မြန်မာပြည်က ဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေ အမှန်တစ်ကယ် ကောင်းမွန်နေပြီလား

ခေါင်းစဉ်ကြည့်လိုက်ရင် အူကြောင်ကျားနိုင်တယ်လို့ ထင်ရပေမယ့် လက်တွေ့မှာလဲ အူကြောင်ကျားပါဘဲ ခင်ဗျာ။ ဘဏ်ဘဲဟာ.. ကိုယ်ပိုက်ဆံသွင်းထားရင် ပိုက်ဆံထုတ်လို့ရမှာပေါ့လို့ စဉ်းစားစရာရှိပေမယ့် လက်တွေ့မှာ အချိန်ဘယ်လောက်စောင့်ရလဲဆိုတာ စာဖတ်သူ ပရိတ်သတ်တို့လည်း သိမှာပါ။ လူတိုင်း လူတိုင်းမှာ တန်ဖိုးရှိတဲ့ အချိန်တွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ အချိန်တစ်ချို့ကို ဘဏ်တွေရဲ့ ဝန်ဆောင်မှုအချို့ကြောင့် အလကားသတ်သတ် ဆုံးရှုံးလိုက်ရပါတယ်။ ၁။ ငွေလွှဲခြင်း ငွေလွှဲတဲ့ အပိုင်းကိုကြည့်မယ်ဆိုရင် အချို့ဘဏ်တွေမှာ ဝန်ဆောင်မှု မြန်ဆန်သလို တစ်ချို့ဘဏ်တွေမှာ နာရီနဲ့ ချီပြီး စောင့်ရတာမျိုး တွေရှိပါတယ်။ တစ်ခါတစ်လေလား ဆိုတော့လည်း အမြဲတမ်းဖြစ်နေတာပါဘဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင် ဘဏ်စာအုပ်ထဲ ပိုက်ဆံထည့်တာတောင် မနက် ၁၀ နာရီကနေ စောင့်လိုက်တာ နေ့လည် ၁၂ နာရီထိုးတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါတောင်… Continue reading မြန်မာပြည်က ဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေ အမှန်တစ်ကယ် ကောင်းမွန်နေပြီလား