မကြာမှီ ထွက်ရှိမယ့် BMW ရဲ့ 8 Series ဇိမ်ခံကား

မကြာမှီထွက်ရှိမယ့် BMW 8 Series တံခါးနှစ်ပေါက်ပါ ဇိမ်ခံကားကို အီတလီနိုင်ငံမှာ ကျင်းပသော ၂၀၁၇ ခုနှစ်ရဲ့ Concorso d’Eleganza Villa D’Este concept ကားအနေနဲ့ ပြသခဲ့ပါတယ်။ BMW 8 series အတွက် ရှေ့ပြေး Prototype ဒီဇိုင်းများဖြင့် ပြသခဲ့ပြီး တံခါးနှစ်ပေါက်ပါကားဖြစ်တဲ့အတွက် လူနှစ်ယောက်သာ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဇိမ်ခံပြိုင်ကား ဒီဇိုင်းအမျိုးအစားဖြစ်ပြီး ကာဗွန်ဖိုက်ဘာနဲ့ တည်ဆောက်မှာဖြစ်တဲ့အတွက် ပေါ့ပါးမှုရှိစေမယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ရှေ့ပြေးဒီဇိုင်းအနေနဲ့သာ ရှိပြီး ထုတ်လုပ်ရောင်းချမယ့် အချိန်ကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ Zawgyi Font : မကြာမှီ ထွက်ရှိမယ့် BMW ရဲ့ 8 Series ဇိမ်ခံကား မကြာမှီထွက်ရှိမယ့် BMW… Continue reading မကြာမှီ ထွက်ရှိမယ့် BMW ရဲ့ 8 Series ဇိမ်ခံကား

Samsung မှ Harman ကို ဝယ်ယူခြင်း သို့မဟုတ် Samsung ၏ သမိုင်းဝင်နေ့ရက်

တောင်ကိုးရီးယားနည်းပညာလုပ်ငန်း အုပ်စုကြီးတစ်ခုဖြစ်တဲ့ Samsung ဟာ အမေရိကန် အီလက်ထရွန်းနစ်လုပ်ငန်း တစ်ခု ဖြစ်တဲ့ Harman ကို အမေရိကန်ဒေါ်လာ ၈ ဘီလီယံနဲ့ အပြီးပိုင်ဝယ်ယူလိုက်ကြောင်း Samsung မှ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ Harman ဟာ လူသုံးကုန်အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ မော်တော်ကားကုမ္ပဏီအတော်များများအတွက် အီလက်ထရွန်းနစ် ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး Samsung က Harman ကုမ္ပဏီကို အပြီးပိုင် ဝယ်ယူလိုက်တဲ့အတွက် Samsung ဟာ မော်တော်ကားထုတ်လုပ်ရေးဘက်ကို ဦးတည်လာပြီလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် Samsung ရဲ့ သက်တမ်းတစ်လျှောက်မှာ လုပ်ငန်းတွေကို ဝယ်ယူလိုက်တဲ့အကြီးမားဆုံး ငွေကြေးပမာဏလဲ ဖြစ်ပါတယ်။ Samsung အနေနဲ့ Harman ကို Samsung ရဲ့လုပ်ငန်းကြီးများအောက်မှ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထားရှိသွားမှာ ဖြစ်ပြီး လက်ရှိမှာ… Continue reading Samsung မှ Harman ကို ဝယ်ယူခြင်း သို့မဟုတ် Samsung ၏ သမိုင်းဝင်နေ့ရက်