မန်နေဂျာများသည် ပိုမိုကြီးမားသော ဦးနှောက်ရှိကြောင်း တွေ့ရှိ

အလုပ်ထဲ၌ အခြားသူများကို ဦးဆောင်ညွှန်ကြားသော မန်နေဂျာများ၌ ဦးနှောက်ဖွဲ့စည်းမှုဆိုင်ရာ အပြောင်းလဲများ ဖြစ်ပေါ်ပြီး ယင်းမှာ သူ၏မှတ်ဉာဏ်နှင့် သင်ယူခြင်းတို့ကို အသက်ကြီးသည်အထိ ကောင်းမွန်စေရန် ကာကွယ်ရေးအတွက် ပြုပြင်ရေးများပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ သြစတျေးလျနိုင်ငံ နယူးဆောက်သ်ဝေးတက္ကသိုလ်မှ သုတေသနပညာရှင်များသည် ကမထမဆုံးအဖြစ် လူတစ်ယောက်၏ လုပ်ငန်းဆိုင်ရာ ဘဝတစ်လျောက် စီစဉ်ညွှန်ကြားမှုအတွေ့အကြုံနှင့် ဦးနှောက်ဖွဲ့စည်းပုံတို့ အကြား ဆက်နွယ်ချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သင်ယူခြင်း၊ မှတ်ဉာဏ်တို့နှင့် သက်ဆိုင်သော ဦးနှောက်၏ ဟစ်ပိုကမ်းပက်စ်ဟု ခေါ်သောနေရာသည် မန်နေဂျာများ၌ ပို၍ကြီးလာပြီး ပို၍ ရှုပ်ထွေးလာကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အဆိုပါသုတေသနကို ဒေါက်တာမိုက်ကယ်လ် ဗယ်လာဇွဲလားက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ မန်နေဂျာများသည် လူများကို စီစဉ်ညွှန်ကြားရန် လိုအပ်ရာ ပြဿနာများကို အဆက်မပြတ်ဖြေရှင်းရခြင်း၊ ရေတိုမှတ်ဉာဏ်ကို အသုံးပြုရခြင်း၊ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ပညာကို အသုံးပြုရခြင်းတို့ကြောင့်… Continue reading မန်နေဂျာများသည် ပိုမိုကြီးမားသော ဦးနှောက်ရှိကြောင်း တွေ့ရှိ

သင့်မှတ်ဉာဏ်ကို မြှင့်တင်ပေမည့် အရာများ

တစ်နေ့မှာ မိနစ်သုံးဆယ် လမ်းလျောက်ခြင်းလိုပဲ အောက်ပါနည်းလမ်းတွေကလည်း သင့်ဦးနှောက်ကို ကျန်းမာထက်မြက်စေပါတယ်။ အိန္ဒိယအစားအစာ စားသောက်ပါ သီတင်းပတ်တိုင်းမှာ နနွင်း၊ မုန်ညင်းနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေပါတဲ့ အစားအသောက်တွေကို အနည်းဆုံး ခြောက်ကြိမ်ခန့်စားပေးပါ။ နနွင်းထဲမှာ ပါတဲ့ Curcumin ဓာတ်ဟာ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးဆော့စ် စားပါ တစ်ပတ်မှာ ခရမ်းချဉ်သီးဆော့စ် ၁ဝဇွန်းကို သံလွင်ဆီနဲ့ သကြာမရောပဲ စားပေးတာဟာ ဦးနှောက် စွမ်းအားကို ကောင်းမွန်စေပါတယ်။ သူတစ်ပါးကို သင်ကြားပေးပါ ဘဝတစ်လျှောက်လုံး သင်ယူသူအဖြစ် နေထိုင်ရင်း သူတစ်ပါးကို ပညာပြန်လည်မျှဝေပေးပါ။ သင့်အနေနဲ့ တစ်ခြားတစ်ယောက်ကို ပညာမျှဝေပေးတာဟာ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို စုဆောင်းထိန်းသိမ်းနိုင်စွမ်း ပိုကောင်းတတ်ပါတယ်။ ကော်ဖီသောက်ပါ ခရင်မ်မပါ၊ သကြားမပါတဲ့ ကော်ဖီကို သောက်ပေးတာက အယ်လ်ဇိုင်းမာရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။ များမျာရယ်ပါ… Continue reading သင့်မှတ်ဉာဏ်ကို မြှင့်တင်ပေမည့် အရာများ