AT & T ကုမ္ပဏီမှ 5G အင်တာနက်ရမည့် ပထမဦးဆုံးမြို့ကြီးသုံးမြို့ ကြေညာ

ဒီနှစ်ထဲမှာ AT & T တယ်လီကွန်းကုမ္ပဏီမှ 5G Internet ရရှိနိင်မယ့်မြို့ကြီးသုံးမြို့ ကိုကြေညာခဲ့ပါတယ်။ Dallas, Atlanta နှင့် Waco မြို့ကြီးသုံးမြို့ဟာ ၂၀၁၈ မကုန်မီမှာ 5G အင်တာနက်သုံးစွဲခွင့်ရမည်ဟု ပြောကြားခဲ့ပါတယ်။ ထို့အပြင်အခြားမြို့ ၇မြို့ဟာလည်း 5G အင်တာနက်သုံးစွဲရမည်ဟု ကတိပေးခဲ့ပါတယ်။ 5G အင်တာနက်ကိုအပြည့်အဝအသုံးပြုရန် လုပ်ဆောင်ရသည့် လုပ်ငန်းဆောင်တာများဟာ နှစ်နဲ့ကြာအချိန်ယူရတယ်ဟုလည်း ပြောကြားခဲ့ပါတယ်။ ၂၀၁၉ မှာအမေရိက တစ်နိုင်ငံလုံး5G အင်တာနက်အပြည့်အ၀ သုံးစွဲခွင့်ရမယ်ဟု ပြောကြားခဲ့သော်လည်း ဘယ်ဖုန်းအမျိုးအစားက 5G အင်တာနက်ကို သုံးလို့ရမည်ဆိုတာကိုတော့ မပြောကြားခဲ့ပါဘူး။