လူမှုကွန်ရက်ပေါ်က ဖေါ်ပြတဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် EI

ယနေအချိန်အခါမှာ တစ်ကမ္ဘာလုံး လွှမ်းခြုံလာတဲ့ သတင်းနည်းပညာ စွမ်းအားကြောင့် မြန်မာအပါအဝင် နိုင်ငံများစွာမှာ ရှိတဲ့ စီမံအုပ်ချုပ်သူတွေ၊ နိုင်ငံအကြီးအကဲတွေ၊ ထင်ပေါ်ကျော်ကြားတဲ့ လူတွေကအစ သာမန်ပြည်သူတွေအဆုံး သူတို့တွေရဲ့ စိတ်ခံစားမှုတွေ၊ အပြောအဆို၊ အပြုအမူတွေ၊ ဆုံးဖြတ်ချက် တွေကို အချိန်နဲ့တပြေးညီ သိရှိခွင့်ရလာကြပါပြီ။ သတင်းမီဒီယာနယ်ပယ်မှာလည်း သတင်းသမားတွေက သတင်းဦး၊ သတင်းထူးတွေရယူနိုင်ဖို့အတွက် သူ့ထက်ငါတိုးဝှေ့ကာ အထက်ဖေါ်ပြခဲ့တဲ့ ပြောရေး ဆိုခွင့် ရှိသူတွေ၊ ထင်ပေါ်သူတွေဆီ ချဉ်းကပ်မေးမြန်းရင်း သတင်းရယူနေကြတာကို တွေ့ရမှာပါ။ ဒီလိုမေးမြန်းတဲ့အခါ တစ်ချို့ပြောရေးဆိုခွင့်ရှိသူတွေဟာ သတင်းသမားတွေရဲ့ မေးခွန်းနဲ့ သူတို့ဖြေတာတွေဟာ လွဲချော်ပြီးလိုရင်း မရောက်တာတွေ၊ တစ်ချို့က အချက်အလက်သေချာမသိဘဲ မိမိရဲ့ထင်မြင်ယူဆချက်တွေကို ရမ်းသမ်း ပြောဆိုတာမျိုးတွေ ၊ဒီလိုရမ်းသမ်းပြောဆိုတဲ့အတွက် လူတစ်ဦးတစ်ယောက် ဒါမှမဟုတ်လုပ်ငန်းတစ်ခုခုကို ထိခိုက်သွားတာမျိုးတွေ၊ အပြောမှားသွားပြီးမှ သူတပါးကို ထိခိုက်မိသွားတဲ့အတွက် ပြန်တောင်းပန်ရတာတွေကို ကြားသိနေရပါတယ်။… Continue reading လူမှုကွန်ရက်ပေါ်က ဖေါ်ပြတဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် EI

တိုင်းပြည်က သင့်ကို အရေးတကြီး လိုအပ်နေပါသည်

မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။ အဖြူအစိမ်းတွေ လှုပ်လှုပ်ရွရွ မြင်လာရသလို ရင်သွေးရတနာတို့ရဲ့ အနာဂတ်အတွက် မျှော်မှန်းချက်ကြီးစွာထားတတ်ကြတဲ့မိဘတွေရဲ့ ရင်ကိုလည်း မှန်းဝင်ကြည့်မိပါရဲ့။ သားကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မှာ၊ စစ်ဗိုလ်ကြီးလုပ်မှာ ၊ သမီးကတော့ ဆရာဝန်မကြီးလုပ်မှာ အားလုံးကတော့ အတွေးကိုယ်စီနဲ့ပါပဲ။ စာသင်ခန်းတွေဝင်ကြမယ်။ စာကို မနေမနား ကြိုးစားကြမယ်။ ဒီကာလအတွင်း ကလေးတွေရဲ့ ဗီဇနဲ့ဝါသနာပါတဲ့ အရာတွေကိုတောင် မိဘတွေက ခွင့်မပြုချင်ကြဘူး။ ကျောင်းဆိုတာလည်း အမှတ်များဖို့၊ စာမေးပွဲကောင်းကောင်းအောင်ဖို့နဲ့ အောင်ချက်ကောင်းဖို့ကလွဲရင် ဘာကိုမှတန်ဖိုးမထား။ ဆရာတွေဆိုတာကလည်း စာသင်ခန်းထဲရောက်ရင် ငါဆရာ၊ ငါပြောတာသာ မင်းတို့နားထောင်ရမယ်၊ ငါ့ကိုဘာမှဇောဒကမတက်နဲ့ဆိုတဲ့ မပြောင်းလဲတဲ့ အတွေးဟောင်းတွေနဲ့ စာသင်ခန်းကို စိုးမိုးနေရာယူထားတတ်ကြပါတယ်။ ဒီတော့ ကလေးတွေမှာ စာကျက်၊စာလုပ်၊ကျူရှင်၊ဒါတွေကလွဲပြီး ဘာမှ မလုပ်နိုင်တဲ့ ဘာင်ထဲမှာပဲကြီးပြင်းကြရတော့တာပေါ့။ အချိန်တန်ရင် ဉာဏ်ထက်တဲ့ ကလေးတွေက ဆရာဝန် အင်ဂျင်နီယာတွေဖြစ်မယ်။… Continue reading တိုင်းပြည်က သင့်ကို အရေးတကြီး လိုအပ်နေပါသည်

အလုပ်အကိုင်မရှိတာလား မလုပ်ကြတာလား

အလုပ်အကိုင် ဘယ်လိုဘဲ ရှားပါးတယ်ပြောပြော တစ်ကယ်ရှာဖွေတတ်မယ်ဆိုရင် အလုပ်အကိုင် ရှိပါတယ်။ လုပ်ငန်းခွင်တိုင်းမှာ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ ပညာရှင်တွေ အမြဲတမ်းလိုအပ်နေတာပါ။ ဒါကြောင့် သူများတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိဘူး ရှားတယ်ပြောတိုင်း အလုပ်မလုပ်ဘဲနေရစတမ်းဆိုရင် အသက်ကြီးပြီး အချိန်မစီးတဲ့သူ တစ်ယောက်သာ ဖြစ်လာမှာပါ။ ဟုတ်ပါတယ် မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေလောက် လစာမပေးနိုင်ပေမယ့် သာမန်လူတန်းစားအတွက်လောက်တော့ အလုပ်အကိုင်မရှားပါဘူး။ အတန်းပညာမတတ်တဲ့ အောက်ခြေလူတန်းစားအတွက်တော့ မြန်မာနိုင်ငံဟာ အလုပ်အကိုင်နဲ့ ဝင်ငွေ မျှတမှု မရှိပေမယ့် သာမန်လူတန်းစားအတွက်တော့ အလုပ်အကိုင် အဲ့ဒီလောက် မရှားပါဘူး။ သာမန် လူတန်းစားတွေ အနေနဲ့ အလုပ်အကိုင်မရှိဘူးဆိုတာ လွယ်လွယ်နဲ့ပြောကြပေမယ့် အလုပ်အကိုင်ကိုရော လက်တွေ့မှာ ကိုယ်တိုင် ရှာပြီးပြီလား ဆိုတဲ့ မေးခွန်းကို ပြန်လည် ဆန်းစစ်ကြည့်ပါ။ နောက်တစ်ခုက ကိုယ့်မှာ ထိုက်သင့်တဲ့ အရည်အချင်းရှိပြီလား… Continue reading အလုပ်အကိုင်မရှိတာလား မလုပ်ကြတာလား