ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာသွားဖို့ အစီအစဉ်ရှိနေတဲ့ ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဒဏ်ရာတွေနဲ့ လုံးပန်းနေရပြီး ပုံမှန်ပွဲထွက်ခွင့်တွေပါ ပျောက်ဆုံးနေရတဲ့ ဝေးလ်လက်ရွေးစင် ကစားသမား ဂါရတ်ဘေးလ်ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ စွန့်ခွာသွားဖို့ စဉ်းစားနေပြီလို့ သိရှိရပါတယ်။ အသက် ၂၇နှစ်အရွှယ်ရှိ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာပြသနာများကြောင့် ဒီနှစ်ဘောလုံးရာသီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲပေါင်း ၁၃ပွဲနဲ့ ချန်ပီယံလိဂ်ပွဲပေါင်း ၄ပွဲအထိကို လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် ဒဏ်ရာအရှိန်များကြောင့် ကစားပုံပါ ကျဆင်းလာခဲ့ပြီး ရီးရဲလ်နည်းပြ ဇီးဒန်းက ဘေးလ်မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ကိုသာ ပွဲထွက်ကစားသမားအဖြစ် စိတ်ဆန္ဒပြင်းပျနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘေးလ်အနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွေ့မှာ ရီးရဲလ်ကနေ ထွက်ခွာပြီး သူကိုပုံမှန်နေရာပေးနိုင်တဲ့ အသင်းတစ်သင်းကို ပြောင်းရွေ့ကစားဖို့ အလိုရှိနေတာဖြစ်ပါတယ်။ မီဒီယာတစ်ခုရဲ့ ထုတ်ဖော်ချက်အရ ဘေးလ်ဟာ မန်ယူ ၊ ချဲလ်ဆီး ၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကိုသာ ပြောင်းရွေ့လိုကြောင်း… Continue reading ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာသွားဖို့ အစီအစဉ်ရှိနေတဲ့ ဂါရတ်ဘေးလ်