သင်မသိသေးတဲ့ ဆေးလိပ်အတွင်းမှာ နေထိုင်နိုင်တဲ့ ရောဂါပိုးများ

ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာ လူတိုင်းသိထားကြပေမယ့် ဆေးလိပ်အတွင်းမှာ ကပ်ညိပါဝင်နိုင်တဲ့ ရောဂါပိုးတွေကိုကျတော့ လူသိနည်းပါတယ်။ ဒါ့အပြင် ဒီရောဂါပိုးတွေဟာ ဆေးလိပ်မီးထဲမှာ မသေနိုင်ကြသလို အငွေနဲ့အတူလဲ ပတ်ဝန်းကျင်ကိုလည်း ကူးစက်နိုင်စွမ်းရှိကြပါတယ်။ စိုစွတ်နေတဲ့ ဆေးလိပ်တွေမှာ ပိုအဖြစ်များနိုင်သလို ဆေးလိပ်ကို ထည့်သွင်းသိမ်းဆည်းထားတဲ့ နေရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အောက်ဖော်ပြပါ ရောဂါပိုးတွေကတော့ ဆေးလိပ် အတွင်းမှာ တွယ်ညိနေထိုင်နို်င်တဲ့ ဘတ်တီးရီးယားတွေရဲ့ အကြောင်းဖြစ်ပါတယ်။ ၁။ သွေးနဲ့ အဆုတ်ကို ကူးစက်ရောဂါဝင်စေတတ်တဲ့ ပိုး Aninetobacter ၂။ အစာအဆိပ်သင့်ခြင်းနဲ့ ဒေါင့်သန်းရောဂါဖြစ်စေတတ်တဲ့ ပိုး Bacillus ၃။ အသက်ရှူလမ်းကြောင်းကို ကူးစက်တတ်သောပိုး Burkholderia ၄။ အစာအဆိပ်သင့်ပြီး ဖျားနာခြင်း၊ အဆုတ်အတွင်းသို့ ဝင်လာနိုင်သော ပိုး Clostridium ၅။ အဆုတ်၊ သွေးနှင့် တခြားကူစက်ရောဂါတို့နဲ့ ဆက်စပ်နေသောပိုး… Continue reading သင်မသိသေးတဲ့ ဆေးလိပ်အတွင်းမှာ နေထိုင်နိုင်တဲ့ ရောဂါပိုးများ

ရောဂါပိုး ကူးစက်မခံရအောင် ဘယ်လိုနေရာတွေကို ဂရုစိုက်သင့်သလဲ

ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ရောဂါပိုးတွေက မျက်စိနဲ့မမြင်ရတဲ့ လေထုလိုနေရာမျိုးတွင်သာမက လက်နဲ့ကိုင် တွယ်လို့ရတဲ့ အရာဝတ္ထုတွေ အပေါ်မှာပါ ရောဂါပိုးတွေက ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ လှုပ်ရှားသွားလာနေသူတွေ အနေနဲ့ဘဲ ရောဂါပိုးကူးစက်မခံရအောင် အောက်ပါနေရာတွေကို ဂရုစိုက်ပေးပါ။ အားကစားခန်းမ ချွေးထွက်တာ၊ ပူတာနဲ့ လူများစွာရှိနေတတ်တဲ့ ဒီနေရာမှာ လေ့ကျင့်ခန်းသုံးပစ္စည်းတွေကနေတစ်ဆင့် ဘက်တီးတီးရီးတွေ သင့်ကို ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် Fitness Centreတွေမှာ လေ့ကျင့်ခန်းသုံးပစ္စည်းတွေကို လူတစ်ယောက်အသုံးပြုပြီးတိုင်း နောက်တစ်ယောက်အသုံးမပြုမှီ သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။ ရေပိုက်ခေါင်း ရေကူးကန်နဲ့ အများသုံးရေအိမ်သာက ရေပိုက်ခေါင်းတွေဟာ ဘက်တီးရီးယားများစွာရှိနေတတ်တဲ့ နေရာပါ။ သင်က လက်ကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီးလို့ ရေပိုက်ခေါင်းကိုပြန်ပြီး ပိတ်တဲ့အချိန်မှာ သင်ဆေးထားတဲ့လက်ကို ပြန်ပြီးညစ်ပတ်သွားစေတယ်ဆိုတာ သင်ကိုယ်တိုင်တောင် သိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရေဆေးပြီးတဲ့အချိန်မှာ ရေပိုက်ခေါင်းကို တစ်သျူး ဒါမှမဟုတ်… Continue reading ရောဂါပိုး ကူးစက်မခံရအောင် ဘယ်လိုနေရာတွေကို ဂရုစိုက်သင့်သလဲ