Beijing ရှိ နဂါးခေါင်းပုံ မိုးမျှော်တိုက်ကို နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ထားပြီး ဒေါ်လာ ၇၃၄ သန်းဖြင့် လေလံတင် ရောင်းချ

တရုတ်နိုင်ငံ မြို့တော် Beijing တွင် အိုလံပစ်အားကစားပွဲကြီး ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ပြီး လက်ရှိမှာ Pangu Plaza အဖြစ်ဖွင့်လှစ်ထားသော ၃၉ထပ်ရှိ မိုးမျှော်တိုက်ကြီးကို Online ပေါ်တွင် လေလံတင် ရောင်းချခဲ့ရာတွင်နှစ်ဖက်ညှိုနှိုင်းသဘောတူညီချက်ထားကာ ဒေါ်လာ ၇၃၄သန်းဖြင့် Beijing ရှိ အိမ်ခြံမြေအရောင်း အဝယ် ကုမ္ပဏီကြီး ဖြစ်တဲ့ Yucheng Zhiye က လေလံအောင်ခဲ့ပါတယ်။ Beijing ၏အထင်ကရ Bird’s Nest အားကစားကွင်းနဲ့ မိုက်ဝက်လောက်အကွာမှာ တည်ရှိတဲ့ ၆၂၉ ပေအမြင့်ရှိတဲ့ နဂါးခေါင်းပုံ မိုးမျှော်တိုက်ကြီးရဲ့ ပိုင်ရှင်ကတော့ တရုတ်နိုင်ငံတရားရုံးက လိမ်လည်မှု၊ လာဘ်ပေးလာဘ်ယူမှု တို့ဖြင့် တရားစွဲဆိုခြင်းခံထားရပြီး ၂၀၁၄ ခုနှစ်ကတည်းက အမေရိကန်တွင်တိမ်းရှောင်နေတဲ့ ဝရမ်းပြေးဘီလယံနာသူဌေးကြီး Guo Wengui ပဲဖြစ်ပါတယ်။… Continue reading Beijing ရှိ နဂါးခေါင်းပုံ မိုးမျှော်တိုက်ကို နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ထားပြီး ဒေါ်လာ ၇၃၄ သန်းဖြင့် လေလံတင် ရောင်းချ