ကလေးတွေအတွက် လုံခြုံနွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခု ဘယ်လိုဖန်တီးရမလဲ

ကလေးတွေ ကစားနေတာက သူတို့ရဲ့ လေ့လာစူးစမ်းစိတ်ကို အသုံးချနေကြတာပါ။ ဒါကြောင့် ကလေးက ဆော့လို့ ဘာညာတွေဖြစ်ရတာဆိုပြီး မငြိုငြင်နေပါနဲ့။  ကလေးတွေထိခိုက်ဒဏ်ရာရမှာကို မိဘတိုင်းက စိတ်ပူတတ်ကြတာကြောင့် ကလေးတွေ ဆော့ကစားတဲ့နေရာပြုလုပ်ရာမှာ အန္တရာယ်ကင်းပြီး ချစ်စရာကောင်းတဲ့နေရာတွေကို ဖန်တီးပေးသင့်ပါတယ်။ ကလေးက ဆော့ကစားနေတဲ့အချိန်မှာလည်း လူကြီးတစ်ယောက်ယောက်က အမြဲစောင့်ကြည့်နေဖို့ လိုပါတယ်။ ကလေး၏ အိပ်ယာ ကလေးရဲ့အိပ်ယာက အမြဲသန့်ရှင်းသပ်ရပ်နေဖို့ အင်မတန်လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ အိပ်ယာခင်းက သေးတစ်ခါ စိုသွားတိုင်း၊ ညစ်ပေသွားတိုင်း လျှော်ဖွတ်ပေးဖို့ လိုပါတယ်။ ကလေးဟာ အိပ်ရာထဲမှာ ဆော့ကစားတဲ့အခါ အိပ်ရာနဲ့ ခေါင်းအုံးတွေကြောင့် ဓာတ်မတည့်မှုဖြစ်နိုင်လို့ပါ။ ပြင်ပ ပတ်ဝန်းကျင် ကလေးတွေက သစ်ပင်တွေ၊ သစ်ပင်တွေ၊ သစ်ရွက်တွေ၊ ပန်းပွင့်တွေကို ထိတွေ့ကိုင်တွယ်ပြီး ဆော့ကစားရတာကို သဘောကျနေတတ်ပါတယ်။ ကလေးတွေကို ပြင်ပပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ပေးလိုက်ပါ။… Continue reading ကလေးတွေအတွက် လုံခြုံနွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခု ဘယ်လိုဖန်တီးရမလဲ

ကလေးများ အဝမလွန်စေရန် နို့ဘူးမတိုက်သင့်

လမ်းလျှောက်တတ်စ သင့်ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိစေလိုပါသလား။ သူ့ကို နို့ဘူးမတိုက်ပါနဲ့။ အသက် ၂ နှစ်အရွယ်အထိ နို့ဘူးစို့တဲ့ ကလေးတွေက အဝလွန်နိုင်ခြေ ပိုများကြောင်း ကလေးကျန်းမာရေးဂျာနယ်ရဲ့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ နို့ဘူးကို အဓိက စို့တဲ့ ဒါမှမဟုတ် အသက် ၂ နှစ်အရွယ်အထိ အိပ်ရာထဲမှာ နိုု့ဘူးစို့ကာ အိပ်လေ့ရှိတဲ့ကလေး ၂၃ရာခိုင်နူန်းနီးပါးဟာ အသက်ငါးနှစ်ခွဲအရွယ်ရောက်ချိန်မှာ အဝလွန်လာကြကြောင်း အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ နို့ဘူးမစို့တဲ့ ကလေးတွေအနက် ၁၆ ရာခိုင်နူန်းကသာ ဒီအသက်အရွယ်မှာ အဝလွန်တတ်ကြပါတယ်။ ၂၀၁၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကလေးတွေကို လေ့လာခဲ့ရာ ၂ နှစ်အရွယ်အထိ နို့ဘူးစို့တဲ့ ကလေးတွေက အသက်ငါးနှစ် အရွယ်မှာ အဝလွန်နိုင်ခြေ ၃၀ ရာခိုင်နူန်းရှိတာကို တွေ့ခဲ့ရပါတယ်။ နို့ဘူးစို့တဲ့… Continue reading ကလေးများ အဝမလွန်စေရန် နို့ဘူးမတိုက်သင့်