မိမိနဲ့ လိုက်ဖက်တဲ့ အနီရောင်နှုတ်ခမ်းနီ အမျိုးအစား ဘယ်လိုရွေးချယ်မလဲ

ကိုးရီးယား ဇာတ်လမ်းတွဲတွေ ခေတ်စားပြီနောက်ပိုင်းမှာ မြန်မာမိန်းကလေးအများစုရဲ့ ဆင်ယင် ခြယ်သမှုတွေကလည်း ကိုးရီယားမင်းသမီးလေးတွေလို သဘာ၀ အသွေးအရောင်တွေ အတိုင်းသာ ပြင်ဆင်ခြယ်သလာကြပါတယ်။ တစ်ချိန်က နှုတ်ခမ်းနီဆိုရင် အနီရဲလေးကိုသာ နှုတ်ခမ်းသားပေါ်မှာ ဆိုးခဲ့ပေမဲ့ အခုတော့ သဘာဝနှုတ်ခမ်းရောင်အတိုင်းသာ ဆိုးလာတတ်ကြပါတယ်။ ဒါပေမဲ့ အနီရောင်နှုတ်ခမ်းလေးက စွဲမက်ဖွယ်နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်တယ်ဆိုတာကိုတော့ သင်ငြင်းမှာမဟုတ်ပါဘူး။ မိန်းကလေးအများစုက အနီရောင်နှုတ်ခမ်းနီဆိုးရမှာကို မဝံ့မရဲ ဖြစ်တတ်ကြပါတယ်။ အကြောင်းရင်းကတော့ အသားအရေနဲ့ မလိုက်ဖက်မှာကို စိုးရိမ်ပူပန်မိတာကြောင့်ပါ။ ဒါ့အပြင် ကိုယ်နဲ့လိုက်ဖက်တဲ့ အနီရောင်ကို မရွေးချယ်နိုင်တာကြောင့် အနီရောင်နှုတ်ခမ်းနီဆိုးဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးရတာကြောင့်ပါ။ သင့်အသားရေနဲ့ လိုက်ဖက်တဲ့ အနီရောင်နှုတ်ခမ်းနီကို ရွေးခြယ်နိုင်အောင် အနီရောင်မှာ အရောင်သုံးမျိုးရှိပြီး ဘယ်လိုအသားအရောင်မျိုးနဲ့ လိုက်ဖက်တယ်ဆိုတာကို ခိုင့်ရဲ့ စာဖတ်ပရိသတ် ညီအစ်မတွေ သိအောင် ရေးသားလိုက်ပါတယ်။ လိမ္မော်ရောင်သမ်းသော အနီရောင် သင်ဟာ… Continue reading မိမိနဲ့ လိုက်ဖက်တဲ့ အနီရောင်နှုတ်ခမ်းနီ အမျိုးအစား ဘယ်လိုရွေးချယ်မလဲ

မဟာသင်္ကြန်အတွင်းမှာ အသားအရည် မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

သင်္ကြန်ချစ်သူတွေ မျှော်လင့်စောင့်စားနေကြတဲ့ အတာသင်္ကြန်ပွဲကြီးကတော့ နီးကပ်လို့လာပါပြီ။ သင်္ကြန်တွင်းမှာ အလှဆုံး၊ အထင်ရှားဆုံးလည်း ဖြစ်ချင်ကြမှာပါ။ သင်္ကြန်တွင်း ဝတ်ဖို့ ဝတ်စုံတွေကလည်း ရွေးချယ်ပြီးလောက်ရာပေါ့။ အရေးကြီးတဲ့အချက်အနေနဲ့ သင်္ကြန်တွင်းနွှဲပျော်မဲ့သူတွေကို အသားအရေ ကျန်းမာလှပနေအောင် လိုက်နာသင့်တဲ့အချက်တွေကို ခိုင်က အကြံပြုချင်လို့ပါရှင့်။ နေရောင်ကာခရင်မ်လိမ်းပါ သင်္ကြန်မှာ ရေစိုခံနေရောင်ကာခရင်မ်ကို မျက်နှာမှာတင်မက လည်ပင်း၊ လက် စတဲ့ အရေပြားနေရာတွေကိုပါ များများလိမ်းပေးပါ။ နေရောင်ကာခရင်မ်ဘူးကို ဆောင်ထားပြီး အချိန်နှစ်နာရီလောက်ကြာတိုင်းထပ်မံ လိမ်းပေးပါ။ ဆေးလိပ်လုံးဝမသောက်ပါနဲ့ ခရမ်းလွန်ရောင်ခြည်ပြီးရင် အသားအရေအတွက် ဒုတိယအဆိုးဆုံးရန်သူကတော့ ဆေးလိပ်ပါ။ ဆေးလိပ်အလွန်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် မျက်နှာပြင်အရေးကြောင်း ဖြစ်နိုင်ခြေ ငါးဆပိုများသလို အရေပြားကင်ဆာဖြစ်နိုငခြေလည်း ပိုများပါတယ်။ ဆေးလိပ်သောက်တာက ဆံချည်မျှင်သွေးကြောတွေနဲ့ သွေးလွှတ်ကြောတွေကို ထိခိုက်စေပြီး အရေပြားဆီကို သွေးစီးဆင်းရောက်ရှိမှု လျော့ကျစေတာကြောင့်ပါ။ အချိန်ဆယ်မိနစ်လောက် ဆေးလိပ်သောက်ရုံနဲ့တင် အရေပြားဆီ အောက်ဆီဂျင်ပံ့ပိုးမှုက… Continue reading မဟာသင်္ကြန်အတွင်းမှာ အသားအရည် မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

သွားပိုးစားခြင်းက ကူးစက်တတ်သလား?

သွားပိုးစားခြင်းဆိုတာက သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်ရတာဖြစ်ပြီး နောက်ဆုံးစားကြွင်းစားကျန်တွေက သွားတွေမှာ ကပ်ငြိကာ ပေါက်ဖွားတတ်ပါတယ်။ ဒီဘက်တီးရီးယားတွေက အက်ဆစ်တွေကို ထွက်စေပြီး သွားတွေကို တိုက်စားစေပါတယ်။ သွားပိုးစားတဲ့ မိဘကနေ ကလေးငယ်ဆီ အစာတွေကို ကြိတ်ဝါးကျွေးရာကတဆင့် ၊ အစားအစာပူ၊ မပူ အရင် မြည်းငုံကျွေးရာက တဆင့် သွားပိုးစားတဲ့ ဘက်တီးရီးယားပိုးတွေ ကူးစက်စေနိုင်ကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ဒါ့အပြင် ဘဝအဖော်တွေဟာ တစ်ယောက်နဲ့တစ်ယောက် နမ်းရှုပ်ရာကနေလည်း သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေ ကူးစက်စေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ လေ့လာမှုတစ်ရပ်အရ အရင်တုန်းက တစ်ခါမှ သွားပိုးစားခြင်းမရှိခဲ့ဖူးတဲ့ အသက် ၄၀အရွယ်အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်သွားပြီး သွားပိုးစားရောဂါရခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကျန်းမာရေးကောင်းအောင် တစ်နေ့မှာ အနည်းဆုံးနှစ်ကြိမ် သွားတိုက်ဖို့နဲ့ သွားပွတ်ကြိုးသုံးဖို့… Continue reading သွားပိုးစားခြင်းက ကူးစက်တတ်သလား?

မျက်ကွင်းညိုသူများအတွက် ကွန်ဆဲလ်လာ အရောင်ရွေးခြယ်ခြင်း

မျက်ကွင်းညိုသူတွေဟာ မိတ်ကပ်လိမ်းခြယ်ပြီးသည့် တိုင်အောင် မျက်လုံးဘေးက ညိုနေတဲ့ အသားအရေကို ကောင်းကောင်းမဖုံးနိုင်တာကြောင့် ကွန်ဆဲလ်လာကို မဖြစ်မနေသုံးပေးသင့်ပါတယ်။ သင်ရွေးခြယ်မဲ့ ကွန်ဆဲလ်လာအရောင်ဟာ မိတ်ကပ်အရောင်ထက် ပိုပြီးတောက်တဲ့အရောင်ကို သုံးရမှာပါ။ မျက်ကွင်းက ပိုပြီးညိုလေလေ ကွန်ဆဲလ်လာ အရောင်ပိုလင်းတာကို သုံးပေးရမှာပါ။ -ခရမ်းနုရောင်သန်းနေတဲ့ မျက်ကွင်းအတွက် သုံးသင့်တဲ့ ကွန်ဆဲလ်လာအရောင်က အဝါရောင်သန်းတာကို ရွေးပါ။ -အပြာနုရောင်သန်းနေတဲ့ မျက်ကွင်းဆိုရင်တော့ လိမ္မော်ရောင်သန်းတဲ့ ကွန်ဆဲလ်လာကို ရွေးပါ။ -အနီရောင်သန်းတဲ့ မျက်ကွင်းအတွက် သံလွင်ဆီရောင်လို ကွန်ဆဲလ်လာကို ရွေးပါ။ -အညိုရောင်သန်းတဲ့ မျက်ကွင်းဆိုရင်တော့ ပန်းခရမ်းရောင်သန်းတဲ့ ကွန်ဆဲလ်လာကို ရွေးပါ။ မျက်နှာသစ်ပြီးချိန်မှာ မှန်ထဲမှာကြည့်လို့ မြင်ရတဲ့ မျက်ကွင်းအရောင်ကို သေချာကြည့်ပြီး မှန်ကန်တဲ့ ကွန်ဆဲလ်လာကို ရွေးချယ်ဝယ်ယူပါ။ ကွန်ဆဲလ်လာကို လိမ်းခြယ်ရာမှာ ဖြည်းဖြည်းနဲ့ ညင်သာစွာ လိမ်းခြယ်ဖို့ လိုအပ်ပြီး လက်နဲ့… Continue reading မျက်ကွင်းညိုသူများအတွက် ကွန်ဆဲလ်လာ အရောင်ရွေးခြယ်ခြင်း

မျက်နှာပြင်မှာ ချွေးပေါက်လေးတွေ မကျယ်စေဖို့

မှန်ထဲမှာ အနီးကပ်ကြည့်မိတဲ့အခါ နှာခေါင်းနဲ့ ပါးပြင်ပေါ်က ချွေးပေါက်ကလေးတွေကို သင်မြင်တွေ့ရမှာပါ။ ချွေးးပေါက်ကလေးတွေ သိပ်ကျယ်နေတဲ့အခါ သင့်အသားအရေကိုကြည့်ရတာ အရင်ကလို နူးညံ့မှုမရှိတော့ဘူးလို့ ထင်မြင်နိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်လေးတွေ ကျဉ်းအောင် အောက်ပါနည်းလမ်းလေးတွေနဲ့ ထိန်းသိမ်းလိုက်ပါ။ နေရောင်ကာ ခရင်မ်လိမ်းပါ နေရောင်ခြည်က နူးညံ့ချောမွေ့တဲ့ အသားအရေကို ဖြစ်စေတဲ့ ကော်လဂျင်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ နေရောင်ကာဆီ လိမ်းပေးပါ။ အိပ်ခါနီးမှာ မျက်နှာသန့်စင်ပါ။ တစ်နေကုန်သင်ဘယ်လောက်ပဲ မောပန်းနေပါစေေ။ မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်နဲ့ ကပ်ငြိနေတဲ့ဖုန်မှုန့်တွေ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ဖို့ ညအိပ်ရာဝင်ခါနီးမှာ မျက်နှာသစ်ဖို့ မမေ့ပါနဲ့။ သင်က မိတ်ကပ်၊ ပေါင်ဒါ၊ နှုတ်ခမ်းနီတွေကို အသုံးပြုလေ့ရှိပေမဲ့လည်း မျက်နှာမှာရှိတဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားဖို့ သင့်မျက်နှာကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ဆယ်လီစလစ်အက်ဆစ်ပါတဲ့ ဆပ်ပြာအသုံးပြုပါ… Continue reading မျက်နှာပြင်မှာ ချွေးပေါက်လေးတွေ မကျယ်စေဖို့

ကမ္ဘာ့ အလှဆုံး မျက်ဝန်းပိုင်ရှင် ၁၀ ဦး

မျက်လုံးချင်းဆုံတော့ ရင်ခုန်တယ်ဆိုတဲ့ အရေးအဖွဲ့မျိုးကို ကြားဖူးကြမှာ ဖြစ်သလို ရင်လည်းခုန်ဖူးကြမှာပါ။ တကယ်ပါ ဒီကမ္ဘာမှာ  ညှို့မျက်ဝန်းတစ်စုံကြောင့် ဈာန်လျှော့ခဲ့ကြရတဲ့ ပုရိသတွေကိုသာ မှတ်တမ်းပြုနိုင်မယ်ဆိုရင် နည်းမယ်မထင်ပါဘူး။   ဒီမျက်ဝန်းတွေကြောင့် ထင်ပေါ်ကျော်ကြား လူသိများပြီး ကမ္ဘာကျော်လာတဲ့ မျက်ဝန်းပိုင်ရှင်တွေလည်းရှိကြလေရဲ့။ သူတို့ကဘယ်သူတွေလဲ။အထင်ပေါ်ဆုံး(၁၀)ဦးကို ဖေါ်ပြပါမယ်။ (၁၀) Charlize Theron သူမက တောင်အာဖရိက သရုပ်ဆောင်၊မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင်လုပ်ငန်းကို အမေရိကမှာစတင်ခဲ့ပြီး ၁၉၉၀ခုနှစ်တွေနောက်ပိုင်းမှာမှ ထင်ပေါ်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ အင်မတန် ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းကိုပိုင်ဆိုင်ထားသူပါ။ Monster ဇာတ်ကားမှာ အဓိကသရုပ်ဆောင်အဖြစ် အော်စကာဆုရခဲ့သူဖြစ်ပါတယ်။ (၉) Milla Jovovich အမေရိကန် သရုပ်ဆောင်၊မော်ဒယ်၊ ဂီတပညာရှင်နဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။သိပ္ပံရသနဲ့ အက်ရှင်အသားပေးရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ပါတယ်။ ဒါ့အပြင် VH1 ဂီတ ရုပ်သံလိုင်းမှာတော့ ဘုရင်မတစ်ပါးပါပဲ။ (၈) Celina Jaitley အိန္ဒိယနိုင်ငံ… Continue reading ကမ္ဘာ့ အလှဆုံး မျက်ဝန်းပိုင်ရှင် ၁၀ ဦး

Taylor Swift ပြောတဲ့ အသားအရေ လှပခြင်းရဲ့ လျို့ဝှက်ချက်

Taylor Swift ရဲ့ တေးသံချိုချိုလေးတွေနဲ့  ဖြူဖွေးပြီး အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို တွေ့ဖူးကြမှာပါ။ သူဟာ sexyလည်းသိပ်မကျဘဲ ချစ်စရာကောင်းသလို အသားအရေကလည်း သန့်စင်ကြည်လင် ချောမွေ့နေပါတယ်။ သူ့အနေနဲ့ ဆံပင်နဲ့အသားအရေထိန်းသိမ်းမှုအပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုပြုပြင်ထိန်းသိမ်းသလဲဆိုတာ သူမရဲ့ FANတွေသိချင်တယ်ဆိုလို့ Allure မဂ္ဂဇင်းမှသွားရောက်မေးမြန်းခဲ့စဉ် သူမက ဒီလိုဖြေကြားခဲ့ပါတယ်။ တေလာ့ဆံပင်က အကောက်လှိုင်းတွေရှိတယ်နော် ဒီဆံပင်ကို ဘယ်လိုပုံဖော်ပြုပြင်ပါသလဲ ခင်ဗျ ကျွန်မဆံပင်က နဂိုကောက်ပါ။ တချို့ ရက်တွေမှာတော့ ဆံပင်ကို ဒီတိုင်းပဲ ထားလိုက်ပါတယ်။ ဒါပေမဲ့တချို့ရက်တွေမှာ အိပ်ရာကနိုးလာလို့ ဆံပင်တွေ ပွရှုပ်နေရင် အခွေကောက်လေးတွေဖြစ်အောင် ကောက်တံနဲ့ လိပ်ပြီးကောက်လိုက်ပါတယ်။  ဆံပင်သုံးပစ္စည်းအနေနဲ့ ဘာမှမသုံးပါဘူး။ ဆံပင်ပေါ်မှာMousseတွေများပြီး ကပ်နေတာကို ကျွန်မ မကြိုက်လို့ပါ။ အနီရောင်နှုတ်ခမ်းဆိုးဆေးဆိုးတဲ့အခါ တစ်နေ့လုံးခံအောင် ဘယ်လိုလုပ်ပါသလဲ ဒါက မိတ်ကပ်ပညာရှင်တွေဆီကနေ လေ့လာသိရှိခဲ့ရတဲ့… Continue reading Taylor Swift ပြောတဲ့ အသားအရေ လှပခြင်းရဲ့ လျို့ဝှက်ချက်

ကမ္ဘာ့ဈေးအကြီးဆုံး နှုတ်ခမ်းနီ

မိန်းကလေး တစ်ယောက်အနေနဲ့ အိမ်ပြင်ထွက်တဲ့အခါ မေ့ကျန်လို့ မဖြစ်တဲ့အရာဟာ နှုတ်ခမ်းနီ ဆိုးဆေးတစ်တောင့်ဆိုရင် သင်အံ့သြကောင်း အံ့သြနေပါလိမ့်မယ်။ မိန်းကလေးအများစုဟာ နှုတ်ခမ်းနီ မဆိုးဘဲ အိမ်ပြင်ထွက်ရင် အဝတ်မပါဘဲထွက်သလို ခံစားကြရတယ်တဲ့။ မိန်းကလေးတွေကို ဒီလောက်တောင် လွှမ်းမိုးတဲ့ နှုတ်ခမ်းနီတောင့်လေးဟာ ဈေးကွက်ထဲမှာ အရောင်အသွေး စုံလိုက်တာကလည်း မပြောပါနဲ့တော့။ အနက်ရောင်၊အပြာရောင်တွေတောင်ရှိလေရဲ့။ ဘယ်လိုပဲအရောင်စုံစုံ မိန်းခလေးအများစုကတော့ သူတို့ရဲ့ ပန်းနုရောင်နှုတ်ခမ်းပွင့်ငုံကို ပြည့်စုံအောင်ချယ်သတဲ့အခါ အနီရောင်က နေရာယူနေဆဲပါပဲ။ အနီတောက်တောက် အရောင်ကတော့ ပိုခေတ်ဆန်ပြီး ပုရိသတွေကို အင်မတန် ဆွဲဆောင်နိုင်တယ်လို့ဆိုပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့က အမျိုးသားတွေ သဘောကျ နှစ်သက်လာအောင်ဆွဲဆောင်ရတာပဲမဟုတ်လား။ ဒီနေ့ခေတ်ကြီးမှာ ဒီလို ဆွဲဆောင်မှုရှိဖို့ နှစ်ဒေါ်လာလောက်ကနေ ဒေါ်လာထောင်ဂဏန်းပေးတာနဲ့ နှုတ်ခမ်းနီ တံဆိပ်အမျိုးအမျိုး အရောင်အစုံအလင်ရတတ်ကြတယ်လေ။ ဒါပေမယ့် ကမ္ဘာပေါ်က ဈေးအကြီးဆုံးနှုတ်ခမ်းနီ တစ်တောင့်ကိုတော့ လူတိုင်းစိတ်ဝင်စားမယ်ထင်ပါတယ်။ ဒီနှုတ်ခမ်းနီရဲ့… Continue reading ကမ္ဘာ့ဈေးအကြီးဆုံး နှုတ်ခမ်းနီ

နွမ်းနယ်နေတဲ့ မျက်ဝန်းများကို ဘယ်လိုဖုံးကွယ်မလဲ

မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ဆိုကြတာကြောင့် မျက်လုံးတွေက နွမ်းနယ်နေရင် လူကိုပါ ညိုးနွမ်းစေတဲ့ အသွင်ပုံစံမျိုးဖြစ်စေပါတယ်။ ဒါကြောင့် နွမ်းနယ်နေတဲ့မျက်ဝန်းတွေကို ဖုံးကွယ်ပြီး လှပလန်းဆန်းတဲ့ ပုံစံကိုရစေဖို့ လွယ်ကူတဲ့နည်းလမ်း သုံးရပ်ကို ဖြေပြပေးလိုက်ပါတယ်ရှင့်။ ၁။ မျက်ဝန်းတစ်ဝိုက်မှာ ကွန်ဆဲလာ လိမ်းပါ မျက်ကွင်းတွေ ညိုနေရင်၊ အရောင်မှိန်နေရင် မျက်လုံးကို ဘာမှမခြယ်သရသေးခင်မှာ ကွန်ဆဲလာကို လိမ်းပေးပါ။ ဒီလိုလိမ်းတာကြောင့် မျက်ဝန်းတွေကို ပိုမိုတောက်ပလာစေတဲ့အပြင် မျက်ဝန်းကိုခြယ်သရာမှာ ပိုမိုအဆင်ပြေချောမွေ့စေပါတယ်။ ၂။ မျက်ဝန်းအပြင်အစပ်ကိုပဲ အိုင်းလိုင်နာဆိုးပါ ဒီလိုဆိုးပေးတာက မျက်ဝန်းကို ပိုကြီးလာသယောင်ထင်စေရပြီး မျက်ဝန်းတွေကို ပိုမိုတောက်ပလာစေပါတယ်။ ပြီးရင် မျက်ဝန်းအပြင်ထောင့်နေရာတွေကို အိုင်းလိုင်နာထိပ်နဲ့ ထိတွေ့ခြယ်သပေးပါ။ ၃။ အရောင်ခြယ်ကာ ဖုံးကွယ်ပါ မျက်ခွံပေါ်မှာ ပျားရည်ရောင် ဒါမှမဟုတ် မြေကြီးရောင်လို တောက်ပနေတဲ့ အိုင်းရှဲဒိုးကို ခြယ်သပေးတာက မျက်ဝန်းရဲ့… Continue reading နွမ်းနယ်နေတဲ့ မျက်ဝန်းများကို ဘယ်လိုဖုံးကွယ်မလဲ

သင့်အသားအရည်ကိုထိန်းသိမ်းပေးနိုင်တဲ့ အိပ်စက်မှုပုံစံ

ညဘက်မှာ အိပ်ရေးဝဝအိပ်တာက အသားအရေရဲ့ ကျန်းမာရေးကို အထောက်အကူုပြုကြောင်း သိပြီးသားဖြစ်မှာပါ။ အိပ်စက်တဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ အိပ်စက်ရင် အသားအရေကို ပိုအကျိုးပြုလဲဆိုတာ သိစေဖို့ ဒီအချက်တွေကို ရေးသားလိုက်ရပါတယ်။ ပိုးသားဖြင့် ပြုလုပ်ထားသော ခေါင်းအုံးစွပ်ကို သုံးပါ။ ပိုးသားနဲ့ ပြုလုပ်ထားတဲ့ ခေါင်းအုံးစွပ်က မျက်နှာ အရေပြားကို ချောမွေ့စေပြီး မျက်နှာမှာ အရေးကြောင်းတွေ ထင်တာနဲ့ တွန့်ရာ ထင်တာတွေကို သက်သာစေပါတယ်။ ခြေအိတ်၊ လက်အိတ်စွပ်ပြီး အိပ်ရာဝင်ပါ။ အမျိုးသမီး အများစုက အိပ်ရာမဝင်ခင်မှာ သူတို့လက်တွေနဲ့ ခြေထောက်တွေကို အစိုဓာတ်ထိန်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ အိပ်တဲ့အခါ စောင်ခြုံလိုက်တာထက် ပါးလွှာတဲ့ ချည်သားခြေအိတ်၊ လက်အိတ်တွေတွေကို စွပ်ပြီး အိပ်စက်အနားယူတာက အစိုဓာတ်ကို ပိုထိန်းထားနိုင်တယ်ဆိုတာ မေ့လျော့နေကြပါတယ်။ မှောက်မအိပ်ပါနဲ့ မှောက်အိပ်တာက အရေပြားအတွက်မသင့်တော်ပါဘူး။ ဒူးအောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး… Continue reading သင့်အသားအရည်ကိုထိန်းသိမ်းပေးနိုင်တဲ့ အိပ်စက်မှုပုံစံ