ဘရာဇီး အကျဉ်းထောင်အတွင်း ရန်ဖြစ်မှုကြောင့် ထောင်သား ၅၇ဦးသေဆုံး

ဘရာဇီးအနောက်ဘက် Amazonas ပြည်နယ်၊ Manaus မြို့ရှိ အကျဉ်းထောင်တွင် ထောင်သားများ ခိုက်ရန်ဖြစ်ပွားရာ ထောင်သား ၅၇ဦးအထိ သေဆုံးသွားခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရှိရပါတယ်။ Agencia Brasil သတင်းဌာနမှ တရားဝင် ထုတ် ပြန်ချက်အရ မေလ ၂၆ရက် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သောအရေးအခင်းကြောင့် ထောင်သား ၁၅ဦးသေဆုံးခဲ့ရပြီး မေလ ၂၇ရက် တ နင်္လာနေ့တွင်ဖြစ်ပွားခဲ့တဲ့ အရေးအခင်းကြောင့်ထောင်သား ၄၂ဦး သေဆုံးခဲ့ရသဖြင့် (၂)ရက်အတွင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထောင် သား စုစုပေါင်း (၅၇)ဦး သေဆုံးသွားခဲ့ရပြီးဖြစ်ပါတယ်။ သေဆုံးသွားခဲ့တဲ့ ထောင်သားအများစုဟာ လည်ပင်းကိုညှစ်ခံရပြီး အသက်ရှူကြပ်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တရား မျှတရေးနှင့် ပြည်သူများလုံခြုံရေးဝန်ကြီးက အခင်းဖြစ်ပွားနေကြောင်းကို ထောင်အတွင်းဝန်က အကြောင်းကြားသည်နှင့် ထိန်းသိမ် ဖို့ ရန်အတွက် တာဝန်ရှိရဲတပ်ဖွဲ့ကို ချက်ခြင်းစေလွှတ်ပေးခဲ့တယ်လို့… Continue reading ဘရာဇီး အကျဉ်းထောင်အတွင်း ရန်ဖြစ်မှုကြောင့် ထောင်သား ၅၇ဦးသေဆုံး