သင်ရေချိုးတိုင်း ဘာတွေမှားနေလဲ

သင်ရေချိုးတိုင်း ဘာတွေမှားနေပါသလဲ။ အမေရိကမှာ တော့ လူတစ်ဦး ရေချိုးချိန်ဟာ ပျမ်းမျှ ၈ မိနစ်ပါပဲ။ ဒါတောင် ဒီနှုန်းနဲ့ဆိုရင် တစ်နှစ်ရေချိုးချိန်ဟာ ၄၈ နာရီ(သို့) (၂)ရက်ကြာပါလိမ့်မယ်။ ဒါကြောင့် ရေမချိုးတတ်ရင် ရေဖိုးကုန်ကျခြင်း၊ အချိန်ဖြုန်းခြင်းဆိုတဲ့ အမှားကို သင်ကျူးလွန်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရေချိုးတိုင်း သင်မှားနေတဲ့အမှား နံပါတ်(၁)ကတော့ ရေကိုကြာမြင့်စွာ ချိုးခြင်းပဲဖြစ်ပါတယ်။ လေ့လာချက်တွေအရ အမေရိကန်မှာပျှမ်းမျှ ရေ (၅)မိနစ်ပဲ ချိုးတဲ့လူဟာ ရေ(၂၇.၂)ဂါလံပဲ သုံးတဲ့အတွက် တစ်နှစ်ကို ရေဂါလံပေါင်း (၂၇၀၀) သက်သာစေတယ်လို့ ဆိုပါတယ်။ နောက်ထပ် သင်မှားတတ်တဲ့ အမှားနံပါတ်(၂) ကတော့ ရေချိုးပြီးမှ ခေါင်းလျှော်ခြင်းပဲဖြစ်ပါတယ်။ ရေချိုးပြီးမှ ခေါင်းလျှော်တာ ဖြစ်တဲ့အတဲ့အတွက် ခေါင်းလျှော်ရည်တို့ Conditioner တွေရဲ့ အကြွင်းအကျန်တွေ ကျန်တတ်ပါတယ်။ နံပါတ်(၃) အမှားတော့… Continue reading သင်ရေချိုးတိုင်း ဘာတွေမှားနေလဲ

ရေချိုးကန်အတွင်း ရေပူနဲ့ ရေစိမ်ချိုးပေးခြင်းရဲ့ အကျိုးကျေးဇူး ၅ ချက်

တစ်ခါတစ်လေ သေးငယ်တဲ့ အရာလေးတွေကနေ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိတတ်လေ့ရှိပါတယ်။ ဒီထဲမှာ ရေပူနဲ့ ရေစိမ်ချိုးပေးခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် ရေပူနဲ့ ရေစိမ်ချိုးရခြင်းရဲ့ အကျိုးကျေးဇူး ( ၅ ) ချက်ကို စုစည်းတင်ပြလိုက်ရပါတယ်။ ( ၁ ) သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း ရေချိုးကန်အတွင်း ခန္ဓာကိုယ်တစ်ခုလုံးကို လည်ပင်းလောက်အထိ ရေပူထဲမှာ စိမ်ပေးထားခြင်းဟာ ကိုယ်အတွင်းရှိ သွေးကြောတွေအတွက် လေ့ကျင့်ခန်းလုပ်ပေးခြင်းလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေဟာ ခန္ဓာကိုယ်အတွက် ရုပ်ပိုင်းဆိုင်ရာဖိအားတစ်မျိုးကို ဖန်တီးပေးနိုင်ပြီး နှလုံးရဲ့ စွမ်းဆောင်ရည်ကို တိုးမြင့်လာစေနိုင်တာကြောင့်ဖြစ်ပါတယ်။ ရေထဲမှာ ခန္ဓာကိုယ် ရောက်ရှိနေချိန်ဆို နှလုံးခုန်နှုန်းဟာ မြန်ဆန်လာပြီး နှလုံးကိုပိုပြီး အားသန်စေလာပါတယ်။ ဒါကြောင့် ရေပူထဲမှာ ခန္ဓာကိုယ်ကို နှစ်ထားခြင်းဟာ နှလုံးသွေးလည်ပတ်မှုကို အဓိကကောင်းမွန်စေနိုင်ပါတယ်။ ( ၂… Continue reading ရေချိုးကန်အတွင်း ရေပူနဲ့ ရေစိမ်ချိုးပေးခြင်းရဲ့ အကျိုးကျေးဇူး ၅ ချက်