ဘီယာ သည် ကြွက်သားများကို ပိုမိုသန်မာစေရန် အားပေးကြောင်း တွေ့ရှိ

  ဘီယာချစ်သူများအတွက် သတင်းကောင်းပါ။ ဘီယာဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားများကို ပိုမိုသန်မာစေအောင် အားပေးလှုံ့ဆော်နိုင်ကြောင်း ဂျပန်နိုင်ငံ တိုကူရှီးမားတက္ကသိုလ်မှ သုတေသီတစ်ယောက်မှ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘီယာဟာ ကြွက်သားထုကို ပိုမိုသန်မာအောင် အားပေးနိုင်ပြီး ဘီယာသောက်သူနဲ့ မသောက်သူနဲ့ ကြွက်သားသန်စွမ်းမှု အားကို ယှဉ်ကြည့်တဲ့အခါမှာ ဘီယာသောက်သူက ကြွက်သားပိုမိုအားကောင်းတာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် 6 packs ကြွက်သားဖြစ်ချင်လို့ ဘီယာတွေ ထိုင်သောက်နေရင်တော့ အလကားဖြစ်ပါလိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဘီယာဟာ ကြွက်သားသန်စွမ်းမှုနဲ့ ကြီးထွားလာမှုကိုသာ အားပေးတာဖြစ်ပြီး ဒါကို အချိုးကျကျဖြစ်အောင် လေ့ကျင့်ခန်း လုပ်ဖို့တော့လိုပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ ဘီယာမှာပါဝင်တဲ့ အယ်ကိုဟော ဓာတ်ကြောင့် သင့်ကို အသက်တိုစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အားကစားသမားများအနေဖြင့် ဘီယာအဖြူကို မသောက်သုံးသင့်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဘီယာအဖြူ မဟုတ်သော… Continue reading ဘီယာ သည် ကြွက်သားများကို ပိုမိုသန်မာစေရန် အားပေးကြောင်း တွေ့ရှိ

အရေပြားယားယံတတ်သူတွေ အရက်၊ဘီယာ သောက်ခြင်းကို ရပ်တန့်ပစ်သင့်သလား

တစ်ကယ်လို့ သင် ဘားမှာထိုင်ပြီး သင့်သူငယ်ချင်းတွေနဲ့ ကော့တေး သောက်နေတဲ့အချိန်မှာ ယားယံမှု ကို ခံစားရပြီဆိုရင် ဒီအကြောင်းအရာကနေ သင်ဘာကို သောက်နေတာလဲ ဆိုတာ ပြောပြပါလိမ့်မယ်။ တစ်ချို့ ဝိုင်နဲ့ ဘီယာတွေမှာ ခန္ဓာကိုယ် အတွင်း ရှိ ဒြပ်ပေါင်းကို အန္တရာယ်ပေးတဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ အဲ့ဒါက သင့် ခန္ဓာကိုယ်ထဲ ကို ဝင်သွားပြီး ဆိုးရွားတဲ့ ဓါတ်မတည့် မှု ဖြစ်စေတဲ့ အလားအလာ အများကြီးရှိနေပါတယ်။ မတည့် တဲ့ အရာနှင့် ထိတွေ့လို့ ဖြစ်ပေါ် လာတဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ဒြပ်ပေါင်းဟာ အရက် စွဲလန်းသူတွေမှာ ပေါ်လာတတ်ပြီး အဲ့ ဒီဒြပ်ပေါင်းဟာ သင်လမ်းလျှောက်ရင်း ရှုရှိက်မိတဲ့ ပန်းဝတ်မှုန်တွေ ကြောင့်လည်း ထွက်ပေါ်လာတတ်ပါတယ်။ UK… Continue reading အရေပြားယားယံတတ်သူတွေ အရက်၊ဘီယာ သောက်ခြင်းကို ရပ်တန့်ပစ်သင့်သလား

အိမ်တွင်းဖြစ် ဘီယာလုပ်ငန်းကနေ ဘီလီယံနဲ့ချီပြီး တန်ဖိုးမြင့်တက်ခဲ့တဲ့ BrewDog

BrewDog ဆိုတာ ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး စကော့တလန် ဘီယာတစ်မျိုးဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကားအထိ ဈေးကွက်ချဲ့ထွင်နေပြီ ဖြစ်သလို သူ့ရဲ့ ရာဇဝင်နောက်ကြောင်းကို ကြည့်မယ်ဆိုရင် အံ့သြဖွယ်ရာ ဖြစ်ပါတယ်။ BrewDog ဘီယာလုပ်ငန်းကို  ၂၀၀၇ ခုနှစ်မှာ ဂျိန်းစ်ဝက်တ် နဲ့ မာတင် ဒစ်ကီ တို့ တည်ထောင်ခဲ့ပြီး ဆိုင်ခန်းမငှားနိုင်သေးလို့ ကားဂိုထောင်ထဲမှာ လုပ်ငန်းစတင်ခဲ့ပါတယ်။ မာတင်ဒစ်ကီ ရဲ့ အမေ ပိုင်ဆိုင်တဲ့ ကားဂိုဒေါင်ထဲမှာဘဲ ဘီယာချက်လုပ်ပြီး ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်းသောက်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ တာ ဖြစ်ပါတယ်။ မာတင် ဒစ်ကီ တို့ရဲ့ BrewDog ဘီယာကို လယ်သမားတွေက အမာခံ ပရိတ်သတ်အနေနဲ့ ဝယ်ယူသောက်သုံးတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျိန်းစ်ဝက်တ်နဲ့ မာတင် ဒစ်ကီ တို့ဟာ… Continue reading အိမ်တွင်းဖြစ် ဘီယာလုပ်ငန်းကနေ ဘီလီယံနဲ့ချီပြီး တန်ဖိုးမြင့်တက်ခဲ့တဲ့ BrewDog

Stone Brewing ရဲ့အိမ်သာမှ ဘီယာ သို့ ပရောဂျက် အောင်မြင်

Stone Brewing ကုမ္ပဏီမှ စမ်းသပ်ထုတ်လိုက်လိုက်တဲ့ ဘီယာဟာ အလွန်မှ အရသာရှိပြီး လူကြိုက်များခဲ့ကြောင်း ဘီယာပြိုင်ပွဲတွင် မှတ်ချက်ပြုခံရသည်။ Stone Brewing ဟာ ရေဆိုးစနစ်တွေကနေ ပြန်လည်သန့်စင်ပြီး ဘီယာချက်လုပ်မယ့် ပရောဂျက်ကို စမ်းသပ်ခဲ့တာ အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ ရေဆိုးကနေ ပြန်လည်ထုတ်လုပ်ထားတဲ့အတွက် ချောင်းရေ၊ မြောင်းရေ၊ အိမ်သာအညစ်အညေးရေ စတဲ့ အညစ်အကြေး ပေါင်းစုံပါဝင်မှာ ဖြစ်ပြီး Stone Brewing ရဲ့ အင်ဂျင်နီယာများက ပြန်လည်သန့်စင်တာ ဖြစ်ပါတယ်။ အဆိုပါ သန့်စင်လိုက်တဲ့ ရေကို သောက်ရေသန့်အဖြစ်သော်လည်းကောင်း၊ ဘီယာအဖြစ်သော် လည်းကောင်း ပြန်လည် ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အံ့အားသင့်စရာကောင်းတာကတော့ ရေဆိုးတွေကနေ သန့်စင်ပြီး ပြန်လည်ချက်လုပ်ထားတဲ့ Stone Brewing ရဲ့ ဘီယာဟာ အရသာကောင်းမွန်နေတာ ဖြစ်ပါတယ်။… Continue reading Stone Brewing ရဲ့အိမ်သာမှ ဘီယာ သို့ ပရောဂျက် အောင်မြင်

မိုးရွာတိုင်း ဘီယာတစ်ပိုင့် အခမဲ့ သောက်ခွင့်ရမယ့် အင်္ဂလန်ကဘီယာဆိုင်

နောက်နေတာတော့မဟုတ်ပါဘူး။ ဒါ အမှန်တစ်ကယ်ပါ။ မိုးရွာတိုင်း လူမျိုးမရွေး ဘာသာမရွေးလူတိုင်း London Pride မှာ ဘီယာတစ်ပိုင့်ကို အခမဲ့သောက်နိုင်မှာပါ။ ခက်တာက ဒီအစီအစဉ်က မြန်မာပြည်မှာမဟုတ်ဘဲ အင်္ဂလန်မှာ ဖြစ်နေတာဖြစ်ပါတယ်။ London Pride လို့အမည်ရတဲ့ ဘီယာဆိုင်ကတော့ သူ့ရဲ့ Twitter followers တွေကို မိုးရွာတိုင်း ဘီယာ တစ်ပိုင့် အခမဲ့သောက်နိုင်မယ့် အစီအစဉ်ကို စခဲ့ပါတယ်။ အဆိုပါအစီအစဉ်ကို အင်္ဂလန်နိုင်ငံရဲ့ နာမည်ကြီး မိုးလေဝသ ပညာရှင် မိုက်ကယ် ဖစ်ရှ် နဲ့ ကြေငြာခဲ့ပြီး ဘီယာချစ်သူများအတွက်တော့ စိတ်ဝင်စားဖွယ်ရာ ကိစ္စဖြစ်သွားပါတယ်။ မိုးရွာတဲ့ အကြိမ်တိုင်းမှာ အခမဲ့ဘီယာတစ်ပိုင့် ရရှိမှာ ဖြစ်ပြီး အကယ်၍ တစ်နေ့မှာ မိုး ၃ကြိမ်ရွာရင် ဘီယာ ၃ပိုင့်အခမဲ့သောက်နိုင်မှာ ဖြစ်ပါတယ်။

ယမကာတစ်ခွက်ကို ပညာသားပါပါ ဘယ်လိုသောက်မလဲ

အရက်၊ဘီယာ တွေသောက်ရင် မူးတယ်ဆိုတာ လူတိုင်းသိကြပေမယ့် မတူညီတဲ့အရက်တစ်ခုခြင်းဆီမှာ မတူညီတဲ့တုံ့ပြန် မှုတွေနဲ့ သင့်ကို ခရီးရောက်စေတာဖြစ်ပါတယ်။ ဒီနေရာမှာ စာရေးသူကတော့ မူးတယ်လို့ မခေါ်လိုပါဘူး။ ခရီးရောက် တယ်လို့ဘဲ သုံးနှုန်းတာပိုသင့်တော်မယ်လို့ ထင်ပါတယ်။ အယ်လ်ကိုဟော ရာခိုင်နှုန်းပါဝင်မှုအချိုးအစားနဲ့ ထုတ်လုပ်တဲ့ ကုန်ကြမ်းအပေါ်မူတည်ပြီး အရက်အမျိုးအစားကွဲပြားခြားနားသွားသလို ဘီယာဆိုလည်း ထို့နည်းတူစွာပါဘဲ။ ဒါပေမယ့် အရက် ဘီယာသောက်တယ်ဆိုတာ ပညာသားပါပါ သုံးဆောင်တတ်ဖို့လိုပါတယ်။ အရက်တစ်ခွက်ရဲ့ စည်းစိမ်ကို ပညာသား ပါပါ သောက်တတ်မှ ရမှာပါ။ ပိုက်ဆံတတ်နိုင်တိုင်း ပုလင်းထဲမှာရှိသမျှ အရက်အားလုံး သင့်တစ်ယောက်ထဲ တစ်ချိန်ထဲ တစ်ထိုင်ထဲ သောက်နိုင်တယ်လို့ ကြွေးကြော်နေရင်တော့ သင်ဟာ ယမကာရဲ့ စည်းစိမ်အပြည့်ကို ခံစားထိုက်တဲ့ သူမဟုတ်သေးပါဘူး။ ၁။ ဘီယာသောက်ပြီးမှ အရက်သောက်သင့်သလား၊ ဒါမှမဟုတ် ရောသောက်သင့်လား။ ဒါကတော့ ရူးမိုက်မှုတစ်ခုပါဘဲ။… Continue reading ယမကာတစ်ခွက်ကို ပညာသားပါပါ ဘယ်လိုသောက်မလဲ