Body Language နဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်မယ့် နည်းလမ်းများ

စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ မိသားစုအချင်းချင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေကြားထဲမှာပဲဖြစ်ဖြစ် အချင်းချင်းယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ ယုံကြည်မှုကိုတည်ဆောက်တဲ့အခါမှာ စကားနဲ့ပဲဖြစ်ဖြစ်၊ အပြုအမူနဲ့ပဲဖြစ်ဖြစ်၊ အလုပ်နဲ့ပဲဖြစ်ဖြစ် သက်သေပြနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အဲ့ဒီနည်းလမ်းတွေထဲက body language နဲ့ ယုံကြည်ချက်ကိုတည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ပထမဆုံး အရေးကြီးတဲ့ body language ကတော့ မျက်လုံးပါ။ မျက်လုံးက သင့်ရဲ့ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိမှုကိုဖေါ်ပြနေတဲ့ မှန်တစ်ချပ်ပါ။ အခြားသူတွေနဲ့ စကားပြောတဲ့အခါမှာ eye contact ရှိတာက ယုံကြည်ချက်ကို တည်ဆောက်ဖို့ ပထမဆုံးအရေးကြီးတဲ့အချက်ပါ။ တစ်ခြားသူတစ်ယောက်က သင့်ကိုစကားလာပြောတဲ့အခါ၊ သူ့ရဲ့အကြံဉာဏ်တွေကို လာပြီးမျှဝေတဲ့အခါမှာ သင့်အနေနဲ့ သူပြောတဲ့စကားကို အလေးထားတာကိုပြတဲ့အနေနဲ့ ခေါင်းညိမ့်ပြပေးလိုက်ပါ။ ပြုံးပြပေးလိုက်ပါ။ သင်နဲ့သူကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ လွယ်ကူစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။ တစ်ခြားသူတွေနဲ့စကားပြောတဲ့အခါမှာ ခြေထောက်တွေ၊ လက်တွေကိုချိတ်ပြီး မထိုင်ပါနဲ့။ သင့်ကိုယ်နေဟန်ထားကို ပွင့်လင်းတဲ့ပုံစံထားပါ။ သင့်နဲ့စကားပြောနေတဲ့သူနဲ့… Continue reading Body Language နဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်မယ့် နည်းလမ်းများ