အရိုးအဆစ်ယောင်ရမ်းခြင်းမဖြစ်စေရန် ဒေါက်မြင့် ဖိနပ်ကို ရှောင်သင့်

အရိုးအဆစ်ယောင်ရမ်းနာ မဖြစ်စေဖို့အတွက် ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်ကတော့ ဒေါက်မြင့်ဖိနပ်တော့ မစီးပါနဲ့တဲ့။ ဟားဘတ်တက္ကသိုလ် လေ့လာသူတွေရဲ့အဆိုအရ ဒေါက်မြင့်ဖိနပ်စီးတဲ့ အမျိုးသမီးတွေက မစီးသူ အမျိုးသမီးတွေထက် အရိုးအဆစ်ရောင်ရမ်းနာ ခံစားရနိုင်ခြေ ၂ဆ မြင့်မားတယ်လို့ ဆိုပါတယ်။ လေ့လာမှုမှာ ကျန်းမာရေးကောင်းတဲ့ အမျိုးသမီး၂ဝဦးပါဝင်ခဲ့ပြီး သူတို့ကို ဒေါက်မြင့်ဖိနပ်နဲ့ ဖိနပ်ပါးတွေကို စီးခိုင်းစေခဲ့ပါတယ်။ ဒေါက်မြင့်ဖိနပ်နဲ့ လမ်းလျှောက်တာက ဒူးတွေပေါ်က အဓိကအဆစ် Patellofemoral Joint အပေါ်ဖိအားသက်ရောက်မှု တိုးစေပြီး ဒူးတွင်းအစိတ်အပိုင်းကို ဖိအား ၂၃ရာခိုင်နှုန်းတိုးစေတယ်လို့ ဆိုပါတယ်။ ဒီလို ဖိအားသက်ရောက်မှုကြောင့် အဆစ်ထိခိုက်မှုနှင့် ရိုးဆစ်ရောင်ရမ်းနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒေါက်ဖိနပ်ထက် တစ်ပြေးညီထူတဲ့ ခုံထူဖိနပ်မျိုးကို ရွေးချယ်စီးနိုင်ပါတယ်။ တစ်လက်မခွဲလောက်မြင့် ဒေါက်ဖိနပ်ဟာ ဒူးတွေကို တွန့်လိမ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ရိုးဆစ်ရောင်ရမ်းနာ ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ အဆစ်တိုင်း ထိခိုက်နိုင်ပေမဲ့… Continue reading အရိုးအဆစ်ယောင်ရမ်းခြင်းမဖြစ်စေရန် ဒေါက်မြင့် ဖိနပ်ကို ရှောင်သင့်