လီဗာဘူးကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေတဲ့ အူဘာမီယန်း

ဒေါ့မွန်အသင်းရဲ့ဂါဘွန်လူမျိုး တိုက်စစ်မှူး အူဘာမီယန်းဟာ အသင်းကနေ ထွက်ခွာသွားဖို့ အခြေအနေများနေလျက်ရှိပြီး နည်းပြဟောင်း ဂျာဂင်ကလော့ရှိရာ လီဗာဘူးအသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေပါတယ်။ အသက် ၂၇နှစ်အရွယ်ရှိ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီအတွင်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၄၁ ပါဝင်ကစားထားခဲ့ပြီး ၃၈ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ဘွန်ဒက်လီဂါရဲ့ ဂိုးသွင်းချန်ပီယံဆုကိုပါ ရရှိခဲ့ပါတယ်။ ဒီလို လျှမ်းလျှမ်းတောက် ခြေစွမ်းပြသနိုင်ခဲ့ခြင်းကြောင့် အူဘာမီယန်းကို ခေါ်ယူချင်နေတဲ့ ဥရောပအသင်းတွေ များစွာပေါ်ထွက်ခဲ့လာပြီး မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့ကတော့ အထူးတလည်ကို စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒါပေမယ့် အူဘာမီယန်းကတော့ သူရဲ့နည်းပြဟောင်း ဂျာဂင်ကလော့ ကိုင်တွယ်နေတဲ့ လီဗာဘူးအသင်းကို ပြောင်းရွှေ့ကစားလိုနေပြီး လီဗာဘူးအသင်းဘက်ကနေလည်း ပေါင် ၆၁သန်းခန့်လောက်နဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ အူဘာမီယန်းဟာ ၂၀၁၃ခုနှစ်က ပြင်သစ်ကလပ် စိန့်အက်တီယန်ကနေ ဒေါ့မွန်ကို… Continue reading လီဗာဘူးကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေတဲ့ အူဘာမီယန်း