game အနေနဲ့ ထွက်ရှိခဲ့ပေမယ့် ယခုအခါမှာတော့ မိုဘိုင်းလ် ဂိမ်းအဖြစ် တစ်ကျော့ပြန်လည်ရောက်ရှိ လာပါပြီ။ လက်ရှိမှာတော့ iOS အတွက်ဘဲ ထွက်ရှိတာဖြစ်ပြီး Android အတွက် ဘယ်တော့ထုတ်မလဲဆိုတာကိုတော့ မကြေငြာရသေးပါဘူး။ ဒါကြောင့် လက်ရှိမှာ Super Mario Game ကို iOS အသုံးပြုသူ များသာ ကစားခွင့်ရအုံးမှာ ဖြစ်ပါတယ်။ Super Mario Run ဂိမ်းကို level တွေနဲ့ အဆင့်ဆင့် သတ်မှတ်ထားပြီး အဆင့်သတ်မှတ်ချက်တွေအားလုံး ကစားချင်ရင်တော့… Continue reading iOS အတွက် Super Mario Run ဂိမ်းထွက်ရှိ

Android အသုံးပြုသူများအတွက် Facebook မှ HD Video Upload Feature ကို စတင် ထောက်ပံ့

Facebook မှာ HD video upload တင်နိုင်တဲ့ feature ကို Android device တွေအပေါ်မှာ လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ feature ဟာ iOS မှာ ရရှိခဲ့တာ ၂နှစ်နီးပါးခန့်ရှိနေပြီ ဖြစ်ပေမယ့် Android အတွက်ကတော့ ယခုချိန်မှ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ ဒီ feature ကို ရရှိဖို့ Android user များအနေနဲ့ Facebook ကို နောက်ဆုံးဗားရှင်းအထိ update တင်ရမှာဖြစ်ပါတယ်။ HD video upload feature ကို ရရှိဖို့ setting ထဲမှာ Upload video in HD ဆိုတာကို switch on လုပ်ထား ပေးရမှာ… Continue reading Android အသုံးပြုသူများအတွက် Facebook မှ HD Video Upload Feature ကို စတင် ထောက်ပံ့

သင့်ရဲ့တည်နေရာ၊ မိသားစု၊ချစ်သူ၊ သူငယ်ချင်း စတဲ့နေရာတွေကို နောက်ယောင်ခံလိုက်နိုင်မယ့် Trusted Contact App ကို Google မှ ထုတ်လုပ်

Google မှ Trusted Contact ဆိုတဲ့ App ကို Android စမတ်ဖုန်းတွေအတွက် ထုတ်လုပ်လိုက်ပါပြီ။ Trusted Contact App ဟာဆိုရင် မိသားစု၊ သူငယ်ချင်း၊ ချစ်သူ တွေ ဘယ်ရောက်နေလဲဆိုတာကို နောက်ယောက်ခံလိုက်နိုင်မယ့် App မျိုးဖြစ်ပါတယ်။ အလုပ်လုပ်ပုံကလဲ ရိုးရှင်းပါတယ်။ သင် နောက်ယောက်ခံလိုက်လိုတဲ့ သူကို Trusted Contact အတွင်းမှာ ထည့်ထားရမှာဖြစ်ပြီး အင်တာနက်ကနေ တစ်ဆင့် သူတို့ဘယ်မှာရှိနေလဲဆိုတာကို မေးတဲ့ Location Request ကို လက်ခံရရှိမှာဖြစ်ပါတယ်။ အကယ်၍များ သူတို့က လက်မခံ ဘူးဆိုရင်တော့ သင် နောက်ယောင်ခံနိုင်မှ မဟုတ်ပါဘူး။ ဒါ့အပြင် သင်ကိုယ်တိုင်ကလဲ သင်ဘယ်မှာရှိနေလဲဆိုတာကို အများသိအောင် ပြန်လည်မျှဝေနိုင်ပါသေးတယ်။ Location Share ထားတဲ့အချိန်မှာ သွားနေတဲ့… Continue reading သင့်ရဲ့တည်နေရာ၊ မိသားစု၊ချစ်သူ၊ သူငယ်ချင်း စတဲ့နေရာတွေကို နောက်ယောင်ခံလိုက်နိုင်မယ့် Trusted Contact App ကို Google မှ ထုတ်လုပ်

အင်တာနက်မှတစ်ဆင့် မိမိဆက်သွယ်လိုတဲ့ ဖုန်းနံပတ်ကို ဖုန်းခေါ်ခြင်း၊ စာပို့ခြင်း ပြုလုပ်နိုင်မယ့် Text Now App

Text Now Appဆိုတာက  Internetပေါ်ကတဆင့် မိမိကြိုက်နှစ်သက်တဲ့ ဖုန်းနံပါတ်တွေကို ခေါ်ဆိုစာပို့ပေးနိုင်ရန် ရည်ရွယ် ထုတ်လုပ်ထားတဲ့Appတစ်ခုပါ။ အခြားတစ်ဖက်က အင်တာနက်မဖွင့်ထားရင်ဖြစ်ဖြစ်၊ အဲ့ဒီAppကို မထည့်ထားရင်ပဲဖြစ်ဖြစ် ဆိုရင်လည်း ဖုန်းခေါ်ဆိုခြင်း၊ စာပို့ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ပထမဦးစွာ ဒီ Appကို စတင် အသုံးပြုတော့မယ်ဆိုရင် အကောင့်လျောက်ဖို့အတွက် Emailတစ်ခုတော့လိုအပ်ပါတယ်၊ အကောင့်လျောက်ပြီးသွားရင်တော့သင်ဟာ +1နဲ့စတဲ့US ဖုန်းနံပါတ်တစ်ခုတစ်ခုကိုရရှိမှာဖြစ်ပြီး ဤနံပါတ်ဖြင့်သင်ဟာ အမေရိကန်နှင့် ကနေဒါဖုန်းနံပါတ်တွေကိုအခမဲ့စတင်ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ ကျန်ရှိတဲ့နိုင်ငံတကာcodeတွေနဲ့ ဖုန်းနံပါတ်တွေ ကိုခေါ်ဆိုလိုရင်တော့ သင့် အကောင့်ထဲကိုငွေသွင်းပေးရမှာပါ။ USဖုန်းနံပါတ်တစ်ခုကို ရရှိထားတဲ့အတွက် သင့်ဟာ အမေရိက သို့မဟုတ် ကနေဒါ ကိုရောက်နေတဲ့ ဆွေမျိုးတွေဆီဖြစ်ဖြစ်၊ သူငယ်ချင်းတွေဆီပဲဖြစ်ဖြစ် Free call ခေါ်ဆိုနိုင်မှာဖြစ်ပြီး Viber Lineစသဖြင့် ဖုန်းနံပါတ်သုံးပြီး အကောင့်လျောက်ကြရတဲ့ Social Appsတွေအတွက် သင့်သူငယ်ချင်းတွေကို နံပါတ်အသစ်… Continue reading အင်တာနက်မှတစ်ဆင့် မိမိဆက်သွယ်လိုတဲ့ ဖုန်းနံပတ်ကို ဖုန်းခေါ်ခြင်း၊ စာပို့ခြင်း ပြုလုပ်နိုင်မယ့် Text Now App