သင့်ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့ နွားနို့

နွားနို့မှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ တကယ်တော့ လူသားတွေဟာ မွေးတည်းက မိခင်နို့ကို သောက်စို့ပြီးကြီးပြင်လာကြတာပါ။ အရွယ်ရောက်တဲ့အခါမှာလည်း နွားနို့ကို သောက်ပေးသင့်ပါတယ်။ နွားနို့ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကယ်လ်စီယမ် နွားနို့မှာ အရိုးတွေ သန်မာအောင် တည်ဆောက်ဖို့နဲ့ ထိန်းသိမ်ဖို့အတွက် လိုအပ်တဲ့ ကယ်လ်စီယမ် အများအပြား ပါဝင်ပါတယ်။ ကယ်လ်စီယမ်ဟာ အာရုံကြောစနစ်၊ ကြွက်သားကျုံ့ခြင်းနဲ့ သွေးခဲခြင်းဖြစ်စဉ်တွေ မှန်ကန်ဖို့ရာအတွက် လိုအပ်လှပါတယ်။ ဖော့စ်ဖိုရပ် ဒီအရေးကြီးတဲ့ သတ္တုဓာတ်ကတော့ အရိုကို ထိန်းသိမ်းပေးတဲ့အပြင် စွမ်းအင်ကိုလည်း ရရှိစေပါတယ်။ ပိုတက်ဆီယမ် နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ ကြွက်သားလုပ်ဆောင်မှုတွေ မှန်ကန်ဖို့အတွက် ပိုတက်စီယမ်ကို လိုအပ်ပါတယ်။ ဆိုဒီယမ် အာရုံကြောစနစ်အတွက်လိုအပ်ပါတယ်။ ဆိုဒီယမ်ဟာ ကယ်လ်စီယံနဲ့ ပိုတက်ဆီယမ်လိုမျိုးပဲ တခြားဓာတ်တွေ သွေးထဲမှာ ပျော်ဝင်မှုကို ထိန်းညှိပေးပြီး အက်ဒရီနယ်ဂလင်းကို လှုံ့ဆော်ပေးပါတယ်။… Continue reading သင့်ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့ နွားနို့

အပျိုဖော်ဝင်ချိန်နှင့် လူပျိုဖော်ဝင်ချိန် ဘာကြောင့်စောလဲ

ပုံမှန်ထက်စောပြီး အပျိုဖော်ဝင်ချိန်နဲ့ လူပျိုဖော်ဝင်ချိန်ရောက်လာရင် မိန်းကလေးတွေမှာ ရင်သားဖွံ့ဖြိုးခြင်းနဲ့ ရာသီသွေးဆင်းခြင်း၊  ယောက်ျားလေးတွေမှာ ဝှေးစေ့ဖွံ့ဖြိုးခြင်း၊ ချိုင်းမွှေးထွက်လာခြင်း၊ ခန္ဓာကိုယ်ကြီးထွားနှုန်းမှန်ကန်ခြင်းစတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ အသက်ရှစ်နှစ်မတိုင်ခင်မှာ အပျိုဖော်ဝင်ရင် အပျိုဖော်ဝင်ချိန်စောတယ်လို့ခေါ်ပြီး အသက်ကိုးနှစ်မတိုင်ခင်မှာ လူပျိုဖော်ဝင်ရင် လူပျိုဖော်ဝင်ချိန်စောတယ်လို့ ခေါ်ပါတယ်။ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်စောရတဲ့ အကြောင်းရင်းတွေအများကြီးရှိပါတယ်။ အဝလွန်ခြင်း ခန္ဓာကိုယ်က ပုံမှန်ရှိသင့်တာထက် အလေးချိန်ပိုများလွန်းနေရင် ပုံမှန်ထက်စောပြီး အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်ကို ရောက်နိုင်ပါတယ်။ အိမ်တွင်းရေးမသာယာခြင်း စိတ်ဖိစီးစရာကောင်းတဲ့ မိသားစုအသိုင်းအဝိုင်းတွေကြားမှာ နေရတဲ့ သမီးမိန်းကလေးတွေက စောစောစီးစီးအပျိုဖော်ဝင်တတ်ပါတယ်။ လေ့လာမှုတွေအရ လူမျိုးမတူညီကွဲပြားမှုဟာလည်း ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေရဲ့ စောစောအရွယ်ရောက်မှုအပေါ် သက်ရောက်မှုရှိနေပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမမှန်ခြင်းဖြစ်မှုများ စောစောအပျိုဖော်၊ လူပျိုဖော်ဝင်ရတာက အင်ဒရီဂလင်း ဒါမှမဟုတ် မိန်းကလေးတွေမှာ မမျိုးဥ၊ ယောက်ျားလေးတွေမှာ ဝှေးစေ့ ပုံမမှန်ဖြစ်ရခြင်းတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် အပျိုဖော်၊… Continue reading အပျိုဖော်ဝင်ချိန်နှင့် လူပျိုဖော်ဝင်ချိန် ဘာကြောင့်စောလဲ

သင်မသိသေးတဲ့ ကြွက်သားများ ကျန်းမာသန်စွမ်းစေမယ့် လျှို့ဝှက်ချက်

လေးလွန်းတဲ့ အလေးတုံးတွေကို မပြီး ကြွက်သားသန်စွမ်းအောင် မလုပ်နိုင်ဘူးဆိုရင်ပူပန်နေဖို့ မလိုတော့ပါဘူး။ သေးငယ်တဲ့ အလေးပြားတွေကို မပြီး ကြွက်သား ထုထည်ကို အားကောင်းအောင် တည်ဆောက်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။ ကြွက်သားတွေ တည်ဆောက်ရာမှာ ပေါ့ပါးတဲ့ အလေးတုံးကို သုံးပြီး မ တာ၊ တစ်လီတာဝင်ရေသန့်ဘူးကို မ တာ စတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပေးရုံနဲ့တင် ကြွက်သားတွေကို သန်စွမ်းကျန်းမာစေပါတယ်။ “လေးလံလွန်းတဲ့ အတုံးတွေကို မဖို့မဖြစ်နိုင်ရင် ပေါ့ပါးတဲ့ အလေးတုံးတွေကို နောက်ထပ် မ မနိုင်တော့တဲ့အထိ ၊ ကြွက်သားတွေ ညောင်းညာတဲ့အထိ ထပ်ခါထပ်ခါ သယ်,မပေးမယ်ဆိုရင် ကြွက်သားတွေကို သန်စွမ်းစေတယ်လို့” လေ့လာသူတစ်ဦး ဖြစ်တဲ့ Stuart Phillips က ဆိုပါတယ်။ ကြွက်သားတွေ ကြီးထွား သန်မာစေတယ်ဆိုတာက ကြွက်သားအသစ်တွေ… Continue reading သင်မသိသေးတဲ့ ကြွက်သားများ ကျန်းမာသန်စွမ်းစေမယ့် လျှို့ဝှက်ချက်